လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်လာစေမည့် သံလွင်တံတား(တာကော်)

 

ကောင်းထက်

 

ရေစီးသန်လှသည့် သံလွင်မြစ်ကြောင်း၏ တစ်ဖက်တစ်ချက်စီတွင် ယာဉ်ယန္တရားများ အသုံးပြု၍ တာဝန်ကျ ဝန်ထမ်းများ၏ နေ့ဆိုင်း၊ ညဆိုင်း လှုပ်ရှားမှုများဖြင့် သံလွင်မြစ်ကူးတံတားသစ် (တာကော်)တည်ဆောက်ရေး လုပ်ငန်းခွင်သည် စဉ်ဆက်မပြတ် လည်ပတ်လျက်ရှိသည်။ တံတားသစ် တည်ဆောက်ရေးလုပ်ငန်း၏ ဘေးဘက် တာကော်တံတားဟောင်းကြီးပေါ်မှလည်း ယာဉ်ကြီး ယာဉ်ငယ်များက စဉ်ဆက်မပြတ် သွားလာဖြတ်သန်းနေဆဲ။

 

သို့သော်  နေ့စဉ်  ကုန်စည်တင်ဆောင်ထားသော ကားကြီးများ  ဥဒဟို  ဖြတ်သန်းသွားလာနိုင်အောင် သံလွင်တံတား   (တာကော်)   သည်   နှစ် ၄၅ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည့်အတွက်  ခံနိုင်ဝန်ကို လျှော့ချထားရပြီဖြစ်သည်။
တံတားဟောင်းသည် ယာဉ်ဖြတ်သန်းအသုံးပြုမှု များပြားပြီး   အသုံးပြုသက်တမ်း   ကြာမြင့်လာမှု ကြောင့် တံတား၏ခံနိုင်ဝန်အား ကျဆင်းလာသည့် အခါ  ယခု ၂၄ တန်သာ ခွင့်ပြုထားသည့်အတွက် ဒေသဆက်သွယ်သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု ကြန့်ကြာမှုမရှိစေရန် တံတားဟောင်း၏ ဘေးဘက် တွင် တံတားသစ်ကို တည်ဆောက်ရခြင်း ဖြစ်သည်။ 
အရေးပါသော သံလွင်မြစ်ကူး တံတားတစ်စင်း
သံလွင်မြစ်ကူး တံတားဟောင်း တာကော်သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့်          ရှမ်းပြည်နယ် အရှေ့ပိုင်းကို  ချိတ်ဆက်သွားလာသည့်  မိတ္တီလာ-တောင်ကြီး-ကျိုင်းတုံ- တာချီလိတ်လမ်းပေါ်ရှိ ၂၈၃ မိုင်  ၂  ဖာလုံနှင့် ၂၈၄ မိုင်  ၄  ဖာလုံအကြားတွင် တည်ရှိသည်။      ဒေသဆက်သွယ်သွားလာရေး အတွက်သာမက နိုင်ငံအနှံ့ထွက်ရှိသော ထွက်ကုန် များကို အိမ်နီးချင်း လာအို၊ ထိုင်း၊ တရုတ်နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန်နှင့်     အိမ်နီးချင်းနိုင်ငံများမှ ထွက်ကုန်များအား မြန်မာနိုင်ငံသို့  တင်သွင်းဝယ်ယူ နိုင်ရန်အတွက် နိုင်ငံ့စီးပွားရေးကို အထောက်အကူ ပြုနေသည့် လမ်းပိုင်းပေါ်ရှိ အရေးပါသော သံလွင် မြစ်ကူး တံတားတစ်စင်းဖြစ်သည်။
“အိမ်နီးချင်းနိုင်ငံတွေနဲ့  ကုန်သွယ်ဆက်သွယ် နေတဲ့ မိတ္တီလာ-တောင်ကြီး-ကျိုင်းတုံ- တာချီလိတ် လမ်းပိုင်းပေါ်က တံတားတွေရဲ့ ကြံ့ခိုင်မှုက အရေး ကြီးတယ်။ ဒီလမ်းပိုင်းမှာက ကုန်တင်ယာဉ်တွေက တန် ၄၀ အထက် ဖြတ်သန်းသွားကြတာ များတယ်။ ဒါကြောင့်  ကျွန်တော်တို့  တံတားဦးစီးဌာနအနေနဲ့ ဒီလမ်းပေါ်က  တံတားတွေကို တန်  ၆၀ ခံနိုင်ဝန် တံတားတွေအဖြစ် အဆင့်မြှင့်တင်ခဲ့ပြီးပါပြီ။ အခု တာကော် တံတားကိုတော့ တံတားဟောင်းဘေးမှာ တံတားခံနိုင်ဝန်    ၇၅   တန်ရှိတဲ့    တံတားသစ်တည် ဆောက် နေပြီဖြစ်ပါတယ်”        ဟု       တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၂) မှ စီမံကိန်းတာဝန်ခံက ပြောကြားသည်။
