ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

 

နေပြည်တော်   ဇွန်   ၇
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်း က ဝန်ကြီးဌာနကျောက်စိမ်းခန်းမ၌  Tourism  vs  Skills Development  ဟိုတယ်နှင့်  ခရီးသွားကဏ္ဍ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။ 
အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဝန်ထမ်းများ၊ အလုပ်သမားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင် အသင်းများမှ    တာဝန်ရှိသူများ၊   တက္ကသိုလ်/ ကောလိပ်များမှ ဆရာ ဆရာမများ၊ နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများနှင့်     ဖိတ်ကြားထားသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး က အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က မေ ၂၆ ရက်တွင်   ကျင်းပခဲ့သော  အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်း အဝေး၌ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားချက်အရ ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊  ဝန်ထမ်းများ၏  အရည်အသွေးကို   ဖော်ထုတ်ရန် အတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခဲ့ရာ (၁၂) ကြိမ်မြောက်     ရှိပြီဖြစ်ပါကြောင်း၊   အထူးသဖြင့် ဟိုတယ်နှင့်     ခရီးသွားလုပ်ငန်းသည်    နယ်ပယ် ကျယ်ပြန့်စွာ    ဝန်ဆောင်မှုပေးရသော    လုပ်ငန်း ဖြစ်သောကြောင့် ဝန်ထမ်းများ၏ ဘာသာရပ်အပေါ် ကျွမ်းကျင်စွာ   တတ်ကျွမ်းနားလည်မှု   လိုအပ်ပါ ကြောင်း။ 
အဓိကအားဖြင့် Personal Skill နှင့် Professi-onal Skill ဟူ၍ ကျွမ်းကျင်မှုအရည်အသွေး နှစ်မျိုး ရှိရာ Personal Skill ဖြစ်သည့် Soft Skill များအပြင် Professional Skill ဖြစ်သည့် Hard Skill များသည် လုပ်ငန်းအောင်မြင်မှုအတွက် အလွန်အရေးကြီးပါ ကြောင်း၊ ထို့အပြင် လုပ်ငန်းနှင့် ပတ်သက်သော တုံ့ပြန်ချက်များအား ပြန်လည်သုံးသပ်ပြီး လိုအပ် သည့်    ပြုပြင်ပြောင်းလဲမှုများ   ပြုလုပ်ခြင်းဖြင့် အောင်မြင်မှုများရရှိနိုင်မည်ဖြစ်ပါကြောင်း၊  ထို့ပြင် အလုပ်သမားဝန်ကြီးဌာနရှိ လုပ်သားများကျွမ်းကျင် မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) နှင့် ပူးပေါင်း ၍ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားကဏ္ဍရှိ လုပ်သား များ၏ ကျွမ်းကျင်မှုအရည်အသွေးများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက်   ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးတွင် NSSA မှ အသိအမှတ်ပြုထားသော ဟိုတယ်နှင့်ခရီးသွားအလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်အကဲဖြတ်သော  Assessment Center ၃၅ ခုရှိပြီး  Assessor ၄၀ နှင့် Chief Assessor ခုနစ် ဦးဖြင့်  လုပ်ငန်းစဉ်များကို   ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် ဟိုတယ်နှင့်   ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည် ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများအနေဖြင့် စိတ်ဝင်တစား လေ့လာမှတ် သားပြီး ဝိုင်းဝန်းဆွေးနွေးကြခြင်းဖြင့် ရလဒ်ကောင်း များ  ပေါ်ထွက်လာမည်ဟု   မျှော်လင့်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍   မြန်မာနိုင်ငံ  ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ    ဦးရန်ဝင်း၊   အလုပ်သမားဝန်ကြီး ဌာန၊           အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြား ရေးမှူး ဒေါ်မြမြသက်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ လေ့ကျင့်ရေးနှင့် ပညာပေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးနောင်နောင်လင်းအောင်၊ မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အလုပ်အမှုဆောင် ဒေါက်တာလူမွန်တို့က   ကဏ္ဍအလိုက်  ဆွေးနွေး ရှင်းလင်းပြောကြားသည်။
ထို့နောက် ဝန်ကြီးဌာနမှ ဝန်ထမ်းများ ကျွမ်းကျင် မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍရှိ ဝန်ထမ်းများ      ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂ္ဂလိကနှင့်      လုပ်သားဈေးကွက်အခြေအနေနှင့် အာဆီယံနှင့်        အာဆီယံဒေသတွင်းနိုင်ငံများ ဆောင်ရွက်ချက်၊  အပြန်အလှန် အသိအမှတ်ပြုမှု အစီအစဉ်များ       စသည့်ခေါင်းစဉ်လေးခုအပေါ် အသီးသီးတင်ပြဆွေးနွေးကြပြီး အလုပ်ရုံဆွေးနွေးပွဲ ၏ သဘာပတိက  ထွက်ပေါ်လာသော  ရလဒ်များ အပေါ် သုံးသပ်ဖော်ထုတ်တင်ပြကာ ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး ပါဝင် ဆွေးနွေးကြသူများကို        ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။    သတင်းစဉ်