
မုံရွာ ဇူလှိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိ သူများသည် ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့ စစ်ကိုင်း တောင်ရိုး ဆွမ်းဦးပုညရှင် စေတီ တော်မြတ်ကြီး (၃၇)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲ အောင်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် စစ်ကိုင်းမြို့ ခေမာသီဝံကျောင်းတိုက် နိုင်ငံ တော်သြဝါဒါစရိယ အဂ္ဂမဟာ သဒ္ဓမ္မဇာတိကဓဇ၊ ဘဒ္ဒန္တပညာ သီရိ ဆရာတော် ကြီးထံတော်မှ ရှစ်ပါးသီလခံယူ ဆောက်တည်ကြ ပြီး စစ်ကိုင်းမြို့ ဇေယျာညွှန့် ကျောင်း ဘဒ္ဒန္တသုမန ဆရာတော် က အသံမစဲမဟာပဋ္ဌာန်းပွဲ အောင်မြင်ကြောင်း အောင်သြဘာ ပတ္ထနာအား ရွတ်ဖတ်ပူဇော်ကာ ဆွမ်းဦးပုညရှင် စေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက ကျေးဇူးတင် ဝမ်းမြောက်ကြာင်း လျှောက်ထားသည်။
ထို့နာက် စစ်ကိုင်းမြို့ ဆွမ်းဦး ပုညရှင်စေတီတော် သြဝါဒါစရိယ ရတနာဓူဝံကျောင်းတိုက် တိုင်း သံဃနာယက ဥက္ကဋ္ဌ(ရွှေကျင်) အဂ္ဂမဟာဂန္ထဝါစက ဘဒ္ဒန္တ ဇောတိက ဆရာတော်ကြီးထံ မှ အနုမောဒနာ တရားနာယူ ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေသည်။
ဆက်လက်၍ စစ်ကိုင်း တောင်ရိုးရှိ ကျောင်းတိုက် အသီးသီးတို့မှ ပင့်သံဃာ ဆရာတော်ကြီးများနှင့် သံဃာ တော် ၉၇ ပါး၊ သီလရှင် ၉၇ ပါးတို့ အား တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များက ဆွမ်းဆန်စိမ်း များနှင့် ဝတ္ထုငွေများ လောင်းလှူ ကြပြီး ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်းများ ဆက်ကပ် ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် စစ်ကိုင်းတောင်ရိုး ပတ္တမြား စေတီတော် အတက်လမ်း အရှည် ပေ ၄၅၀၀ ၊ အကျယ် ၁၄ ပေ၊ ၆ လက်မထု ကွန်ကရစ်လမ်း ခင်းကျင်းနေမှုကို ကြည့်ရှု စစ်ဆေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၁၀၀ နှင့် ဘိလပ်မြေအိတ် ၃၅၀၀ အား ကူညီပံ့ပိုးပေးအပ်ကာ ဘုရားဖူးပြည်သူများ စိတ်အေး ချမ်းသာစွာ လာရောက်ဖူးမြော် နိုင်ရေး စေတီတော်ကြီး ပတ်ဝန်း ကျင် သန့်ရှင်းသပ်ရပ်ရေးတို့နှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် စစ်ကိုင်းမြို့ရှိ ငါးထပ်ကြီး စေတီတော်ကြီးတွင် ပြုလုပ် သည့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေ ဝင်ရောက်မှု ကြောင့် ပြောင်းရွှေ့အိမ်ထောင်စု များအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ထောက်ပံ့ငွေ၊ အသုံးအဆောင် ပစ္စည်းများနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)