ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

Type
t

 

ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၁၉ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။ ။ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွား
မှုဟာ နိုင်ငံတကာမှာ အခုချိန်ထိ ထိန်းချုပ်နိုင်ပြီဆိုတဲ့ အနေအထားကို မရောက်သေးဘဲ ဒုတိယလှိုင်း၊ တတိယလှိုင်း အစရှိတဲ့ မုန်တိုင်းတွေကြားမှာ ဖြတ်သန်းနေရဆဲ ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ရောဂါဟာ အေးတဲ့ရာသီမှာ ပိုမိုရှင်သန် ကူးစက်ပြန့်ပွားနိုင်ခြေရှိတာကြောင့် ရာသီဥတုအေးလာ တာနဲ့အမျှ ပိုမိုသတိထားဖို့လည်း လိုအပ်လာပါတယ်။ မြန်မာနိုင်ငံမှာ အခုကာလဟာ ဆောင်းရာသီဖြစ်တာ ကြောင့် ပိုပြီးတော့ သတိပြုနေထိုင်ကြရမှာလည်း ဖြစ်ပါ တယ်။ ရောဂါကူးစက် ပြန့်ပွားမှုကို ကာကွယ်နိုင်ဖို့ အထိ ရောက်ဆုံး၊ အမှန်ကန်ဆုံး နည်းလမ်းတွေဖြစ်တဲ့ လက်ကို မကြာခဏ စနစ်တကျ ဆေးကြောပါ။ လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြဉ်တာနဲ့ Mask တွေကို စနစ်တကျ တပ်ဆင်အသုံးပြုတာတွေကို တိတိကျကျ လိုက်နာ ဆောင်ရွက်ရမှာဖြစ်သလို တစ်ဖက်ကလည်း ယခုလို ဆောင်းရာသီမှာ ကိုယ်လက်လှုပ်ရှား အားကစားတွေကို တက်တက်ကြွကြွ ဆောင်ရွက်ခြင်းဖြင့် တစ်ကိုယ်ရေ ကျန်းမာရေးနဲ့ ကိုယ်ခံအားကောင်းအောင် ကြိုးစား အားထုတ် နေထိုင်ကြဖို့လည်း တိုက်တွန်းပါရစေ။
မြန်မာနိုင်ငံ တစ်နိုင်ငံတည်း၊ ဒေသတစ်ခုတည်း သာမက ကမ္ဘာနဲ့ချီပြီး ကြုံတွေ့နေရတဲ့ ယခုလို အခက် အခဲ အကျပ်အတည်းကာလမှာ ပြည်သူလူထုအကြား ကျန်းမာရေး အသိ၊ ကာကွယ်ရေး အသိတို့နဲ့ မိမိကိုယ်ကိုယ် စောင့်ရှောက်ကာကွယ်နိုင်ဖို့အတွက် လတ်တလော ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေနဲ့ ဆောင်ရန် /ရှောင်ရန် တွေကို ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေက ရှင်းလင်းဖြေကြားပေးလျက်ရှိရာမှာ ဒီနေ့ရဲ့ ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်မှာ ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်း [ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့် ဆောင်ရွက်ရေးအဖွဲ့ဝင်]၊ ဒေါက်တာ ရန်နိုင်မောင် [ညွှန်ကြားရေးမှူး / ဆေးရုံအုပ်ကြီး၊ ပဲခူးပြည်သူ့ဆေးရုံကြီး၊ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး (ပူးတွဲတာဝန်)] တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူ အဖြစ် ဒေါက်တာ ထားထားလင်း [ညွှန်ကြားရေးမှူး/ စီမံချက်မန်နေဂျာ၊ တိုးချဲ့ကာကွယ်ဆေးထိုး စီမံချက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] က ပါဝင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ရဲ့ ဆွေးနွေးမှု တွေ စတင်နိုင်ဖို့အတွက် ဒေါက်တာထားထားလင်းက ဦးဆောင်ဆွေးနွေးပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။
ဒေါက်တာထားထားလင်း။ ။ အမေး / အဖြေ တွေနဲ့
ပတ်သက်ပြီး ဖြေကြား ပေးမှာရယ်၊ နောက်ဆက်စပ်တဲ့ ကိစ္စရပ်တွေအတွက် စကားဝိုင်းပေါ့နော်၊ ဒါတွေနဲ့ပတ်သက်ပြီး ပထမဦးဆုံး ဆရာကြီး ပါမောက္ခဒေါက်တာ စိုးလွင်ငြိမ်းကို ဖိတ်ခေါ်ပါ တယ်။
ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း။ ။ ဒီနေ့အစီအစဉ်မှာ
ကျွန်တော် ဖြေ ရမယ့် မေးခွန်းက ကမ္ဘာ့နိုင်ငံတွေအတွက် ကိုဗစ် - ၁၉ ကာကွယ်ဆေးရရှိမှု၊ ဆောင်ရွက်ထားရှိမှု အခြေအနေနဲ့ မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့ အတွက် ဘယ်လိုပြင်ဆင်ထားလဲဆိုတဲ့ အခြေအနေတွေ ကို ရှင်းပြပေးပါဆိုပြီး မေးထားတာဖြစ်ပါတယ်။
အားလုံးသိတဲ့အတိုင်းပါပဲ ကူးစက်ရောဂါတွေမှာ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါတွေ အများ အပြားရှိပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးလုပ်ငန်းက အလွန်ထိရောက်ပြီး ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးဖြစ်တဲ့ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကောင်းဆုံး အရင်းအနှီးဖြစ် ပါတယ်။
