ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

 

နေပြည်တော်   ဇွန်   ၂၂ 


နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ  နေပြည် တော်သို့  ရောက်ရှိပြီး   ငြိမ်းချမ်း ရေး  ဆွေးနွေးဆောင်ရွက်ခဲ့သည့် ဒီမိုကရေစီအကျိုးပြု      ကရင် တပ်မတော် (DKBA) မှ  စစ်ဦးစီး ချုပ်အဆင့်ရှိ စောစတီး ဦးဆောင် သော ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် ၈ နာရီခွဲ တွင် နေပြည်တော်မှ  မော်တော် ယာဉ်များဖြင့် ပြန်လည်ထွက်ခွာသည်။

 


ပို့ဆောင်နှုတ်ဆက်


အဆိုပါ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်    (DKBA)  မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး ဦးဆောင်သော    ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အား   အမျိုး သား    စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန် ရှိသူများ၊  သာသနာရေးနှင့်  ယဉ် ကျေးမှုဝန်ကြီးဌာန၊    အနုပညာ ဦးစီးဌာနမှ     တိုင်းရင်းသား တိုင်းရင်းသူများ၊   ဌာနဆိုင်ရာ ဝန်ထမ်းများ၊   ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများ က     “ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည်  ပြည်သူတစ်ရပ်လုံး ၏   ဆန္ဒအစစ်အမှန်     ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံ သားအားလုံး၏  ဆန္ဒအမှန်ဖြစ် သည်၊ ပြည်ထောင်စုကြီးငြိမ်းချမ်း ဖို့      တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေ     စည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ် အေးချမ်းရ” စသည့် စာသားပါဆိုင်းဘုတ်များ ကိုင်ဆောင်၍    လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ     ကိုင် ဆောင်၍လည်းကောင်း  နေပြည် တော်ရှိ    Horizon Lake View Resort ၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြ ကြောင်း သိရသည်။ (အောက်ပုံ)
 

သတင်းစဉ်