ကချင်ပြည်နယ် နောင်မွန်မြို့နယ် ကဆန်ချောင်းကိုဖြတ်၍ တည်ဆောက်နေသော မကွေဇတံတား ရာနှုန်းပြည့်ပြီး

 

မြစ်ကြီးနား  ဇူလိုင်  ၃


ကချင်ပြည်နယ်       ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် တံတား အထူးအဖွဲ့(၁) တည်ဆောက်ရေးအဖွဲ့(၁)ကို မြစ်ကြီး နား၌   အခြေစိုက်ဖွဲ့စည်းထားရှိ၍   တံတားတည် ဆောက်ရေးလုပ်ငန်းများကို   ဆောင်ရွက်လျက်ရှိ သည်။ မကွေဇတံတားကို  ၂၀၁၉ ခုနှစ်    နိုဝင်ဘာ ၁၅ ရက်တွင်   စတင်တည်ဆောက်ခဲ့ရာ  ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ ဧပြီလမှစ၍ ဒေသ တွင်းမှ  ပြည်သူများအား အသုံးပြုခွင့်ပြုလိုက်ပြီဟု သိရသည်။

 


အဆိုပါ မကွေဇတံတားသည် ကချင်ပြည်နယ်  နောင်မွန်မြို့နယ် မကွေဇ-ခေါင်လန်ဖူးကားလမ်း မိုင်တိုင်အမှတ် ၀/၀ တွင် တည်ရှိသော ကဆန်ချောင်း ပေါ်၌ ဖြတ်သန်းတည်ဆောက်ခဲ့သော တံတားဖြစ်ပြီး အလျား ပေ ၅၉၀၊   မီတာအားဖြင့်  ၁၈၀  ရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေ cassion အုတ်မြစ်၊ သံကူကွန်ကရစ်   ရေလည်တိုင်နှင့်    ကမ်းကပ်ခုံ ကိုယ်ထည်၊ တံတားအပေါ်ထည် Steel Plate Girder R.C Girder G R.C.C Slab တံတားအမျိုးအစားဖြစ်ပြီး  တံတားခံနိုင်ဝန်မှာ    ယာဉ်တစ်စီးချင်း   တန် ၆၀ ဖြစ်သည်။

 


တံတားတည်ဆောက်ပြီးသည့်အတွက် ကချင် ပြည်နယ်အတွင်းရှိ   ဒေသခံပြည်သူများအနေဖြင့် အခြား  ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးသို့ ဆက်သွယ်သွားလာရာတွင် လွယ်ကူလာမည့်အပြင် နယ်စပ်ဒေသများနှင့် ဆက်သွယ်သွားလာ၍ ဒေသ တွင်း အချင်းချင်းကုန်စည်ပို့ဆောင်မှုများ မြန်ဆန် လာခြင်းနှင့် အချိန်တိုအတွင်း လုံခြုံစိတ်ချစွာ အသုံးပြု သွားလာနိုင်ခြင်းတို့ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ခင်မှု ပိုမိုရရှိလာပြီး   ဒေသတွင်းပြည်သူ များ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့်ကဏ္ဍအသီးသီးတို့     ဖွံ့ဖြိုးတိုးတက်လာမည့် အကျိုးကျေးဇူးများ ရရှိခံစားရနေကြပြီဖြစ်သည်။ 
 

ခရမ်းစိုးမြင့်