ဒါကြောင့် ကမ္ဘာ့နိုင်ငံတွေမှာ ကာကွယ်ဆေးထိုး လုပ်ငန်း စီမံချက်တွေထားပြီး တက်တက်ကြွကြွနဲ့ ဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါတွေပေါင်း ၂၀ ကျော်ကို ကာကွယ် နိုင်ပြီး နှစ်စဉ်လူပေါင်း နှစ်သန်းကနေ သုံးသန်းအထိ သေဆုံးမှုတွေကို ကာကွယ်ဆေးတွေနဲ့ ကာကွယ်ပေး နိုင်တာ ဖြစ်ပါတယ်။
ယခုလိုမျိုး ကိုဗစ်ရောဂါ တစ်ကမ္ဘာလုံးမှာ နိုဝင်ဘာ ၁၈ ရက်အထိဆိုရင် ၅၅ ဒသမ ၉၄ သန်း အထိ ရောဂါ ဖြစ်ပွားပြီး ၁ ဒသမ ၃၄ သန်းလောက် သေဆုံးနေတဲ့ အချိန်မှာ ဒီလိုမျိုး ကူးစက်ရောဂါတွေ ပြင်းထန်နေပြီး သေဆုံးမှုတွေများနေတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ တစ်ဖက်ကလည်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေဖြစ်တဲ့ Mask တပ်တာတို့၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေတာတို့၊ လက်ဆေးတာတို့ ဒါတွေဆောင်ရွက်နေသလို ကုသရေး အပိုင်းမှာလည်း ရောဂါရှာဖွေတယ်။ Contact Tracing လို့ခေါ်တဲ့ ထိစပ်တဲ့သူတွေကို ရှာဖွေတယ်။ ဆေးရုံတွေမှာ ထိထိရောက်ရောက် ကုသတဲ့လုပ်ငန်းတွေ ဒါတွေကိုလည်း ဆောင်ရွက်နေတယ်။
ဒီလိုဆောင်ရွက်နေတဲ့အချိန်မှာ ကူးစက်မှုကို လျှော့ချ ဖို့အတွက် ဒီကာကွယ်ဆေးက အလွန်အရေးကြီးပါတယ်။ ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ရရှိဖို့အတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက နိုင်ငံတော်အစိုးရဲ့ လမ်းညွှန် မှုနဲ့ရရှိဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်မို့ AMC 92 လို့ ခေါ်တဲ့ ဖွံ့ဖြိုးစနိုင်ငံတွေကို ထောက်ပံ့မယ့် Gavi’s အဖွဲ့ အစည်းရဲ့ COVAX Facility ကို ၉၂ နိုင်ငံက ရရှိမယ်။ အဲဒီ နိုင်ငံတွေထဲမှာလည်း မြန်မာနိုင်ငံက အပါအဝင် ဖြစ်ပါ တယ်။ ဒီလိုပါဝင်တဲ့ အခါမှာလည်း ကျွန်တော်တို့က လိုအပ်တဲ့ Co-Financing လို့ခေါ်တဲ့ နိုင်ငံတော်ကလည်း ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေအတွက် ရန်ပုံငွေထည့်ဝင်ပြီး ဆောင်ရွက်ရတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့လည်း Co-Financing ကို ထည့်ဝင်ပြီး ဖြစ်တဲ့အတွက်ကြောင့် အခု ထွက်ပေါ်လာမယ့် ကိုဗစ် - ၁၉ ကာကွယ်ဆေးကို နိုင်ငံသူ နိုင်ငံသားတွေ ကာကွယ်ဆေးထွက်လျှင် ထွက်ချင်းမှာရရှိဖို့ အနေအထားဖြစ်ပါတယ်။ ဒီလိုရရှိဖို့ ဆောင်ရွက်နေတဲ့ အခါမှာလည်း တစ်ဖက်က ကာကွယ်ဆေးတွေ ရရှိဖို့ ဆောင်ရွက်တဲ့အခါမှာ COVAX Facility ကလည်း ဒီကာကွယ်ဆေးနဲ့ ပတ်သက်လို့ ဆေးကို ဘယ်လိုလုပ်နေ လဲ၊ ဆေးထုတ်လုပ်ဖို့ ဘယ်အဆင့်ရောက်နေပြီလဲ တစ်ဖက်က စိစစ်ပြီး ဆောင်ရွက်နေတဲ့ အဖွဲ့တွေလည်း ရှိတယ်။
အရင်တုန်းက ကာကွယ်ဆေး တစ်ခုရဖို့အတွက် နည်းပညာကော၊ သုတေသနလုပ်ငန်းတွေမှာ နှစ်နဲ့ချီပြီး အချိန်ယူပြီး ဆောင်ရွက်ခဲ့ရသော်လည်း ယခုအခါ ကမ္ဘာ့ နိုင်ငံတွေအနေနဲ့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကို လျင်လျင် မြန်မြန် ထိန်းချုပ်လိုတဲ့အတွက်ကြောင့် အားထည့်ပြီး ဆောင်ရွက်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေကော၊ နည်းပညာ တွေကော အရင်ထက် ပိုတိုးတက်လာတော့ နိုင်ငံတကာ ကနေပြီး ဒီကာကွယ်ဆေးထုတ်လိုတဲ့ အနေအထားတွေက ပိုများလာတယ်။ ပိုများလာတော့ Pre-clinical Trial လို့ခေါ်တဲ့ တိရစ္ဆာန်တွေမှာ စမ်းသပ်တဲ့အဆင့်နဲ့ Clinical Trial လို့ခေါ်တဲ့ လူအနည်းငယ်မှာ စမ်းသပ်တဲ့အဆင့် တွေမှာ ကာကွယ်ဆေးက ၁၄၁ မျိုးလောက် ရှိနေပြီး အဲဒီကမှ နောက်ထပ် အဆင့် သုံးဆင့်လောက် ရှိပါတယ်။ အဲဒီအဆင့်ဆင့်တွေကနေ အောင်မြင်လာတဲ့ ကာကွယ် ဆေးတွေအနေနဲ့လည်း လူတစ်ဦးချင်းကို ဘယ်လောက် ထိုးပေးရမလဲ။ ဘယ်လောက် ကာကွယ်နိုင်လဲ၊ ဘေးထွက် ဆိုးကျိုး ဘယ်လောက်မရှိဘူးလဲဆိုတာပေါ်မှာ မူတည်ပြီး လူနည်းနည်းကနေ လူသောင်းချီတဲ့အထိကို စမ်းသပ်တဲ့ အဆင့် ဖြစ်ပါတယ်။