တာကော်တံတားနှစ်စင်းကို  အသွားနှင့် အပြန်  အသုံးပြု၍    ပြည်သူများ   ဆက်သွယ်သွားလာရေး အဆင်ပြေလွယ်ကူချောမွေ့စေရန်၊       ကုန်စည် စီးဆင်းမှုလွယ်ကူလျင်မြန်စေရန်အတွက် တံတား ဦးစီးဌာနတည်ဆောက်ရေးအဖွဲ့ (၃)၊  တံတားအထူး အဖွဲ့ (၁၂)  က တာကော်တံတားသစ် တည်ဆောက် ရေးစီမံကိန်းကို  ၂၀၁၈   ခုနှစ်  ဧပြီ   ၁  ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။ တာကော်တံတားသည် ရှမ်းပြည်နယ်တောင်ပိုင်း  လွိုင်လင်ခရိုင် ကွန်ဟိန်း မြို့နယ်တွင် တည်ရှိသည်။  
“မြန်မာနိုင်ငံ  ဒေသအသီးသီးက  ကုန်တွေက ဒီလမ်းပိုင်းကို   ဖြတ်ရတယ်။     ဒီလမ်းကြောင်း လမ်းပန်းဆက်သွယ်ရေးကောင်းမှ   စီးဆင်းလာတဲ့ ကုန်တွေကို တရုတ်ပို့ချင်ရင်ဖြစ်စေ၊  ထိုင်းပို့ချင်ရင် ဖြစ်စေ၊ လာအိုပို့ချင်ရင်ဖြစ်စေ  အချိန်မီပို့နိုင်မှာပါ။ ဒါကြောင့်   တံတားသစ်ကြီး    တည်ဆောက်နေတာ တွေ့ရတော့  ပြည်သူတစ်ဦးအနေနဲ့  ကြိုဆိုတယ်” ဟု  ကွန်ဟိန်းမြို့နေ ဦးဝင်းက ပြောသည်။
ပြည်နယ်     လူမှုစီးပွားနှင့်    နိုင်ငံ့စီးပွားကို အထောက်အကူပြုစေမည့်        တည်ဆောက်ဆဲ တာကော်တံတား တည်ဆောက်မှုသည် ၃၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း တံတားဦးစီးဌာန တည်ဆောက် ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၂) မှ သိရသည်။
တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃)၊ တံတားအထူးအဖွဲ့ (၁၂)  မှ တာဝန်ယူ တည်ဆောက် နေ ဆဲဖြစ်သည့် သံလွင်တံတား (တာကော်) ကို ၂၀၂၄  ခုနှစ်  နှစ်ဆန်းပိုင်းတွင်  တည်ဆောက်ရေး လုပ်ငန်းများ  ၁၀၀ ရာခိုင်နှုန်းပြီးစီးရန် လျာထား ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄   ခုနှစ်အတွင်းမှာ ပြီးစီးနိုင်ဖို့ လျာထား
“တံတားတစ်စင်းလုံး တည်ဆောက်ပြီးစီးမှုက ၃၇  ရာခိုင်နှုန်းရှိပြီဖြစ်ပါတယ်။  ပြီးစီးဖို့ ကျန်ရှိတဲ့ လုပ်ငန်းတွေကို   ၂၀၂၄   ခုနှစ် မတ်လအတွင်းမှာ ပြီးစီးနိုင်ဖို့ လျာထားဆောင်ရွက်နေပါတယ်။ အဓိက ကတော့    တံတားသစ်ကို   မြန်မြန်ပြီးစီးသွားရင် တံတားနှစ်စင်းနဲ့    ပြည်သူတွေ   ပိုပြီးလွယ်ကူ အဆင်ပြေစွာ  သွားလာနိုင်ဖို့ပါ”  ဟု  တံတားဦးစီး ဌာန  တည်ဆောက်ရေးအဖွဲ့  (၃)၊  တံတားအထူး အဖွဲ့(၁၂) မှ စီမံကိန်းတာဝန်ခံက ပြောကြားသည်။ 
တာကော်တံတားသစ်သည်  တံတားအရှည် ၁၁၅၂  ပေနှင့် တံတားအကျယ်   ၃၉  ပေ ၄ လက်မ ရှိသည်။ တံတားတွင် ယာဉ်သွားလမ်းအကျယ် ၂၇ ပေ ၁၀ လက်မနှင့်  လူသွားလမ်းအကျယ်  တစ်ဖက် လျှင် ငါးပေ ကိုးလက်မစီပါဝင်မည်ဖြစ်သည်။ တံတား ၏ ခံနိုင်ဝန်သည် ၇၅ တန်ဖြစ်ပြီး ရေလမ်းကင်းလွတ် အမြင့် ၄၅ ပေ၊ ရေလမ်းကင်းလွတ်  အကျယ် ၃၆၁ ပေ ရှိသည်။  
