ဒလသင်္ဘောကျင်းသည် သမိုင်းရှိသည့် သင်္ဘောကျင်းတစ်ခုဖြစ်သည့်အတွက် သင်္ဘောကျင်းအတွက်လိုအပ်သည့် အင်ဂျင်နီယာများ ဖြည့်ဆည်းဆောင်ရွက်

 

သင်္ဘောများကို ခေတ်နှင့် လျော်ညီစွာ တည်ဆောက်နိုင်ရန်လို
 

နေပြည်တော်  ဇူလိုင်   ၂


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်နှင့်  တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒလ သင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာ အစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန သမိုင်းအကျဉ်း၊ ဌာန၏ရည်မှန်း ချက်များ၊   ဌာနများအလိုက်   ဖွဲ့စည်းထားရှိမှုနှင့် ဝန်ထမ်းများခန့်အပ်ထားရှိမှု အခြေအနေ၊ ဌာနခွဲများ အလိုက်   ရေယာဉ်များထားရှိမှုနှင့်  ရေယာဉ်များ ထိန်းသိမ်းထားရှိမှု အခြေအနေ၊ သင်္ဘောကျင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရေယာဉ်များ လွန်းတင် ၍ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ ဘဏ္ဍာရေးနှစ်အလိုက် ရေယာဉ်များ တည်ဆောက်နိုင်မှု၊   ပြင်ပပုဂ္ဂလိကရေယာဉ်များ ပြုပြင်မှုမှ ဝင်ငွေရရှိမှု၊ နိုင်ငံတစ်ဝန်းရှိ ဌာနခွဲများ အလိုက် ရေယာဉ်များပြေးဆွဲနိုင်မှု အခြေအနေများကို လည်းကောင်း။

 


ရှင်းလင်းတင်ပြ


ပြည်တွင်းရေကြောင်းပို့ဆောင်ရေး  ဦးဆောင် ညွှန်ကြားရေးမှူး   ဦးဌေးအောင်က  မြန်မာနိုင်ငံရှိ သင်္ဘောကျင်းများအနက်  ရှေးအကျဆုံးဖြစ်သည့် ဒလသင်္ဘောကျင်း၏       သမိုင်းမှတ်တမ်းများ၊ ခေတ်အဆက်ဆက်သင်္ဘောများ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ခဲ့မှု၊   ဒလသင်္ဘောကျင်းမှ  တာဝန်ယူ ဆောင်ရွက်ထားသည့် လုပ်ငန်းတာဝန်များ၊ ဌာနများ ဖွဲ့စည်းထားရှိမှုနှင့် ဝန်ထမ်းများခန့်အပ်ထားရှိမှု၊ လွန်းကျင်းများအလိုက် သင်္ဘောများပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေမှု၊ ရေယာဉ်များ အသစ်တည်ဆောက် ခဲ့မှုနှင့် လာမည့်ဘဏ္ဍာနှစ်များတွင် ရေယာဉ်ပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေ၊ ရည်မှန်းချက်တာဝန်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ကောင်း ရှင်းလင်းတင်ပြကြသည်။

 