ခုနက စမ်းသပ်တဲ့အဆင့် (၁) မှာဆိုရင် စမ်းသပ်နေတဲ့ ကာကွယ်ဆေးက ၃၈ မျိုးဖြစ်နေပါပြီ။ ဒါတွေက နိုဝင်ဘာ ၁၆ ရက်နေ့မှာ ရရှိတဲ့ အချက်အလက်တွေ၊ စာရင်းဇယား တွေအရ ဖြစ်ပါတယ်။ အဆင့် (၂)မှာ ၁၇ မျိုး ရှိနေပါပြီ။ အဆင့် (၃) မှာ ၁၂ မျိုးရှိနေပါပြီ။ Early approval and limited vaccine ကလည်း ခြောက်မျိုး လောက်ရှိနေပါပြီ။ ကိုဗစ် - ၁၉ ကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုတွေက လူသားတွေအတွက် အကျိုးပြုဖို့ကို အခွင့်အလမ်းတွေ စပြီးရရှိနေပါပြီ။
တစ်ချိန်တည်းမှာ ပညာရှင်တွေကလည်း ခုနက အဆင့် (၃) မှာရှိနေတဲ့ ၁၂ မျိုးထဲက ဒီတစ်ပတ်၊ နှစ်ပတ် အတွင်းမှာ ထပ်ပြီးအစွမ်းထက်တဲ့၊ ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးတွေ ထွက်လာနိုင်တယ်လို့ မျှော်မှန်းထား ကြပါတယ်။ ဒီဟာကို ကာကွယ်ဆေး ထုတ်တဲ့သူတွေက လည်း အားကြိုးမာန်တက်ထုတ်နေတယ်။ နောက်ထပ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း လူအများကိုအသုံးပြုဖို့ အတွက် ထိရောက်မှုနဲ့ တစ်ခါထိုးထားရင် ဘယ်လောက် ကြာကြာ ကာကွယ်ခုခံနိုင်သလဲ။ ဘယ်လိုဘေးထွက် ဆိုးကျိုးအနည်းဆုံးဖြစ်သလဲကို စောင့်ကြည့်သုံးသပ် နေကြပါတယ်။
ကာကွယ်ဆေးနဲ့ဆိုင်တဲ့ ပညာရှင်တွေ မျှော်မှန်းထား တာက ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ ထွက်နိုင်တဲ့ ကာကွယ်ဆေးတွေရှိသလို COVAX Facility က ကာကွယ် ဆေးတွေက ၂၀၂၁ ခုနှစ် ပထမ လေးလပတ်လောက်မှာ ရရှိနိုင်မယ့် အနေအထားရှိတယ်လို့ နိုင်ငံတွေကို အသိ ပေးထားပါတယ်။ ကျွန်တော်ဆိုလိုတာက ဒီကာကွယ် ဆေးတွေကို ၂၀၂၁ ခုနှစ် ပထမ လေးလပတ်လောက်မှာ ရရှိနိုင်တဲ့ အနေအထားရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း ဒီလိုကာကွယ်ဆေး မရခင် ကာလမှာ နိုင်ငံတိုင်းက အခုဆောင်ရွက်နေတဲ့ ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးတွေကလည်း စတင် ထုတ်လုပ်တဲ့အခါမှာ ထုတ်လုပ်နိုင်တဲ့ ကာကွယ်ဆေး အမျိုးအစား နည်းပါးတာရယ်၊ ထုတ်နိုင်တဲ့ အရေ အတွက်လည်း နည်းတာဖြစ်တာကြောင့် နိုင်ငံတိုင်းက လည်း ရရှိနိုင်မယ့် အခွင့်အလမ်း နည်းပါတယ်။
နောက်ပိုင်းမှာ ခုနက ကျွန်တော်တင်ပြထားသလို ကာကွယ်ဆေးအမျိုးအစားတွေက ပိုပြီးများလာမယ်။ လက်ရှိ စောစောထုတ်နိုင်တဲ့ ကာကွယ်ဆေးတွေက ပိုမိုထုတ်နိုင်မယ်ဆိုရင် ပိုပြီးကာကွယ်ဆေး အရေအတွက် က ရရှိလာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ကာကွယ်ဆေးတွေကို နိုင်ငံအတွင်းမှာ ထိုးနှံနိုင်ဖို့အတွက် ကာကွယ်ဆေးရရှိဖို့က သေချာနေတဲ့အတွက်ကြောင့် ဆေးရရှိရင် သိုလှောင်ပြီး ထိုးနှံတဲ့အဆင့်အထိ ဆောင်ရွက် ဖို့အတွက် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ဦးဆောင်မှုနဲ့ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ကိုဗစ် - ၁၉ ထိုးနှံရေးစီမံချက်အတွက် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုး လုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေး စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းပြီး စနစ်တကျ ဆောင်ရွက်နေတယ်။
ဒီလိုဆောင်ရွက်မယ့် အသေးစိတ်အစီအစဉ် အချက် အလက်တွေကို တိုးချဲ့ကာကွယ်ဆေးထိုး စီမံချက်လုပ်ငန်း က ဦးဆောင်ပြီး စနစ်တကျ အသေးစိတ် တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ ဘယ်လိုထိုးမလဲ၊ ရလာတဲ့ ကာကွယ်ဆေး တွေကို ဘယ်လိုသိုလှောင်မလဲ၊ ဆေးထိုးဖို့အတွက် သင်တန်းတွေ ဘယ်လိုပေးမလဲ စသဖြင့် လုပ်ငန်း ဆောင်ရွက်သွားမယ့် အစီအစဉ်အသေးစိတ်ကို ဆောင်ရွက် ပြီးစီးလုနီးပါး ရှိနေပြီဖြစ်ပါတယ်။
ဒါကြောင့် ရရှိတဲ့ကာကွယ်ဆေးတွေကို ပြည်သူ ပြည်သားတွေအားလုံး လွှမ်းခြုံမှုရအောင် ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။ ဆောင်ရွက်တဲ့အခါမှာလည်း နှစ်ပိုင်း ရှိပါ တယ်။ ပထမဦးဆုံး ကာကွယ်ဆေးရရှိမှုက နည်းပါမယ်။ COVAX Facility အဖွဲ့အစည်းကတော့ မြန်မာနိုင်ငံအတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေရဲ့ သုံးရာခိုင်နှုန်းကို ကာကွယ်ဆေးရလျှင်ရချင်းထုတ်ပေးမှာ ဖြစ်ပါတယ်။