တံတားအပေါ်ထည်သည်   သံမဏိသံပေါင်နှင့် သံကူကွန်ကရစ်     ကြမ်းခင်းအမျိုးအစားဖြစ်ကာ တံတားအောက်ခံအုတ်မြစ်များအား အချင်း ၂ ဒသမ  ၇၄  မီတာရှိသည့် Caisson Foundationနှင့် အချင်း  ၁    ဒသမ   ၅   မီတာရှိသည့်    သံကူကွန်ကရစ် ဘိုးပိုင်များဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။ တံတားခန်းဖွင့် အကျယ် ၂၀ မီတာ ခန်းဖွင့် တစ်ခန်း၊ အကျယ်  ၁၉  ဒသမ ၂၈၅ မီတာ  ခန်းဖွင့်တစ်ခန်း၊ အကျယ်  ၆၅ ဒသမ ၈၉၅  မီတာ  ခန်းဖွင့်တစ်ခန်း၊ အကျယ် ၁၂၀ ဒသမ ၆၄  မီတာ  ခန်းဖွင့်တစ်ခန်း၊ အကျယ် ၆၅ ဒသမ ၈၉၅  မီတာ ခန်းဖွင့်တစ်ခန်း၊ အကျယ် ၂၉ ဒသမ ၂၈၅ မီတာ  ခန်းဖွင့်တစ်ခန်းနှင့် အကျယ်  ၃၀ မီတာ ခန်းဖွင့် တစ်ခန်းပါဝင်မည် ဖြစ်သည်။   
အဆိုပါ    တံတားတည်ဆောက်ရေး  စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းဖြစ်နိုင်ခြေ  ဆန်းစစ်လေ့လာခြင်း  လုပ်ငန်း ကို  ၂၀၁၈ ခုနှစ်တွင် အကြိုအင်ဂျင်နီယာလုပ်ငန်း များ စတင်ဆောင်ရွက်ခဲ့သည်။
၂၀၁၉-၂၀၂၀     ဘဏ္ဍာနှစ်တွင်       ကုန်းပေါ် တံတားအုတ်မြစ်လုပ်ငန်းကိုလည်းကောင်း၊ ၂၀၂၀− ၂၀၂၁ ဘဏ္ဍာနှစ်တွင် ကုန်းပေါ်နှင့် ရေလည်တံတား အုတ်မြစ်လုပ်ငန်းနှင့်        ကိုယ်ထည်လုပ်ငန်းကို လည်းကောင်း၊  ၂၀၂၁−၂၀၂၂    ဘဏ္ဍာနှစ်   (Mini Budget) တွင်  ကိုယ်ထည်လုပ်ငန်းများနှင့် အပေါ် ထည်           ရက်မလုပ်ငန်းများကိုလည်းကောင်း တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၂)က အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။
“တံတားတစ်ခုလုံး   ပြီးစီးဖို့   ၆၃ ရာခိုင်နှုန်း ကျန်ရှိတယ်။ လုပ်ငန်းတွေအနေနဲ့က ပင်မတံတား သံမဏိသံပေါင်တပ်ဆင်ခြင်းနှင့်  သံကူကွန်ကရစ်    ကြမ်းခင်းလုပ်ငန်းတွေ ဖြစ်ပါတယ်”    ဟု   တံတား အထူးအဖွဲ့   (၁၂)  မှ  စီမံကိန်းတာဝန်ခံက  ရှင်းပြ သည်။
တာကော်တံတား       တည်ဆောက်ရာတွင် လုပ်ငန်းခွင်    ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန် ဦးစားပေးဆောင်ရွက်ရင်း  တံတားအရည်အသွေး ပြည့်မီစေရန်နှင့်  အချိန်မီပြီးစီးစေရန် တည်ဆောက်ရေး အဖွဲ့(၃)၊  တံတားအထူးအဖွဲ့ (၁၂)  မှ ဝန်ထမ်းများ သည်   နေ့ဆိုင်း၊   ညဆိုင်းတာဝန်များ  အလှည့်ကျ ထမ်းဆောင်ကာ နေ့ညမပြတ်  တည်ဆောက်ရေး လုပ်ငန်းများ        လည်ပတ်ဆောင်ရွက်လျက်ရှိ သည်။
ပြည်သူတွေအတွက် အဓိကထား
