၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသားကျောင်းသူများ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံ လေ့လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ

 

နေပြည်တော်  ဇူလိုင်  ၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ချက်အရ   ဇူလိုင်  ၄ ရက်မှ  ၈ ရက်အထိ  ထိုင်းနိုင်ငံနှင့်         စင်ကာပူနိုင်ငံသို့  လေ့လာရေးခရီး    သွားရောက်ခဲ့သည့်  ၂၀၂၂  ခုနှစ်   တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား  ကျောင်းသူအဖွဲ့ သည် ယမန်နေ့ ည ၁၀ နာရီတွင် ရန်ကုန် မြို့သို့   ပြန်လည်ရောက်ရှိရာ ပညာရေးဝန်ကြီးဌာန      တာဝန်ရှိသူများ နှင့်    ကျောင်းသားမိဘများက    ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နွေးထွေးစွာ  ကြိုဆိုခဲ့ကြပြီး ယနေ့တွင် ထူးချွန် ကျောင်းသား      ကျောင်းသူများကို  မိဘရပ်ထံ           ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

 


ထူးချွန်ကျောင်းသား ကျောင်းသူများကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်    ရှင်သန်ထက်မြက်စေရေး၊  ပြည်တွင်းပြည်ပနိုင်ငံ   အတွေ့ အကြုံကောင်းများ   ရရှိစေရေးတို့အတွက်   ဇွန်    ၂၇   ရက်မှ ဇူလိုင်  ၁  ရက်အထိ     နေပြည်တော် ကောင်စီနယ်မြေတွင်     လည်းကောင်း၊ ဇူလိုင် ၄ ရက် မှ ၆ ရက် အထိ    ထိုင်းနိုင်ငံတွင်   လည်းကောင်း၊ ဇူလိုင် ၆ ရက်မှ ၈     ရက် အထိ   စင်ကာပူနိုင်ငံတွင်    လည်းကောင်း  လေ့လာရေးခရီးစဉ်များ    စီစဉ်    ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်