နိုင်ငံတော်ကလည်း ကာကွယ်ဆေးရရှိဖို့အတွက် ရန်ပုံငွေထည့်ဝင်ထားပြီး ဖြစ်ပါတယ်။ သုံးရာခိုင်နှုန်းဆိုတော့ နိုင်ငံရဲ့ ၁ ဒသမ ၆ သန်းလူဦးရေ ရမယ်။ ခုန ကျွန်တော် ပြောခဲ့တဲ့ ရည်ရွယ်ချက်အတိုင်း အဆင့်ဆင့်ထိုးနှံမယ်။ နောက်ပိုင်းမှာ ကာကွယ်ဆေး ပိုမိုရရှိလာတဲ့အခါ နိုင်ငံ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကိုပေးမယ်။ အဲဒါကတော့ ၁၀ ဒသမ ၈ သန်း ကျွန်တော်တို့ရရှိမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ရရှိတဲ့အပေါ်မှာမူတည်ပြီး နိုင်ငံ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း၊ ၂၇ သန်းလောက်စသဖြင့် အဆင့်ဆင့်ရရှိတဲ့အပေါ်မှာမူတည်ပြီး ကာကွယ်ဆေးထိုးနှံ ဖို့အတွက် စိစစ်ဆောင်ရွက်ထားပြီးပါပြီ။
ကာကွယ်ဆေးထိုးနှံဖို့ စီစဉ်တဲ့အခါ တစ်ဖက်က ကာကွယ်ဆေးရရှိတဲ့ အရေအတွက်အပေါ် စဉ်းစားပြီး စီစဉ် ရသလို တစ်ဖက်ကလည်း အခုထုတ်တဲ့ ကာကွယ်ဆေးတွေ ဟာ အနုတ် ၇၀ ဒီဂရီနဲ့ ထိန်းသိမ်းရတဲ့ ကာကွယ်ဆေးတွေ ရှိတယ်။ တချို့ကကျတော့ အနုတ် ၂၀ ဒီဂရီ၊ ၂၅ ဒီဂရီနဲ့ ထိန်းသိမ်းရတဲ့ကာကွယ်ဆေးတွေ ရှိတယ်။ အခုပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းမှာ သုံးနေတဲ့ အနုတ် ၂ ဒီဂရီနဲ့ ၈ ဒီဂရီ အတွင်းမှာ ထိန်းသိမ်းရတဲ့ ကာကွယ်ဆေးတွေ ရှိတယ်။ ရတဲ့ကာကွယ်ဆေးအပေါ်မှာ မူတည်ပြီး ကိုယ့် နိုင်ငံသူ နိုင်ငံသားတွေကို ကာကွယ်ဆေးထိုးနှံပေးဖို့အတွက် ကျွန်တော်တို့ အသေးစိတ် ဆောင်ရွက်ထားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အားလုံးသိတဲ့ အတိုင်းပဲ ဒီရောဂါကူးစက်မှုတွေကို ထိန်းချုပ်ထားနိုင်မှ သေဆုံးမှုနဲ့ နိုင်ငံရဲ့ Economic Recovery စီးပွားရေးတွေ ပြန်လည်ပြီး ဆောင်ရွက်နိုင်မယ်။ ဒီကိစ္စတွေကို စနစ်တကျဆောင်ရွက် ထားပြီးဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း လက်ရှိ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွေကို စနစ်တကျ ဆက်ပြီး ထိန်းသိမ်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း တင်ပြ လိုပါတယ်။
ကိုဗစ်-၁၉ ကာလအတွင်းမှာ ကာကွယ်ဆေးထိုး လုပ်ငန်းတွေ၊ ဥပမာ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ကို ကလေးတွေအတွက် ဆောင်ရွက်နေရတာရှိတယ်။ အဲဒီဟာတွေနဲ့ ပတ်သက်ပြီးတော့လည်း မေးထားတဲ့ မေးခွန်းတွေရှိတဲ့အတွက်ကြောင့် တိုးချဲ့ကာကွယ်ဆေးထိုး စီမံချက်မှ ဒေါက်တာထားထားလင်းက ဆွေးနွေးတင်ပြ ပေးဖို့ ဖိတ်ခေါ်ပါတယ်။
ဒေါက်တာထားထားလင်း။ ။ တချို့ကိစ္စတွေ၊ တချို့
Information တွေ ကတော့ တင်ပြဖို့ တော်တော်စောသေးတယ်။ အဲဒီအခါကျ တော့ ကျွန်မတို့အတွက် ပြင်ဆင်ဖို့လိုအပ်တဲ့ အချိန်က အနည်းဆုံး ခြောက်လလောက် လိုအပ်ပါတယ်။ တစ်နိုင်ငံလုံး မှာပါ။ အဲဒီတော့ ကျွန်မတို့ စာရင်းတွေ စပြီးကောက်နေပါပြီ။ စာရင်းတွေကို အမျိုးမျိုးကောက်မယ်။ စောစောကပြောတဲ့ ဦးစားပေးလူအုပ်စုတွေကို ဖော်ထုတ်နိုင်ဖို့အတွက် အုပ်စု ပေါင်းများစွာကို လွှာပြီး စာရင်းတွေကောက်မယ်။
အဲဒီအထဲကနေမှ ဆရာကြီး ဦးစိုးလွင်ငြိမ်းက ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ရဲ့ ဥက္ကဋ္ဌပါ။ စုစုပေါင်းပညာရှင် ၁၄ ဦးရှိပါတယ်။ တကယ့်ကို ဘက်မလိုက်သော၊ အရင်ဆုံးတော့ အန္တရာယ်များတဲ့ လူအုပ်စုကို ကာကွယ်ဆေးရရှိဖို့၊ သေဆုံးမှုကို လျှော့ချဖို့ ဆိုတဲ့ ရည်ရွယ်ချက် ပြည့်မီဖို့အတွက် လူဦးရေကို ရွေးချယ် ပြီးဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ အချိန်တိုအတွင်း ကာကွယ်ဆေးတွေက အပြိုင်အဆိုင် ဝင်ရောက်လာတဲ့အခါ နံပါတ်တစ် အရေးအကြီးဆုံးက ဘေးကင်းဖို့၊ နံပါတ်နှစ် အရေးအကြီးဆုံးက အစွမ်းထက်ဖို့ပါပဲ။
ကာကွယ်ဆေးတွေအားလုံးရဲ့ ထုတ်ပြန်ချက်တွေမှာ စဉ်ဆက်မပြတ် အာရုံစိုက်နေဖို့ လိုပါတယ်။ အဲဒီအချိန် အတွင်းမှာပဲ ကျွန်မတို့က ပြိုင်ပြီးပြင်ဆင်မှုတွေ လုပ်ရ ပါတယ်။ ပြင်ဆင်မှုလုပ်နေတဲ့အချိန်မှာလည်း မျှော်လင့် ချက် အလွန်မကြီးစေချင်ပါဘူး။ ပြင်ဆင်ရတယ်ဆိုတာ အင်မတန်မှ အချိန်ယူပါတယ်။
အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာတော့ ကာကွယ်ဆေးကို လူတိုင်းလိုချင်နေတယ် ဆိုတာနားလည် ပါတယ်။ နိုင်ငံတော်က ကာကွယ်ဆေးရရှိဖို့ နည်းလမ်း ပေါင်းစုံနဲ့ စဉ်းစားပေးနေတဲ့ အချိန်မှာ အရင်ဦးဆုံး အထိရောက်ဆုံးဖြစ်တဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို လည်း မမေ့စေချင်ပါဘူး။ ဒါကြောင့် အခုကာကွယ်ဆေးထိုး လုပ်ငန်းတွေကို Stay at Home မြို့နယ် ၇၃ မြို့နယ်မှာ ခေတ္တရပ်ထားပါတယ်။ ဒီတစ်ပတ်ထဲမှာပဲ ပြန်လည်ထိုးဖို့ အတွက် ညွှန်ကြားချက်ထုတ်ထားပါတယ်။
ကာကွယ်ဆေးထိုးတဲ့နေရာတွေမှာ မိဘတွေကလည်း အိမ်ကထွက်လာကတည်းက Stay at Home မြို့နယ် တွေဆိုတော့ ပါးစပ်နှာခေါင်းစည်းတွေ၊ မျက်နှာကာတွေ ပါလာမယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ပစ္စည်းတွေနဲ့ ကာကွယ်လာမယ်ဆိုရင် Stay at Home မြို့နယ် ၇၃ မြို့နယ်မှာ ပြန်လည်ထိုးပေးပါမယ်။
လာမယ့်ဒီဇင်ဘာလဆန်းမှာ ကွင်းဆင်းစုရပ်တွေ၊ ကျေးရွာတွေ၊ ရပ်ကွက်တွေကို ကွင်းဆင်းဖို့ အစီအစဉ် လုပ်ထားပါတယ်။ အဲဒီအတွက် သက်ဆိုင်ရာ အရင် ထိုးနေကျ ဆရာမတွေဆီမှာပဲ ဆက်သွယ်ပြီး မေးမြန်း လို့ရပါတယ်။ သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာလည်း ဆက်သွယ်မေးမြန်းလို့ ရပါတယ်။ ကြိုပြီးရက်ချိန်းယူရင် မစောင့်ရတော့ဘူး။ လူစုလူဝေးတွေနဲ့လည်း မတွေ့ရတော့ ဘူး။ အဲဒီအတွက် ပူးပေါင်းဆောင်ရွက်ပေးပါလို့ မေတ္တာ ရပ်ခံပါတယ်။
ကျွန်မတို့က ထိုးပါတော့လို့ ညွှန်ကြားချက်လာတဲ့ တစ်ပြိုင်နက် အဆင့်ဆင့်ပြင်ဆင်ရပါတယ်။ ကာကွယ် ဆေးတွေကို ပြန်ထုတ်ရတယ်။ လူဦးရေတွေ ပြန်ပြီးတော့ စိစစ်ရတယ်။ ဆရာ၊ ဆရာမတွေဘက်ကလည်း အချိန်ယူ ပါမယ်။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်ပေးပါ၊ သူတို့ရဲ့ လုပ်ငန်းတာဝန်အပေါ်မှာ နားလည်ပေးပြီး ချိန်းဆိုတဲ့ အတိုင်းသွားပေးပါ။ အဓိကတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဘာကိုခန့်မှန်းထားသလဲဆိုတော့ ကိုဗစ် - ၁၉ ကာလထဲမှာသော် လည်းကောင်း၊ ကာလပြီးပြီးချင်းမှာ သော်လည်းကောင်း ကူးစက်မြန်သော ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါတွေ၊ အထူးသဖြင့် ဝက်သက် ရောဂါတွေဟာ ခေါင်းထောင်ပြီး ထလာနိုင်တယ်။
ကိုဗစ် - ၁၉ ပြဿနာကြောင့် ကမ္ဘာ့ရဲ့ စီးပွားရေး ကျဆင်းမှုနဲ့အညီ စီးပွားရေးတွေ မပြေလည်ဘူး။ အဲဒီ အပြင် အာဟာရချို့တဲ့ ကလေးတွေများ လာနိုင်တယ်။ ဒါကြောင့် ဝက်သက်လိုကပ်ရောဂါတွေဖြစ်တဲ့အခါ မလွဲ မရှောင်သာ ပြင်းထန်နိုင်တယ်ဆိုပြီး ထင်မြင်ချက်တွေ ပေးထားပါတယ်။
ကျွန်မတို့ကတော့ ကြိုတင်ပြင်ဆင်ရမှာ ဖြစ်တဲ့ အတွက် အခု အကြံပြုထားတာကတော့ ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေး၊ ဆုံဆို့နာပါဝင်တဲ့ ကာကွယ်ဆေး ကို မပြည့်သေးဘူးဆိုရင် အသက် ၅ နှစ်အထိ ထိုးဖို့အတွက် စီစဉ်ပေးထားပါတယ်။ ကာကွယ်ဆေးထိုးကတ်ပြားလေး ရှိတယ်၊ ကလေးက သုံးနှစ်ရှိပြီ၊ ဝက်သက်ကာကွယ်ဆေး မရသေးဘူးဆိုရင် ကတ်ပြားလေးကို ယူသွားပါ။ သက်ဆိုင် ရာနီးစပ်တဲ့ ကျန်းမာရေးဌာနမှာ ရှင်းပြပါ။ ရက်ချိန်းယူပါ။ ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေး၊ ဆုံဆို့နာအတွက် ကာကွယ်ဆေးကို စီစဉ်ပေးထားပါတယ်။ ဒါလည်း ဆရာကြီးတို့အားလုံးရဲ့ အကြံပြုချက်နဲ့ ဖြစ်ပါတယ်။
လောလောဆယ်တော့ နံပါတ်တစ် ဦးစားပေးက ကိုဗစ် - ၁၉ ကူးစက်မှု မဖြစ်စေရေးပါပဲဆိုတာ ကျွန်မ ထပ်ပြီးတင်ပြချင်ပါတယ်။ နံပါတ်နှစ်က မဖြစ်မနေရရှိမယ့် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု၊ အထူးသဖြင့် ကလေး တွေအတွက် ကာကွယ်ဆေးကတော့ ရရပါမယ်။ ဒါပေမယ့် ဘယ်တော့မှ မမေ့ရမှာက အဲဒီနေရာက ကူးစက်ရောဂါ တွေ ရမလာဖို့ အရေးကြီးပါတယ်။ နောက်ဆုံးကတော့ ကိုဗစ် - ၁၉ ကာကွယ်ဆေးဖြစ်ပါတယ်။
