မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် တရုတ်မုန့်လုပ်နည်း သင်ယူလေ့လာခြင်းလှုပ်ရှားမှုကို တက်ဟုန်းပြည်နယ်ခွဲ လုံချွမ်းခရိုင်တွင် ကျင်းပပြုလုပ်

 

မန္တလေး   ဇွန်   ၂၆


တရုတ်နိုင်ငံ    တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ  ကိုယ်စားလှယ်ရုံးက ကြီးမှူး၍ မြန်မာ ရွှေ့ပြောင်း      လုပ်သားများအတွက် တရုတ်မုန့်လုပ်နည်း     သင်ယူလေ့လာ ခြင်းလှုပ်ရှားမှုကို တက်ဟုန်းပြည်နယ်ခွဲ လုံချွမ်းခရိုင်တွင် ယမန်နေ့ကပြုလုပ်ရာ တက်ဟုန်းပြည်နယ်ခွဲ    ကုန်သည်ကြီး  များအသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ် ရုံး    လုံချွမ်းခရိုင်    အုပ်ချုပ်ရေးဌာန  တာဝန်ရှိသူများ၊  တယ်ဟုန်းပြည်နယ်ခွဲ  စားသောက်ဆိုင်     လုပ်ငန်းရှင်များ အသင်း    Dehong     Zhengxin Industrial Co.,Ltd မှ တာဝန်ရှိသူ များနှင့်         မြန်မာလုပ်သားများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ    တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး  အမြဲတမ်းတာဝန်ခံ Mr.Li  Qigui  က  တရုတ်နိုင်ငံတွင်  ရောက်ရှိနေသော       မြန်မာပြည် ရွှေ့ပြောင်းလုပ်သားများကို   တရုတ် စားစရာမုန့်    ပြုလုပ်နည်း    သိရှိ နားလည်မှု မြှင့်တင်နိုင်ရန်၊   တရုတ်နိုင်ငံ ၏  အစားအသောက်  ယဉ်ကျေးမှုကို မိတ်ဆက်ပေးနိုင်ရန်နှင့် တရုတ်မြန်မာ  နှစ်နိုင်ငံအကြား ပေါက်ဖော်ချစ်ကြည် ရေး ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်ပြုလုပ် ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 


အဆိုပါလှုပ်ရှားမှုတွင် မြန်မာလုပ်သား အချက်အပြုတ် ဝါသနာပါသူ ဦးရေ ၄၀ ဖြင့် အဖွဲ့ ၁၀ ဖွဲ့ခွဲ၍ တရုတ်ရိုးရာမုန့်များဖြစ်သည့်    ပေါက်စီ၊       ဖက်ထုပ်အလွယ်လုပ်နည်း၊ သစ်ရွက်ပုံဖက်ထုပ်      နိုင်လွန်ဖက်ထုပ် လုပ်နည်းများကို ဂျုံနယ်သည်မှ မုန့်ဖြစ်သည် အထိ သင်ကြားပေးခဲ့ပြီးနောက် မုန့်လုပ်သည့် အဖွဲ့အား     အားပေးဆု၊     တိုးတက်မှုဆုနှင့်       ထူးချွန်ဆုများ  ရွေးချယ်ချီးမြှင့်ပေးကြောင်း သိရသည်။

 


လုံချွမ်းခရိုင်ရှိ   Dehong   Zhengxin Industrial Co.,Ltd မှ မြန်မာ လုပ်သား ဦးရေ ၃၀၀ ကျော်သည်လည်း အဆိုပါ လှုပ်ရှားမှုကို      အွန်လိုင်းမှတစ်ဆင့်       တိုက်ရိုက်ကြည့်ရှု အားပေးကြကြောင်း        မန္တလေးရုံးခွဲထံမှ သိရသည်။                        
တင်မောင်-မန်း