ပြည်လမ်းနှင့် ဗားကရာလမ်းထောင့် မြေနီကုန်း ခုံးကျော်တံတားအောက်ရှိ ယာဉ်ထိန်းကင်းရုံအား PDF အမည်ခံအကြမ်းဖက်သမားများက လက်ပစ်ဗုံးများဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦးသေဆုံး၊ အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးလေးဦး ထိခိုက်ဒဏ်ရာရ

 

နေပြည်တော်    ဇူလိုင်    ၁၃


နိုင်ငံရေးအစွန်းရောက်  အကြမ်းဖက်အဖွဲ့များအနေဖြင့်  နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ် သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့ရွာများအတွင်းသို့ လက်နက် ကြီး၊   လက်နက်ငယ်များဖြင့်    ပစ်ခတ်တိုက်ခိုက်ခြင်း၊     ပြည်သူပိုင် အဆောက်အဦများ၊ လမ်းတံတားများအား ဗုံးခွဲတိုက်ခိုက်ခြင်း၊  စာသင် ကျောင်းများ၊  ရပ်ကွက်၊  ကျေးရွာများအား  မီးရှို့ဖျက်ဆီးခြင်း၊ ဘုရား ကျောင်းကန်၊  စေတီပုထိုးများနှင့်  ပြည်သူလူထုအား  အကာအကွယ် ယူ၍  လုံခြုံရေးတပ်ဖွဲ့ဝင်များအား   တိုက်ခိုက်ခြင်း၊  အပြစ်မဲ့ပြည်သူ များအား   ခြိမ်းခြောက်ခြင်းနှင့်   ရက်စက်စွာ   ဖမ်းဆီးသတ်ဖြတ်ခြင်း အပါအဝင်  လူစည်ကားသည့်နေရာများတွင်  ဆင်ခြင်မဲ့စွာ  ဗုံးခွဲခြင်း စသည့်  အကြမ်းဖက်လုပ်ရပ်များ ကို ကျူးလွန်လျက်ရှိသည်။ 

 


ရန်ကုန်တိုင်း    ဒေသကြီး စမ်းချောင်းမြို့နယ်   မြေနီကုန်း မြောက်ရပ်ကွက်  ပြည်လမ်းနှင့် ဗားကရာလမ်းထောင့် မြေနီကုန်း ခုံးကျော်တံတားအောက်ရှိ ယာဉ် ထိန်း ကင်းရုံအနီး၌ ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားကြောင်း  သိရှိ ရသည်။

 


ဖြစ်စဉ်မှာ  ဇူလိုင်  ၁၂  ရက် ညနေ ၃ နာရီခန့်တွင်  လုံခြုံရေး တပ်ဖွဲ့ဝင်များက   ပြည်လမ်းနှင့် ဗားကရာလမ်းထောင့် မြေနီကုန်း မီးပွိုင့်ရှိ လုံခြုံရေးကင်း၌ လုံခြုံရေး လုပ်ငန်းများ  ဆောင်ရွက်နေစဉ် အကြမ်းဖက်သမားများက 5 Star CP     ကြက်ကြော်ဆိုင်အနီးမှ လက်ပစ်ဗုံး သုံးလုံးဖြင့် ရမ်းသမ်း ပစ်ပေါက်၍   ပြည်လမ်းအတိုင်း မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့ ကြောင်း သိရှိရသည်။

 


အဆိုပါ   အကြမ်းဖက်သမား များ၏ လက်ပစ်ဗုံးဖြင့်  ပစ်ခတ်မှု ကြောင့်    မအေးပြည့်ပြည့်ဇော် (ခ)  ပပဝင်း  (ဘ) ဦးဝင်းစိန်မှာ  ၎င်းနေရာတွင်    သေဆုံးခဲ့ပြီး မောင်ဝေဖြိုးမောင် (ဘ)  ဦးဝင်းနိုင်၊ မောင်ထက်အောင်လင်း(ဘ)ဦးမျိုး မင်းသော်၊ မောင်ထက်မြတ်အောင် (ဘ)   ဦးတင်လှ၊  မောင်စည်သူစိုး (ဘ)  ဦးမောင်မြင့်၊ ဒေါ်ပပ(ဘ)ဦးမြင့်ဆွေ၊  မစိုးစန္ဒာဝင်း  (ဘ)ဦးသန်းအောင်၊  မောင်ဝေယံဦး (ဘ)ဦးသန့်ဇော်၊  ဦးရဲလင်းအောင် (ဘ)  ဦးအောင်ဇော်ဦး၊ မဖြိုးမွန်ခိုင် (ဘ) ဦးအောင်ဇော်ဦးနှင့် မအိမွန် ခိုင်   (ဘ)  ဦးအောင်ဇော်ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

 


ဗုံးစထိမှန်  ဒဏ်ရာရရှိခဲ့သူ များကို   လုံခြုံရေးတပ်ဖွဲ့ဝင်များ က   လိုအပ်သည့်    ကူညီမှုများ ဆောင်ရွက်ပေးပြီး    နယ်မြေခံ တပ်မတော်ဆေးရုံသို့    ပို့ဆောင် ဆေးကုသမှု     ခံယူစေလျက်ရှိ ကြောင်း သိရှိသည်။

 


ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဖြစ်စဉ်နေရာတစ်ဝိုက် ကို  စစ်ဆေးမှုများ  ဆောင်ရွက် စဉ် ညနေ ၄ နာရီခန့်တွင် လက် ပစ်ဗုံးတစ်လုံး     တွေ့ရှိရသဖြင့် အများပြည်သူများ ထိခိုက်မှုမရှိစေ ရေးအတွက် သက်မဲ့ပြုလုပ်နိုင်ခဲ့ ကြောင်း သိရှိရသည်။

 


ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများ အား  ထိခိုက်ဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက် သမားများအား အမြန်ဆုံးဖမ်းဆီး ရမိရေး  လုံခြုံရေးတပ်ဖွဲ့ဝင်များက  ပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်