အဲဒါရရင်လည်း အတတ်နိုင်ဆုံး အစုလိုက် ကာကွယ် ဆေးထိုးလုပ်ငန်းတွေမှာ လူ ၁၄ သန်း လောက်အထိ တစ်လအတွင်းမှာ ကာကွယ်ဆေးထိုးဖူးတဲ့ အတွေ့အကြုံ တွေရှိပါတယ်။ အဲဒီတော့ စိတ်မပူပါနဲ့။ ကာကွယ်ဆေးဟာ ကမ္ဘာ့ဈေးကွက်ကို တစ်လ၊ နှစ်လတည်းနဲ့ သန်းပေါင်း များစွာချီပြီး ရောက်လာဖို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံတိုင်းက အပြိုင်အဆိုင်ယူတာမျိုး မဟုတ်ဘဲ ကျွန်မတို့နိုင်ငံတွေ မှာလည်း ကာကွယ်ဆေးရရှိဖို့ အခွင့်အလမ်း သာတူညီ မျှရရှိဖို့ အများကြီးကြိုးစားထားပါတယ်။ အဲဒီ အတွက် ရရှိမယ်လို့လည်း မျှော်လင့်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ရောဂါကာကွယ်ရေး၊ ကုသရေးတွေနဲ့ ပတ်သက်ပြီး အာရုံစိုက်ပြီးတော့ ဆောင်ရွက်နေကြတဲ့အချိန်မှာ ဆရာရန်နိုင်မောင်က ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ဆေးရုံအုပ်ကြီး တစ်ယောက်အနေနဲ့ ဆွေးနွေးစရာတွေရှိမယ်လို့ ထင်ပါတယ်။
ဒေါက်တာရန်နိုင်မောင် ။ ။ ကျွန်တော်တို့ အနေနဲ့
တကယ်တော့ မြေပြင်မှာ လုပ်နေရတဲ့ လုပ်ငန်းတွေ အများကြီးရှိပါတယ်။ ပထမ တစ်ခုကတော့ ကာကွယ်ဆေးထိုးတာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို မရခင်မှာကာကွယ်ဆေးအနေနဲ့တော့ Mask နဲ့ Face Shield ကို ကျွန်တော်တို့ အဓိကထားပြီး ပြောနေပါတယ်။ ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်၊ နောက်ပြီး ရောဂါအဖြစ်များနေတဲ့ ဝေါမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ ဖြူးမြို့နယ်တွေမှာလည်း Mask Campaign တွေကို ကျွန်တော်တို့ သေသေချာချာအားထည့်ပြီး ဆောင်ရွက် နေပါတယ်။ လုပ်ဖို့ကိုလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက လမ်းညွှန်မှုတွေ ပေးထားပါတယ်။ နောက်ပြီး လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့ထားတာရှိ ပါတယ်။ အဲဒီအပြင် ကျွန်တော်တို့ရဲ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ကလည်း သေသေချာချာ Task Force တွေကိုဖွဲ့ပြီး လုပ်ပေးပါတယ်။
ကျွန်တော်တို့ကတော့ ဒီဟာလေးကို ဘာလို့တင်စား လိုက်သလဲဆိုရင် အခုလတ်တလော ထိုးတဲ့ကာကွယ်ဆေး မရခင်မှာ Mask နဲ့ Face Shield က ကာကွယ်ဆေးပါပဲ ဆိုတာ ဒီလိုလေး ပြောထားပါတယ်။ ပြည်သူတွေ အသိပညာရအောင် ပေးထားပါတယ်။ အဓိကတော့ လူတွေ အစုလိုက် အပြုံလိုက်တွေ့ရတာများတဲ့ ဈေးတွေ မှာ ဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ရဲ့ ဆရာကြီး ဦးစိုးလွင်ငြိမ်းကလည်း ဒီနေရာတွေကို Emphasize လုပ်ဖို့ ကျွန်တော်တို့ကို အမြဲတမ်းမှာတာ ရှိပါတယ်။ နောက်ပြီး ပြည်ထောင်စုဝန်ကြီးကလည်း အမြဲတမ်းမှာပါတယ်။ ဆရာကြီးညွှန်ကြားရေးမှူးချုပ်တို့ကလည်း မှာပါတယ်။
နောက်ပြီး အစုလိုက်အပြုံလိုက် နောက်ထပ်နေရာ တွေဖြစ်တဲ့ ဆေးရုံလိုနေရာတွေ၊ လမ်းဆုံလိုနေရာတွေ ဒါတွေကိုလည်း လုပ်ပါတယ်။ အဲဒီအပြင် ဆရာကြီးတွေ ရဲ့ လမ်းညွှန်မှုတွေ၊ ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေနဲ့ ရောဂါပိုးရှိတဲ့သူတွေကိုလည်း ဘယ်နေရာမှာ အတွေ့များ သလဲ၊ ဘယ်ကနေ အထွက်များသလဲဆိုတဲ့ အချက်အလက် တွေကိုလည်း သေသေချာချာလုပ်ထားပါတယ်။ တစ်ဆက် တည်းမှာပဲ ပဲခူးတိုင်းဒေသကြီးအပြင် အခြားနေရာတွေမှာ လည်း ဒီလိုမျိုးရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်း တွေကို လုပ်ပါတယ်။ လုပ်တာတွေကိုလည်း ကျွန်တော်တို့ ရဲ့ Facebook Page မှာ တင်ပါတယ်။ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး မေးထားတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ ကုန်တင်ကားတွေကို စစ်ပေးနေတာ ဘာဖြစ်လို့စစ်ပေး နေတာလဲ။ ကုန်တင်ကားမှာရှိတဲ့ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်တွေကို စစ်တာ အကျိုးကျေးဇူးရှိလို့လား ဆိုတဲ့ မေးခွန်းမေးထားတာ ဖြစ်တဲ့အတွက် ဒီနေ့အမေး အဖြေကဏ္ဍမှာ တစ်လက်စတည်း ထည့်သွင်းဆွေးနွေး ပေးချင်ပါတယ်။
ကုန်တင်ကားတွေကို ဘာလို့စစ်ပေးတာလဲဆိုတော့ ဧရိယာတွေကို Stay at Home ကြေညာလိုက်တဲ့အခါ Stay at Home ရဲ့ ကန့်သတ်ချက်တွေ ရှိပါတယ်။ ဖြတ်သန်းသွားလာဖို့ အခက်အခဲတွေ ရှိတဲ့အတွက် အောက်တိုဘာလဆန်းမတိုင်ခင်မှာ နေရာတွေ အကုန် လုံးမှာ ကုန်တင်ကားတွေမှအစ ပိတ်ဆို့မှုတွေဖြစ်သွား ပါတယ်။ ကုန်စည်စီးဆင်းမှုတွေ အခိုက်အတန့်အားဖြင့် ရပ်သွားတာ၊ အခက် အခဲရှိတာတွေ ဖြစ်သွားပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က ဒီဟာကိုဖြေရှင်းတဲ့အနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ RDT နဲ့ စစ်ပေးတာတွေလုပ်တယ်။
