
နေပြည်တော် ဇွန် ၇
ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်း မိသားစုများ၏ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ဝန်ကြီးရုံးဝင်း၌ ကျင်းပ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ရုံးအဝင် လမ်းဘေးရှိ တစ်ဖက်ပိတ်ဆည် အတွင်းသို့ ငါးကြင်းသားပေါက် များကို စိုက်ထည့်ပေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများက ဆည် အတွင်းသို့ ငါးကြင်း သားပေါက် ကောင်ရေ ၃၀၀၀ ကို စိုက်ထည့် ပေးကြသည်။ ယင်းနောက် ရုံး အနောက်ဘက် ကွန်ကရစ်လမ်း ဝဲ/ယာရှိ သတ်မှတ်နေရာအသီးသီး တွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယ ဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့် အရာထမ်း/ အမှု ထမ်းများက ကျွန်း၊ ငု၊ ငုချယ်ရီ၊ ကံ့ကော်၊ ခရေ၊ သပြေ၊ စိန်ပန်းပင် ကြီး၊ ပျဉ်းမ၊ သီဟိုဠ် စုစုပေါင်း ၁၃၅ ပင်ကို စိုက်ပျိုးပေးခဲ့ကြ သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အရာထမ်း/ အမှုထမ်း များ၏ သစ်ပင်စိုက်ပျိုးနေမှု ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်