
နတ်တလင်း ဇွန် ၇
နတ်တလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများမှ ဇွန် ၆ ရက်က သရက်တပင်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရ သည်။
ထို့သို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးရွာ များ၏ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရေးအတွက် လက်တွေ့ သရုပ်ပြခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဒေသခံတောင်သူများ သိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆွေးနွေးမေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။
နတ်တလင်းမြို့နယ်အတွင်း ယနေ့ထိ ကျေးရွာ ၂၃ ရွာအား ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိနေသည့် ကျေးရွာအုပ်စုများသို့ လည်းကွင်းဆင်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု တိုးတက် ရေး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများဆိုင်ရာ သင်တန်းနှင့် လက်တွေ့သရုပ်ပြခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးထံမှ သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)