
နေပြည်တော် ဇွန် ၃၀
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၂-၇-၂၀၂၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်အတွဲ (၅၄)၊ အမှတ်(၂၇) တွင် သူတစ်ပါးအပေါ် စိတ်ကောင်းစေတနာထား ကာ ကျွေးမွေးစောင့်ရှောက်ပါက မိမိအပေါ် တွင်လည်း ပြန်လည်ကောင်းမွန်နိုင်ကြောင်း ကို တင်ဆက်ထားသည့် “ထာဝရမိတ်ဆွေ” မျက်နှာဖုံးဇာတ်လမ်း၊ ကလေးများအနေဖြင့် ရေကို ကျန်းမာရေးနှင့်ညီညွတ်စွာ သောက်သုံး ပုံများနှင့် ရေသောက်သုံးခြင်းဖြင့် ရရှိလာမည့် အကျိုးတရားများ၊ ရေလှူခြင်းဖြင့် ရရှိလာမည့် အကျိုးတရားများအကြောင်းကို ရေးဖွဲ့ထား သည့် “ရေ၏တန်ဖိုးနှင့် အကျိုးဆယ်ပါး” သုတဆောင်းပါး၊ မိုးရာသီတွင် သီးနှံများ စိုက်ပျိုးဖြစ်ထွန်းပုံကို တင်ဆက်ထားသည့် “ရာဇာ ခရမ်း- မိုးနှင့်အတူ” နှစ်မျက်နှာ ကာတွန်း၊ ရေရှားပါးမှုနှင့် ကြုံတွေ့နေရသော ရွာသူရွာသားများ၏ ဒုက္ခကို ဖြေရှင်းဆောင်ရွက် ပေးခဲ့သော မဥဩလေးအကြောင်းကို အတုယူ ဖွယ် ရေးဖွဲ့ထားသည့် “ရပ်ရွာအတွက် စွန့်စားသူ” ပုံပြင်၊ အိပ်မက်သော ဖိုးထူး အကြောင်းကို တင်ဆက်ထားသည့် “ဖိုးထူး” တစ်မျက်နှာကာတွန်း၊ မိမိ၏ မစဉ်းစား မဆင်ခြင်ပြောမိ၊ လုပ်ကိုင်မိသော အပြုအမူ များကြောင့် ဒုက္ခနှင့်ကြုံတွေ့ရပုံကို ရေးဖွဲ့ထား သည့် “စကားဟူသည်” ဝတ္ထု၊ မိမိ၏ ကြွယ်ဝချမ်းသာမှုကို မြှောက်ပင့်ပြောဆိုသည် ကို ကျေနပ်နှစ်သက်သော သူဌေးကြီးနှင့် သူတစ်ပါးကို အကြောင်းအကျိုးမရှိဘဲ မြှောက်ပင့်စကားမဆိုတတ်သော လူငယ်လေး အကြောင်းကို တင်ဆက်ထားသည့် “ကောက်ပင် ရိတ်လှီး” နှစ်မျက်နှာကာတွန်း၊ စကားပြောဆို ရာ၌ အစ ပထမတွင် ဟုတ်တိပတ်တိရှိသော် လည်း နောက်ပိုင်းတွင် အဖျားရှူးသွားသည့် ဘုန်းကြီး ဦးမေဓာကို သင်္ဂဇာဆရာတော်မှ ဥပမာပေးပြောဆိုသည်ကို သရုပ်ဖော်တင်ဆက် ထားသည့် ကာတွန်းလွမ်းမောင်(သုဝဏ္ဏ) ၏ “အဖျားရှူးမသွားနဲ့ဦး” နှစ်မျက်နှာကာတွန်း၊ Adjective (နာမဝိသေသန) များ၏ အသုံး အနှုန်းနှင့် ဝါကျများတွင် Adjective များ ထည့်သွင်းအသုံးပြုပုံအကြောင်းကို လေ့ကျင့် ခန်းများနှင့်တကွ တင်ဆက်ထားသည့် “ရွှေသွေး အင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာ ကဏ္ဍတို့အပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်