“ဆောက်လုပ်ရေးဝန်ကြီးဌာနက    လမ်းတွေ၊      တံတားတွေကို    ပြည်သူကိုယ်စား  ဆောင်ရွက်ရ တာပါ။  လမ်းတွေ၊ တံတားတွေ  ပိုင်ရှင်က ပြည်သူ တွေပါ။     ပြည်သူတွေအတွက်      အဓိကထား ဆောင်ရွက်ရပါတယ်။ ဒါကြောင့် အချိန်မီပြီးစီးနိုင်ဖို့၊ ပြီးစီးတဲ့ လုပ်ငန်းတိုင်းဟာ  အရည်အသွေးပြည့်မီဖို့ အဓိကထားရပါတယ်။ လုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါ လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းတွေ၊ ဌာနက သတ်မှတ်ထားတဲ့     စံချိန်စံညွှန်းတွေ   ရှိပါတယ်။ သတ်မှတ်ထားတဲ့  အရည်အသွေးရဖို့    စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ စနစ်တကျ ဆောင်ရွက်ရပါ တယ်။     ဒီအတွက်   အရည်အသွေးစစ်ဆေးတာ၊ လုပ်ငန်းပြီးစီးမှု စစ်ဆေးတာတွေလည်း ရှိပါတယ် ”ဟု စီမံကိန်းတာဝန်ခံက ပြောသည်။
တံတားများ    တည်ဆောက်ရာတွင်     Quality Management  System   ဖြင့်    အရည်အသွေး စံချိန်စံညွှန်းများ  သတ်မှတ်ထားရှိကြောင်း တံတား ဦးစီးဌာနမှ သိရသည်။  ထို့အပြင်  ပုံမှန်စစ်ဆေးခြင်း၊ အခါအားလျော်စွာ   စစ်ဆေးခြင်းနှင့်    အရေးပေါ် စစ်ဆေးခြင်းတို့ကို  သတ်မှတ်အချိန်ကာလနှင့်အညီ တံတားဦးစီးဌာန        ထိန်းသိမ်းရေးအဖွဲ့များမှ    ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သို့အတွက် နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးအတွက်  လမ်းများအဆင့် မြှင့်တင်ခြင်း၊   လမ်းသစ်ဖောက်လုပ်ခြင်း    လုပ်ငန်း များ      ဆောင်ရွက်လျက်ရှိရာ   လမ်းများနှင့်အတူ တံတားများအားလုံး  တစ်ပြေးညီတိုးတက်ကောင်း မွန်ရေးကို     တံတားဦးစီးဌာနအနေဖြင့်   ရည်ရွယ် ဆောင်ရွက်လျက်ရှိသည်။
    အဓိကကျသော အခန်းကဏ္ဍ
ပြည်နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊  ပထဝီအနေအထား / သဘာဝအနေအထားအရ      ဖွံ့ဖြိုးတိုးတက်မှုနှင့် ကွာခြားနေမှုကို    လျှော့ချရန်၊     ကုန်စည်နှင့် ဝန်ဆောင်မှု   လျင်မြန်သွက်လက်စေရန်အတွက် လမ်းပန်းဆက်သွယ်ရေးသည်       အဓိကကျသော အခန်းကဏ္ဍမှ   ပါဝင်လျက်ရှိသည်။     ထို့ကြောင့် သွားလာဆက်သွယ်ရေး  တိုးတက်ကောင်းမွန်လာမှု နှင့်အတူ ပြည်နယ်လူမှုစီးပွားကို  များစွာအထောက် အကူပြုစေမည့် တည်ဆောက်ဆဲ  တာကော်တံတား သည်   သံမဏိသံပေါင်တံတား   အမျိုးအစား   ဖြစ် သည်။ 
အချုပ်အားဖြင့်ဆိုရလျှင်     တံတားဦးစီးဌာန အနေဖြင့်    ရှမ်းပြည်နယ်အတွင်း    သံလွင်မြစ်ကူး တံတားများအနေဖြင့်   သံလွင်တံတား(တာကော်)၊ သံလွင်တံတား   (တာဆန်း)၊    သံလွင်တံတား (တာဆွတ်တိန်း)၊ သံလွင်တံတား (တာကော်အက်)နှင့်  ကွမ်းလုံကြိုးတံတားတို့ကို   တည်ဆောက်ပေး ခဲ့ကာ ဒေသစီးပွား၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကို      အထောက်အကူ    ပြုနိုင်ခဲ့သည်။      ယခု တည်ဆောက်ဆဲဖြစ်သည့် သံလွင်မြစ်ကူးတံတား သစ်  ပြီးစီးသွားပါက  ဒေသတွင်းလူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်သလို ဒေသခံ     ပြည်သူများအနေဖြင့်     ပိုမိုအဆင်ပြေ လွယ်ကူစွာသွားလာနိုင်တော့မည် ဖြစ်ပါကြောင်း တင်ပြရေးသားလိုက်ရပါသည်။     ။