
နေပြည်တော် ဇွန် ၇
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် PDF အမည်ခံ အကြမ်းဖက် သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းရှိ စာသင်ကျောင်းဆောင် နှစ်ဆောင်နှင့် စာသင်ခုံများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ် ” ခေါင်းစဉ်ဖြင့် ဇွန် ၈ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်သည်။
ထို့ပြင် လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “နောင်ချို မြို့နယ် ပညာရေးမှူးရုံး နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမ၌ ပညာရေးဆိုင်ရာ အစည်းအဝေးပြုလုပ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲ၊ အခြေခံပညာမူလတန်းလွန် ကျောင်းအုပ်ဆရာမကြီးတစ်ဦး သေဆုံး၊ ကျောင်းအုပ်၊ ဆရာ၊ ဆရာမ ခြောက်ဦးနှင့် အရပ်သားဝန်ထမ်း တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ်” နှင့် ပတ်သက်သည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင် ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ် လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ် ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေး အချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်