
u တစ်ကိုးလေးခွန်
တွေးခါမြင်မိ
ဖြစ်စဉ်ကျိုးကြောင်း
မမေ့ကောင်းမို့
ထပ်လောင်းလို့သာ လွမ်းမိသည်။
u ဆယ့်ကိုးဇူလိုင်
မမေ့နိုင်ဘဲ
ခုတိုင်ဒီထိ
စွဲငြိမေတ္တာ
လွမ်းရရှာခဲ့။
u အမိမြန်ပြည်
ဇာနည်အောင်ဆန်း
မျိုးဂုဏ်ထမ်းလျက်
လှပန်းလွတ်လပ်
တောင်းဆိုအပ်ဖို့
ဘိလပ်ကိုသွား
စာချုပ်ငြားခဲ့။
u အောင်ဆန်းအက်တလီ
စာချုပ်သည်က
ပထမတွက်
လမ်းပွင့်ထွက်ခဲ့။
u ထိုနေ့ခါတွင် (၁၉/၇/၁၉၄၇)
ဆင်ယင်ပြင်၍
တွင်းဝန်ရုံးမှာ
စည်းဝေးရှာခဲ့။
u ထိုချိန်ခါမှာ (နံနက် ၁၀ နာရီ
၃၇ မိနစ်တိတိ)
လူယုတ်မာတို့
ပြေးလာချီတက်
ရုံးဆီထက်တွင်
လက်နက်ကိုယ်စီ
ပစ်ချက်ညီစွာ
ပစ်ခတ်တာကြောင့်
သက်ပါဆုံးရှုံး
အတုံးရုံးနဲ့ ကျခဲ့သည်။
u မိုးကဖွဲဖွဲ
ရွာလေသည်းတော့
ငိုပွဲတစ်ဖုံ
လွမ်းမျိုးစုံ၍
တွေ့ကြုံခဲ့ရ
မြင်ခဲ့ရမို့
ရင်မှာတစ်ဖုံ
ဆွေ့ဆွေ့ခုန်ခဲ့။
u ထိုဖြစ်ဇာတ်လမ်း
ထိုမှတ်တမ်းကို
အခဏ်းကိုယ်စီ
ရေးကြသည်။
u စာရေးသူများ
လက်ကူပွားလျက်
ပြည်သားတိုင်းသူ
သိဉာဏ်ကူခဲ့။
u ထိုနေ့ထိုရက်
မိုးစက်စက်ဖြင့်
ဖြစ်ပျက်ဇာတ်လမ်း
အိပ်မက်ဆန်းနှယ်
ပင်ပန်းတိတ်ဆိတ်
ထိုလောင်းရိပ်တွင်
တွေးစိတ်လီလီ ပြောင်းခဲ့သည်။
u အမျှ အမျှ
ပေးဝေငှသည်
ရကြပါစေ
မျှတမ်းဝေပြီ
ရောက်လေအရပ်
လွန်မြင့်မြတ်နှင့်
ထပ်ထပ်ခါခါ
ရောက်ပါစေသား
ရောက်စေသား။
u သူတို့ပေးအပ်
ပေးဆပ်အသက်
တိုင်းပြည်တွက်မို့
စဉ်ဆက်နမူ
လက်ကမ်းယူခါ
ပြည်သူအတွက်
တိုးဆောင်ရွက်ဖို့
ဆက်လက်သယ်ဆောင်
လူငယ်မောင်တို့ တာဝန်တည်း။ ။
သုဝဏ္ဏတင့်ဝေ(ကဗျာ)