
လွိုင်လင် ဇွန် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ ပင်လုံအရှေ့အုပ်စု ဝမ်အင်ကျေးရွာ တောင်သူဦးစိုင်းလုံ၏ လယ်မြေငါးဧကတွင် ယမန်နေ့က ကွင်းသရုပ်ပြ ပွဲကို ကျင်းပသည်။
အဆိုပါ မိုးစပါးမျိုးစေ့ချကိရိယာဖြင့် စပါးတိုက်ရိုက် မျိုးစေ့ချ စိုက်ပျိုးခြင်းဖြင့် လယ်ယာလုပ်သားရှားပါးမှုရှောင်ရှားနိုင်ခြင်း၊ အတန်း လိုက်ဆောင်ရွက်ခြင်းဖြစ်သဖြင့် အပင်ပြုစုထိန်းသိမ်းမှုလွယ်ကူခြင်း၊ မျိုးတူစပါးစိုက်ပျိုးပါကပျိုးထောင်စိုက်ပျိုးခြင်းထက် ခုနစ်ရက်မှ ၁၀ ရက်အထိစော၍ ရိတ်သိမ်းနိုင်ခြင်း၊ အချိန်နှင့် ကုန်ကျစရိတ်သက်သာခြင်း စသည့်အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း ပင်လုံမြို့နယ် စိုက်ပျိုး ရေးဦးစီးမှူးထံမှ သိရသည်။ ဆက်လက်၍ မင်းမဟော်ကုမ္ပဏီလီမီ တက်မှ တိုင်းမန်နေဂျာဦးတင်မိုးက တောင်သူများအား ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ အပင်ကြီးထွားအားဆေး၊ ပိုးသတ်ဆေးများကို စနစ် တကျသုံးစွဲတတ်စေရန် ဟောပြောခဲ့သည်။
အယ်မင်း(လွိုင်လင်)