မော်လမြိုင် အဝေးပြေးယာဉ်ရပ်နားစခန်း၌ စည်းကမ်းနှင့်အညီ အဝေးပြေးယာဉ်များပြေးဆွဲရေး ကြည့်ရှုစစ်ဆေး

 

မော်လမြိုင်    ဇွန်   ၁၀


မွန်ပြည်နယ်  ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်း ထွန်းသည်       ယနေ့ နံနက်ပိုင်းတွင်  မော်လမြိုင်အဝေးပြေးယာဉ်ရပ်နားစခန်း၌ မော်တော်ယာဉ်လိုင်း များ၏   လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ    လိုက်နာ ဆောင်ရွက်မှုအခြေအနေများ၊   သန့်ရှင်းသပ်ရပ်မှု ရှိစေရေးနှင့်အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ်များ ဖြစ်ပွား မှုမရှိစေရေးတို့အတွက်  အလေးထားဆောင်ရွက်မှု အခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

 


ထို့နောက် မြို့နယ်အသီးသီးတို့၏   မော်တော် ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းကြီးကြပ်မှု ကော်မတီ များနှင့်တွေ့ဆုံပြီး  မွန်ပြည်နယ်   ပို့ဆောင်ရေးစီမံ ကိန်းဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးက ကြီးကြပ်မှု ကော်မတီများ    ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ စစ်ဆေးဆောင်ရွက်လျက်ရှိသည့်    လုပ်ငန်းများ၊ မော်တော်ယဉ်များပြေးဆွဲနေမှု အခြေအနေများကို ရှင်းလင်းတင်ပြ၍   ပြည်နယ်မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌက   ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များ၊ အခွန်ကောက်ခံရရှိမှုအခြေအနေများ၊ မြေယာ အသုံးပြုမှုအခြေအနေများ၊ သက်ဆိုင်ရာ မော်တော် ယာဉ်လိုင်းများအလိုက် ကြီးကြပ်ဆောင်ရွက်သည့် အခြေအနေများနှင့်စပ်လျဉ်း၍    ရှင်းလင်းတင်ပြသည်။

 


ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနှင့်   ပြည်နယ်ကျန်းမာရေးဦးစီးမှူးတို့က မော်တော်ယာဉ်ဂိတ်များ၌ လုံခြုံရေးအတွက်   စီမံ ပြင်ဆင်ထားရန် လိုအပ်မှုများ၊ တန်ဆာပစ္စည်များ လက်ခံမှု/ ထုတ်ပေးမှုများတွင် လုံခြုံရေးအသိ လုံခြုံ ရေး သတိဖြင့် ဆောင်ရွက်ရန် လိုအပ်မှုများ၊ ခရီးသွား ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်စီးနင်းရေးအတွက် ကြပ်မတ်ဆောင်ရွက် ရန် လိုအပ်မှုများ၊  တရားမဝင်နယ်စပ်ဖြတ်ကျော် သွားလာမှုများမရှိစေရေးအတွက်    အလေးထား ဆောင်ရွက်ရန် လိုအပ်မှုများ၊   ကူးစက်ရောဂါများ ပျံ့နှံ့မှုမရှိစေရေး     ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ပြုလုပ်ဆောင် ရွက်ရန်လိုအပ်မှုများအပေါ်   ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။ 

 


ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီး ချုပ်က မော်တော်ယာဉ်လိုင်းပေါင်းစုံ   ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီများအနေဖြင့် သတ်မှတ်ထား သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ  လိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊   မြို့နယ်များ အလိုက် ပြေးဆွဲလျက်ရှိသည့် မော်တော်ယာဉ်လိုင်း များအနေဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းများ ပျက်ကွက် ပါက စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက် သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်များ မောင်းနှင်သွားလာမှုနှင့်  စပ်လျဉ်း၍    လုံခြုံမှုနှင့် စနစ်ကျနမှုရှိရန် လိုအပ်ကြောင်း၊ စည်းကမ်းတကျ မောင်းနှင်သွားလာမှုရှိစေရေးနှင့်    ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များကို  အထူးအလေးထား လိုက်နာဆောင်ရွက်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရေး တို့ကို ပြည်နယ်ကော်မတီအနေဖြင့်     ကြပ်မတ် ဆောင်ရွက်ရန်        လိုအပ်ကြောင်းပြောကြားပြီး မြို့နယ်ကြီးကြပ်မှုကော်မတီများ၏တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


ခင်စန်းမြင့် ခရိုင်(ပြန်/ဆက်)