နိုင်ငံတော်အတွက် များစွာအကျိုးရှိမည်


ရှင်းလင်းတင်ပြမှုများအပေါ်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က   နိုင်ငံတော်အတွက်     ပို့ဆောင်ရေးကဏ္ဍတွင် ရေကြောင်းပို့ဆောင်ရေးသည်   ငွေကုန်ကြေးကျမှု အသက်သာဆုံးနှင့် ကုန်စည်များစွာကို အမြန်ဆုံး ရွှေ့ပြောင်းပေးနိုင်သည့် ပို့ဆောင်ရေးလမ်းကြောင်း တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ မြစ်ချောင်းများ များစွာသွယ်တန်းလျက်ရှိနေသည့်အတွက် သွားလာ မှုနှင့် ပို့ဆောင်ရေးပိုင်းတွင် ရေကြောင်းပို့ဆောင်ရေး သည်  အကောင်းဆုံးလမ်းကြောင်းအဖြစ်  ရှိသော် လည်း စနစ်တကျဆောင်ရွက်ခဲ့ခြင်း မရှိသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုအားနည်းခဲ့ကြောင်း၊  ထို့ကြောင့် ရေကြောင်းပို့ဆောင်ရေးစနစ်   ဖွံ့ဖြိုးတိုးတက်ရန် အတွက် အစိုးရမှ ဆောင်ရွက်ရန်လိုသကဲ့သို့ ပုဂ္ဂလိက လုပ်ငန်းများကိုလည်း     အားပေးရန်လိုကြောင်း၊ ရေလမ်းကြောင်းများကောင်းမွန်ရန်၊ ဆိပ်ကမ်းများ ကောင်းမွန်ရန်နှင့်   သင်္ဘောများ  ကောင်းမွန်ရန် လိုကြောင်း၊ ဆိပ်ကမ်းများတွင် ခရီးသည်များ ခေတ္တ နားနေရန်၊ ကုန်စည်များပို့ဆောင်ရေးအတွက် လိုအပ် သည့် ယာဉ်ရပ်နားရန်နေရာများနှင့် ကုန်ပစ္စည်းများ ထားရှိနိုင်သည့် နေရာများလည်း လိုအပ်ကြောင်း၊ ပြည်သူများမှ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများအပေါ် ယုံကြည်မှုများရှိလာအောင် ကြိုးပမ်းဆောင် ရွက်ရမည်ဖြစ်ပြီး     ကုန်ကျစရိတ်သက်သာသည့် ရေကြောင်းပို့ဆောင်ရေးစနစ်ကို ကောင်းမွန်တိုးတက် အောင်အကောင်အထည်ဖော်   ဆောင်ရွက်နိုင်မည် ဆိုပါက  နိုင်ငံတော်အတွက်   များစွာအကျိုးရှိမည် ဖြစ်ကြောင်း၊ အရေးမကြီးသည့် ကုန်ကြမ်းပစ္စည်းများ ကို ရေလမ်းကြောင်းများမှ ပို့ဆောင်နိုင်ရေးအတွက် အသိပညာပေးမှုများ ဆောင်ရွက်ရန်လိုကြောင်း။

 


ပြုပြင်ထိန်းသိမ်းမွမ်းမံရမည်


ပြည်တွင်းပို့ဆောင်ရေး     လုပ်ငန်းများသည် ယခင်က   အောင်မြင်မှုရှိခဲ့သော်လည်း  ဘဏ္ဍာရေး ဆိုင်ရာ  အခက်အခဲများနှင့်  မှောင်ခိုလုပ်ငန်းများ ဆောင်ရွက်မှုများကြောင့်   နိုင်ငံပိုင်ပို့ဆောင်ရေး လုပ်ငန်းကို များစွာထိခိုက်စေခဲ့ကြောင်း၊ သက်တမ်း ကြာသည့်   ယန္တရားများ၊  သင်္ဘောများကို  ပြုပြင် ထိန်းသိမ်းနိုင်မှု အားနည်းခြင်းများကြောင့် နိုင်ငံပိုင် ပြည်တွင်းပို့ဆောင်ရေးလုပ်ငန်းများကို ထိခိုက်စေနိုင် သဖြင့်   သက်တမ်းအလိုက်၊  နှစ်အလိုက်  ပြုပြင် ထိန်းသိမ်းမွမ်းမံရမည်များကို မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊   နိုင်ငံပိုင်လုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းများအောင်မြင်တိုးတက်မှုရှိစေရေးအတွက် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို အတတ်နိုင် ဆုံး ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုကို      မှန်မှန်ကန်ကန်ဖြင့် တိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများအလိုက်     ချီးမြှင့်ထိုက်သူကို  ဆုချီးမြှင့်ရန် လိုအပ်သကဲ့သို့ လုပ်ငန်းအားနည်းချက်ရှိသူများကို လည်း      အားနည်းချက်များအလိုက်   အရေးယူ ဆောင်ရွက်ရန်လိုကြောင်း၊   လုပ်ငန်းများအလိုက် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ မွေးထုတ် ပေးရန်လိုကြောင်း၊   လုပ်ငန်းများအတွက်  လိုအပ်သည့်   စက်ယန္တရားများ  ကြံ့ခိုင်ကောင်းမွန်စေရေး အမြဲမပြတ်ဆောင်ရွက်နေရန်လိုကြောင်း။

 


