
နေပြည်တော် ဇူလိုင် ၁၃
သုတဝေဖြာသီရိဂေဟာ မိသားစု ပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်(၇၄)ကို ဇူလိုင် ၁၅ ရက်တွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက် ထုတ်လွှင့် မည်ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာမျှဝေမှု အစီအစဉ်ကို အစီအစဉ် တင်ဆက်သူ ကျော်ကျော်နှင့် ခိုင်သဇင်ဦးတို့က တင်ဆက်ကြမည်ဖြစ်ပြီး လူရွှင် တော်အသင်းမှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်း ပြိုင်ပွဲများကို ဇူလိုင် ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD မှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်