ဒီလိုပဲ အခြားဌာနဆိုင်ရာတွေကလည်း အကုန်လုံး ဝိုင်းပြီး ထိန်းသိမ်းတာတွေ လုပ်တဲ့အချိန်မှာ အခုကျွန်တော် တို့ရဲ့ မြို့နယ်တွေမှာဆိုရင် အခုက အခြေပြုတဲ့ဒေသကစပြီး ကိုယ့်ဆီကစပြီး ထွက်မယ့် ကုန်တင်ကားမောင်းတဲ့သူတွေ၊ ယာဉ်နောက်လိုက်တွေကို စစ်ပေးတာတွေ စပြီးလုပ်နေပါ တယ်။ ဒါနဲ့ပတ်သက်ပြီး ဘာအကျိုးရှိသလဲဆိုတော့ ကုန်တင်ကားမောင်းတဲ့ ယာဉ်မောင်းတွေ၊ ယာဉ်နောက် လိုက်တွေ Community မှာ ဘယ်လောက်အထိရှိတယ် ဆိုတာကို သိခွင့်ရတယ်။
ပဲခူးတိုင်းဒေသကြီးမှာ ၁၉၅၄၇ ယောက်စစ်ပြီးပါပြီ။ ဒီအထဲမှာ Positive တွေ့တာက ၁၈၁ ယောက် ဖြစ်ပါ တယ်။ ရာခိုင်နှုန်းအားဖြင့် ၁ ရာခိုင်နှုန်းမပြည့်ဘူး ဒီလိုမျိုး တွေ့တာရှိပါတယ်။ အဲဒီလို တွေ့တာမှာ တိုင်းဒေသကြီး အတွင်းက လူတွေရှိသလို အခြားမှာနေတဲ့သူတွေ တွေ့တာလည်း ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင် တုန်းကတော့ တိုင်းဒေသကြီးထဲကို ဝင်လာတဲ့သူ မှန်သမျှ ကို စစ်ပေးတာရှိပါတယ်။ အခုတော့ အခြေပြုဒေသကိုပဲ စစ်တာဖြစ်တဲ့အတွက် ပိုပြီးကောင်းပါတယ်။ ပိုကောင်း တာက ဒီကုန်တင်ကားဆရာတွေကို မထွက်ခင်မှာ ကျွန်တော်တို့က စစ်ပေးတာ ဖြစ်ပါတယ်။ သူတို့မှာ တွေ့သွားတယ်ဆိုရင် သက်ဆိုင်ရာကုသရေးစင်တာတွေကို ပို့ပြီးကုသပေးနိုင် သလို သူတို့ကတစ်ဆင့် အခြားလူတွေကို ကူးစက်မှုမရှိအောင် တစ်ခါတည်း ကာကွယ်ပြီးသား ဖြစ်သွားမယ်။ နောက်ပြီး သူတို့ရဲ့ Contact တွေကိုလည်း တစ်ခါတည်းစုပြီး စနစ်ကျတဲ့ Facility Quarantine ထား တာတွေလုပ်နိုင်ပါတယ်။ ဒါကြောင့် သူတို့အတွက် အကျိုး ရှိသလို သူတို့မိသားစုတွေအတွက်လည်း အကျိုးရှိပါ တယ်။ ဒီလိုပဲ သူတို့ပတ်ဝန်းကျင်အတွက်လည်း အကျိုးရှိ ပြီး သူတို့ထိစပ်သွားနိုင်မယ့် Community အတွက်လည်း အကျိုးရှိပါတယ်ဆိုတာကို ဒီနေရာမှာတင်ပြချင်ပါတယ်။
နောက်တစ်ခု တစ်လက်စတည်းပါပဲ ကျွန်တော် တို့ ဒီလိုလုပ်တဲ့အခါ အားလုံးက ပူးပေါင်းပြီး လုပ်ပါ တယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း လမ်းညွှန်ချက်တွေ ချမှတ်ပေးသလို ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုသရေးဦးစီးဌာနက အဖွဲ့တွေအကုန်လုံးက လည်း ကျွန်တော်တို့ကို ကူညီပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း အနီးကပ်ကြီးကြပ်ပြီး ကျွန်တော်တို့ ရဲ့ လိုအပ်ချက်တွေကို အချိန်နဲ့တစ်ပြေးညီ ဖြည့်ဆည်း ပေးတာတွေရှိပါတယ်။
အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းတွေ၊ ဆရာ TMOတွေ ဦးဆောင်ပြီး သေချာလုပ်နေသလို သက်ဆိုင်ရာ ဆေးရုံအသီးသီးမှာရှိတဲ့ ဆေးရုံအုပ်တွေ ဦးဆောင်ပြီး သမားတော်ကြီးတွေ အပါအဝင် အဆင့်ဆင့်သော ဆရာဝန်၊ သူနာပြုဝန်ထမ်းတွေကလည်း အားလုံးသေသေ ချာချာဝိုင်းပြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။
အဲဒီလိုပဲ ပရဟိတအသင်းတွေ၊ စေတနာရှင်တွေက လည်း ဝိုင်းပြီးကူညီပေးနေတာဖြစ်တဲ့အတွက် ကျွန်တော် တို့ ပဲခူးတိုင်းဒေသကြီးက ကူးစက်မှုတွေ များနေတာ ဖြစ်ပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး၊ ထိန်းချုပ်တဲ့လုပ်ငန်းတွေ၊ ကုသတဲ့လုပ်ငန်းတွေကို ပြည်သူသာအဓိကဆိုတဲ့အတိုင်း ပြည်သူရဲ့အင်အားနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်ဆိုတာ တင်ပြလို ပါတယ်။
ဒေါက်တာထားထားလင်း။ ။ ဆရာ့ဆီမှာ Stay at
Home မြို့နယ် ၃ မြို့နယ်ရှိ ပါတယ်။ အဲဒီ မြို့နယ်တွေမှာ ကာကွယ်ဆေးထိုးလုပ်ငန်း တွေ ပြန်ပြီးလုပ်တော့ ပြည်သူလူထုက ပူးပေါင်းပါဝင်တာ ကို တွေ့ရပါသလား။ အဆင်ပြေပါသလားရှင်။
ဒေါက်တာရန်နိုင်မောင်။ ။ အတော်ကို အဆင်ပြေပါ
တယ်။ ကျွန်တော်တို့ကို ကာကွယ်ဆေး ဘယ်တော့ ပြန်ထိုးမလဲဆိုပြီး မေးနေတာ တွေကိုရှိပါတယ်။ ဒေါ်ထားထားလင်းတို့လည်း သိပါတယ်။ ကျွန်တော်တို့အရင်မှာလည်း ကာကွယ်ဆေးထိုးလုပ်ငန်း တွေစတဲ့အခါ ဆေးရုံအခြေပြုနဲ့ စပါတယ်။ အဲဒီဟာတွေ မှာလည်း တကယ်ကိုပဲ အောင်မြင်အောင်လုပ်နိုင်ပါတယ်။ ပြည်သူတွေကလည်း ဆေးရုံတွေမှာလာပြီး သေသေ ချာချာလေး ကာကွယ်ဆေးထိုးပါတယ်။ ဒါကြောင့် ပြည်သူ တွေကလည်း ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေကို စိတ်ဝင်စားတယ်ဆိုတာ ပြောချင်ပါတယ်။