အကျိုးရှိအောင် အသုံးချရန်လို


မိမိတို့နိုင်ငံ၏     ရေကြောင်းပို့ဆောင်ရေးတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ဦးဆောင် သည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် ရပ်တည်နိုင်ရန် လိုကြောင်း၊ တစ်ဖက်မှလည်းပုဂ္ဂလိက ရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းများကိုလည်း အားပေးဆောင် ရွက် ရန်လိုကြောင်း၊ ရေကြောင်းပို့ဆောင်ရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေး ရန်လိုကြောင်း၊ မော်တော်ယာဉ်များဖြင့် ကုန်ပစ္စည်း များကိုတင်ဆောင်၍ ၎င်းမှတစ်ဆင့် ရေကြောင်း  ပို့ဆောင်ရေးကိုအသုံးပြု၍        ဆောင်ရွက်သည့်  ကမ်းရိုးတန်းပို့ဆောင်ရေးစနစ်ကိုလည်း အကျိုးရှိစွာ အသုံးချရန်    လိုအပ်ကြောင်း၊  မြစ်ဝကျွန်းပေါ်၊ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင် စသည့်မြစ်ကြီးများကို ရေကြောင်းပို့ဆောင်ရေးတွင်       အကျိုးရှိအောင် အသုံးချရန်လိုကြောင်း။

 


သင်္ဘောကျင်း အဆင့်မြှင့်တင်ရေး


ဒလသင်္ဘောကျင်းသည် သမိုင်းရှိသည့် သင်္ဘော ကျင်းတစ်ခုဖြစ်သည့်အတွက် သင်္ဘောကျင်းအတွက် လိုအပ်သည့် အင်ဂျင်နီယာများ ဖြည့်ဆည်းဆောင် ရွက်ရန်လိုကြောင်း၊   သင်္ဘောများကို  ခေတ်နှင့် လျော်ညီစွာ       တည်ဆောက်နိုင်ရန်လိုကြောင်း၊ သင်္ဘောတည်ဆောက်ရေးနှင့် ပတ်သက်၍ မိတ်ဖက် သင်္ဘောကျင်းများတွင်လည်း လေ့လာဆောင်ရွက်၍ ရကြောင်း၊ သင်္ဘောကျင်း အဆင့်မြှင့်တင်ရေးအတွက် ခေတ်မီတည်ဆောက်ရေးလုပ်ငန်းများကို  ဆောင် ရွက်ရန်လိုကြောင်း၊ နှစ်ပေါင်း ၁၅၀ ခန့်သက်တမ်းရှိ သမိုင်းဝင်သင်္ဘောကျင်းတစ်ခုဖြစ်သဖြင့်   သင်္ဘော တည်ဆောက်ရေးလုပ်ငန်းများကို   များစွာအတွေ့ အကြုံရှိပြီးဖြစ်သဖြင့်    မိမိတို့နိုင်ငံ၏  သင်္ဘော တည်ဆောက်ရေးလုပ်ငန်းများတွင်  ဦးဆောင်မှုပြုနိုင်ရန်လိုကြောင်း၊ ပြည်သူများအနေဖြင့် ရေကြောင်း ပို့ဆောင်ရေးကို   ယုံကြည်စွာဖြင့်  အသုံးပြုလာမည် ဆိုပါက တစ်နိုင်ငံလုံး ခရီးသွားလာမှုနှင့် ကုန်စည် စီးဆင်းမှုများ ပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်သဖြင့် တစ်နိုင်ငံလုံး ဆောင်ရွက်နိုင်သည့် စီးပွားရေးစနစ် တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပို့ဆောင် ရေးကဏ္ဍမှ ဦးဆောင်၍ ဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားသည်။

 


 ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒလသင်္ဘောကျင်းအတွင်း      လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး  တာဝန်ရှိသူများ၏  တင်ပြချက်များ အပေါ် အဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်း ရန်၊ သင်္ဘောတည်ဆောက်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ ပြန်လည်ဖြည့်တင်းဆောင်ရွက်ရန်၊ စက်ယန္တရားများ အပြည့်အဝ  ပြန်လည်လည်ပတ် နိုင်ရေး     ဆောင်ရွက်ရန်တို့အား      မှာကြားပြီး လက်ဆောင်ပစ္စည်းများနှင့်   ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်