တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  ဇွန်   ၁၀


တိုင်းဒေသကြီးနှင့်       ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး  အသက် ၄၀ အထက်   ဒေသခံပြည်သူများ၊ အကျဉ်းသား၊   အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊    ကယ်ဆယ် ရေးစခန်းများ၊  ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထက် အခြေခံပညာမူလတန်း၊    အလယ်တန်း နှင့်  အထက်တန်းအဆင့် ကျောင်းသား  ကျောင်းသူများ စသည့်ဦးတည် အုပ်စုများသတ်မှတ်၍    တပ်မတော်မှ    ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံ များမှ  ဆရာဝန်များ၊  သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက   ကာကွယ်ဆေးထိုးခြင်း   လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့  ဆောင်ရွက်လျက်ရှိရာ ဇွန်  ၉  ရက်နှင့် ယနေ့တို့တွင် ရှမ်း ပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တို့၌  ဒေသခံ ပြည်သူ  ၁၉၂၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ ဒေသခံ ပြည်သူ ၂၃၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ် တို့၌ ဒေသခံပြည်သူ ၁၁၃၄၇ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်၌  ဒေသခံပြည်သူ ၁၆၅၀၊   မန္တလေးတိုင်းဒေသကြီး အတွင်းရှိ  ခရိုင်ခုနစ်ခုတို့၌  ဒေသခံပြည်သူ ၁၇၀၉၀ ၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၌ ဒေသခံ ပြည်သူ ၆၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊  သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊  စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးသည်။
ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ  ဇွန် ၉  ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ  မြို့နယ်  ၁၅  မြို့နယ်တို့၌ ကျောင်းသား   ကျောင်းသူ  ၈၂၈၈ ဦး၊  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ  မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၄၂၇၃၅ ဦး၊  ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၃၀၂၁၂ ဦး၊  စစ်ကိုင်းတိုင်းဒေသကြီး  ကလေး မြို့နယ်၌   ကျောင်းသား ကျောင်းသူ   ၄၅၀၊   မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ကျောင်းသား  ကျောင်းသူ ၁၂၄ ဦး၊   ပဲခူးတိုင်း ဒေသကြီး   အုတ်တွင်းမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၁၀၆၀ တို့ကို   တပ်မတော်မှ  ဆေးအဖွဲ့များက  ပြည်သူ့ဆေးရုံများမှ  ဆရာဝန်များ၊   သက်ဆိုင်ရာ   ကျန်းမာရေးဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို  သက်ဆိုင်ရာ  တိုင်းစစ်ဌာန ချုပ်များမှ   တာဝန်ရှိသူများနှင့်   ဌာနဆိုင်ရာ  တာဝန်ရှိသူများက  သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။            

သတင်းစဉ်