ဒေါက်တာစိုးလွင်ငြိမ်း ။ ။ ဆရာ ရန်နိုင်မောင်တို့
Mask နဲ့ Face Shield Campaign လုပ်နေတာ ကျွန်တော်သိရသလောက်တော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တော်တော်များများမှာ လုပ်နေ တယ်။ ရန်ကုန်တိုင်းဒေသကြီးမှာလည်း တော်တော် ကျယ်ကျယ်ပြန့်ပြန့်လုပ်နေတာ တွေ့ရတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်ဆွေးနွေးချင်တာက ကူးစက် ရောဂါတွေမှာ အထူးသဖြင့် ရောဂါကို အလျင်အမြန် ကာကွယ်ထိန်းချုပ်ချင်ရင် Campaign Approach နဲ့လုပ်ပါတယ်။
အဲဒါက ဘာလဲဆိုတော့ တစ်ချိန်တည်း၊ တစ်ပြိုင် တည်းမှာ တစ်နိုင်ငံလုံးမှာ တစ်ပြေးညီ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အခုလည်းပဲ Mask နဲ့ Face Shield Campaign က နှစ်ပတ်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါကို စနစ် တကျ လူတိုင်းလူတိုင်းက နေရာတိုင်းနေရာတိုင်းမှာ Campaign Approach တစ်ညီတစ်ညာတည်း ဆောင်ရွက် လိုက်ရင် ဗိုင်းရပ်စ်ရဲ့ကူးစက်မှုကို ဖြတ်တောက်နိုင်ပြီး သိသိသာသာထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒါနဲ့တစ်ဆက်တည်း ဆွေးနွေးချင်တာက နေ့စဉ် နေ့စဉ်တွေမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဓာတ်ခွဲစမ်းသပ်မှုအခြေအနေတွေ၊ ရောဂါဖြစ်ပွားမှုအခြေ အနေတွေ၊ သေဆုံးမှု အခြေအနေတွေ ဒါတွေကို တင်ပြနေ ပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေက ဒီအပေါ်မှာ မူတည်ပြီး စီစဉ်ဆောင်ရွက်ရမယ့် ရောဂါ ထိန်းချုပ်မှုလုပ်ငန်းတွေ၊ ကုသမှုလုပ်ငန်းတွေ၊ ဆေးရုံကိစ္စ တွေ ဒါတွေကို နေ့စဉ်စီစဉ်ဆောင်ရွက်ရပါတယ်။
ပြည်သူလူထုအနေနဲ့လည်း ဒီဖော်ပြတဲ့ ကိန်းဂဏန်း တွေအပေါ်မှာ မူတည်ပြီး လုပ်ရမယ့် တာဝန်တွေရှိကြောင်း တင်ပြဆွေးနွေးလိုပါတယ်။ အခုသေဆုံးတဲ့ လူတွေကို ကြည့်လိုက်ရင် အဲဒီမှာလည်း သီးခြားဖော်ပြထားတယ်။ သေဆုံးတဲ့သူ ဘယ်လောက်ကတော့ အသက်ကြီးပြီး ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါ စသဖြင့် ရောဂါအခံရှိတဲ့သူ ဘယ်နှယောက်သေပါတယ်ဆိုတာဖော်ပြတယ်။ ကြည့် လိုက်ရင် ဒီလိုမျိုး အသက်အရွယ်ကြီးပြီး ရောဂါအခံရှိတဲ့ သူတွေက သေဆုံးမှုပိုများနေပါတယ်။
ကျွန်တော်တို့က ဒီအသက်ကြီးတဲ့သူတွေ ပိုများနေ တယ်ဆိုပြီး ပြောနေလို့တော့မရပါဘူး။ ကျွန်တော်တို့ လုပ်ရမယ့်တာဝန်ရှိတယ်။ ဒီလိုမျိုးများနေတာ မိသားစု တစ်ခုချင်းမှာ ကာကွယ်ထိန်းချုပ်ခြင်းကို ပိုပြီးတော့ ဦးစားပေးဆောင်ရွက်ရမယ့် အနေအထားကိုပြနေတယ်။ ဒါကြောင့် မိသားစုတစ်စုချင်း၊ တစ်စုချင်းက ကိုယ့်မိသားစု မှာရှိတဲ့ သက်ကြီးရွယ်အို အဘိုးအဘွားတွေ သူတို့ရောဂါ ကူးစက်မှုမရှိအောင်သာ ထိန်းပေးလိုက်ရင် နေ့စဉ်ဖော်ပြ နေတဲ့ သေဆုံးမှုတွေက ကျသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာကိုလည်း ပြည်သူလူထုအနေနဲ့သိစေချင်ပါတယ်။
ဒီဂဏန်းအပေါ်မှာမူတည်ပြီး ကိုယ်တွေဟာ ဘယ် အပိုင်းမှာ ပူးပေါင်းဆောင်ရွက်ရမလဲ။ ဒါတွေကိုလည်း သိစေချင်တယ်။ လုပ်လည်းလုပ်စေချင်တယ်။ သေချာ ဖိဖိစီးစီး လုပ်လိုက်မယ်ဆိုရင် ကာကွယ်ဆေးတွေကို စောင့်စရာမလိုဘဲနဲ့ သေဆုံးမှုကို သိသိသာသာကျဆင်း အောင် ဆောင်ရွက်နိုင်မယ့်နည်းလမ်း ဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ရောဂါဖြစ်ပွားတဲ့သူတွေကို ကြည့်လိုက်မယ်ဆိုရင် အတည်ပြုလူနာရဲ့ ၆၀ ရာခိုင်နှုန်း က ထိတွေ့တဲ့လူတွေရဲ့ ၆၀ ရာခိုင်နှုန်းမှာ ရောဂါပိုး တွေ့တယ်ဆိုတာကို တွေ့ရတယ်။ ထိတွေ့တဲ့သူတွေက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Mask တပ်တာ၊ လက်ဆေးတာ၊ Social Distancing တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေတာတွေ၊ လူစုလူဝေးကို ရှောင်ကြဉ် တာတွေ ဒါတွေကိုလည်း ဒီရက်ပိုင်းမှာ အားထည့်ပြီး ဆောင်ရွက်ပေးဖို့အတွက် ကျွန်တော့်အနေနဲ့ တင်ပြ ဆွေးနွေးလိုပါတယ်။ ။