B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတားလုပ်ငန်းများ မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေးကြည့်ရှု၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်

 

နေပြည်တော်  ဇူလိုင်  ၁၀


ဆောက်လုပ်ရေး    ဝန်ကြီးဌာန ဒုတိယဝန်ကြီး        ဦးဝင်းဖေ သည်   တာဝန်ရှိသူများနှင့်အတူ    ယမန်နေ့     နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး လမ်းဦးစီး ဌာန  ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး ဧည့်ရိပ်သာ၌   B.O.T  စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတား  လုပ်ငန်းများဆောင်ရွက် နေမှုတို့ကို   တာဝန်ရှိသူများက လမ်းအလိုက် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက B.O.T ကုမ္ပဏီ များ၏   တင်ပြချက်များအပေါ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ အနေဖြင့်    မြေပြင်အခြေအနေ ကွင်းဆင်း    စစ်ဆေးကြည့်ရှုပြီး လုပ်ငန်းပြီးစီးမှုများနှင့်  အမှန် တကယ်   ကိုက်ညီမှု   ရှိ/မရှိ မှတ်တမ်းထားရှိ  ဆောင်ရွက်ရန် လိုကြောင်း B.O.T ကုမ္ပဏီများ အနေဖြင့်         လျာထားစီမံချက် လုပ်ငန်းများကို  သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားသည်။

 


ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မန္တလေး-မိုးကုတ် လမ်း   မိုင်(၁၀/၀) မှ  (၁၃/၀) အတွင်း အမာခံလမ်းလုပ်ငန်းနှင့် ထပ်ပိုးကတ္တရာလမ်း ဆောင်ရွက် နေမှုတို့ကို      ကြည့်ရှုစစ်ဆေး ပြီး    လိုအပ်သည်များ   မှာကြားသည်။

 


ဆက်လက်၍    ပုသိမ်ကြီး မြို့နယ် ရှင်တော်ကုန်းကျေးရွာ အုပ်စု    ရေကြည်မြောက်ကွင်း ကွင်းအမှတ်  (၅၀၆)   တွင် ဆောင်ရွက်လျက်ရှိသည့် မင်္ဂလာ ရန်ကင်း   ပြည်သူ့အငှားအိမ်ရာ စီမံကိန်းနေရာသို့  သွားရောက် ပြီး စီမံကိန်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက   လုပ်ငန်း ဆောင်ရွက်မှုကို  ရှင်းလင်းတင်ပြ ရာ ဒုတိယဝန်ကြီးက ဆောင်ရွက် ရန်ကျန်  အဆောက်အအုံ ၁၅လုံး ကို   သတ်မှတ်ကာလအတွင်း စီမံချက်အတိုင်း         ပြီးစီးရန် လိုကြောင်း၊  ရေသိုလှောင်မှု၊   ရေ လိုအပ်ချက်၊ ရေပေးဝေမှုစနစ်များ ဟန်ချက်ညီ ပြီးစီးရေး ဆောင်ရွက် ရန်လိုကြောင်း၊         သွားလာမှု အဆင်ပြေစေရေး ယာဉ်လိုင်းများ ဝင်/ထွက်    ရပ်နားသွားလာမှု အတွက်   ကြိုတင်စီမံထားရှိရန် လိုအပ်ကြောင်း မှာကြားသည်။ ထို့နောက် ဆောက်လုပ်ပြီးတိုက်ခန်းနေရာများသို့    လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 


မွန်းလွဲပိုင်းတွင်    ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည်   ချမ်းအေး သာစံမြို့နယ် ၆၆ လမ်းနှင့် ၂၇ ၊ ၂၈ လမ်းကြားတွင်  ဆောင်ရွက်နေ သည့်  ခုတင် ၅၅၀ ဆံ့  ကလေး အထူးကုဆေးရုံကြီး          ရှစ်ထပ် အဆောက်အအုံ         တိုးချဲ့လူနာ ဆောင်    ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့         ရောက်ရှိရာ လုပ်ငန်းခွင်  အန္တရာယ်ကင်းရှင်း ရေး၊    သတ်မှတ်ချိန်ပြီးစီးရေး၊ လက်ရာသေသပ်ကောင်းမွန်ရေး တို့အား  အလေးထားဆောင်ရွက် ရန်  မှာကြားပြီး ခုတင်  ၅၅၀ ဆံ့ ကလေးအထူးကုဆေးရုံကြီး   ရှစ်ထပ် အဆောက်အအုံတိုးချဲ့ လူနာ ဆောင်အထပ်များသို့  လှည့်လည် ကြည့်ရှုစစ်ဆေးကြောင်း    သိရသည်။ 


သတင်းစဉ်