၁-၆-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊   သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို   ၂၀၂၂   ခုနှစ်၊    ဇွန် ၁ ရက်    မွန်းလွဲ ၁ နာရီ တွင်   ပြန်ကြားရေးဝန်ကြီးဌာန၌  ကျင်းပပြုလုပ်ရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ်ဇော်မင်းထွန်း၊            ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့်  ဌာနဆိုင်ရာ   သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏  သိရှိလိုသည့်  မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။

(ယမန်နေ့မှ အဆက်)
Myanmar    Hard    Talk   သတင်းဌာနမှ သတင်းထောက်ဥက္ကာက   ယခု  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေနှင့် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆောင်ရွက်မှုများတွင် မည်သို့သော စိန်ခေါ်မှုများကို တွေ့ရှိရသည်၊မည်သို့ ကျော်ဖြတ် နေရသည်ကို   သိလိုကြောင်း၊    ငြိမ်းချမ်းရေးနှင့် ပတ်သက်၍    သိလိုကြောင်း၊   ပညာရေးနှင့် ပတ်သက်၍ ကျောင်းသားများကို ထောက်ပံ့နေသည် မှာ   အင်မတန်ဝမ်းသာဖို့ကောင်းပါကြောင်း၊ ထို ထောက်ပံ့မှုသည်       ယခုပထမနှစ်အစမှာသာ ထောက်ပံ့သွားမည်လား၊ ကျောင်းသားများ အခက် အခဲဖြစ်လေ့ဖြစ်ထရှိသည့်       နှစ်ဝက်လိုအချိန် မျိုးတွင်လည်း       ထောက်ပံ့သွားရန်ရှိပါသလား၊ ပညာရေးထောက်ပံ့မှုများကို     အရပ်ဘက်အဖွဲ့ အစည်းများနှင့်ပေါင်းပြီး     မည်သို့ချိတ်ဆက်၍ လုပ်ဆောင်ရန်ရှိသည်ကို သိလိုကြောင်း။
အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍  အကြမ်းဖက်မှုများက     ရှိနေဆဲဖြစ်ကြောင်း၊  ထိုအကြမ်းဖက်မှုများအပေါ်တွင် PDF၊ NUG တို့ ဘက်ကလည်း   ဝါဒဖြန့်သည့်အနေဖြင့်  ၎င်းတို့ နိုင်နေပြီ        တပ်မတော်ကျရှုံးတော့မည်ဟုပြော ကြောင်း၊ ထိုအပေါ်တွင်  မည်သို့ပြန်လည်ဖြေကြားပေးနိုင်မည်ကိုသိလိုကြောင်း၊      သံတမန်ရေးနှင့် ပတ်သက်၍      သံတမန်ရေးဆောင်ရွက်နေသည့် ကိစ္စအပေါ်တွင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အနေနှင့် မည်သို့သော  အခက်အခဲစိန်ခေါ်မှုများရှိ သည်၊ မည်သို့ ဆောင်ရွက်နေသည်ကို သိလိုကြောင်း မေးမြန်းသည်။
ငြိမ်းချမ်းရေး
ဗိုလ်ချုပ်ဇော်မင်းထွန်းက  ငြိမ်းချမ်းရေးနှင့် ပတ်သက်၍        ဆယ်နှစ်တာကာလအတွင်း သင်ခန်းစာယူရမည့်    အကြောင်းအရာများကို မိမိ ပြောခဲ့ပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ စိန်ခေါ်မှုမှာ ယေဘုယျအားဖြင့် နှစ်မျိုးရှိကြောင်း၊ ထို နှစ်မျိုးမှာ  External Factors နှင့် Internal Factors  ဆိုသည့် ပြည်တွင်း၊ ပြည်ပမှလာသည့် အကြောင်းအရာနှစ်မျိုးဖြစ်ကြောင်း၊ ပြည်တွင်းနှင့် ပတ်သက်၍ မိမိတို့ရင်ဆိုင်ရသည့် အဓိကစိန်ခေါ်မှု ကို   ယခင်သတင်းစာရှင်းလင်းပွဲတွင်လည်း   မိမိ ပြောခဲ့ပြီးဖြစ်ကြောင်း၊     မိမိပြောခဲ့သည်မှာ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း‌ အောင်မြင်မည် ဟု   မိမိယုံကြည်ကြောင်း၊    အောင်မြင်မည်ဟု ယုံကြည်သည်မှာ မိမိတို့တွင် အချက်လေးချက်ရှိခြင်း ကြောင့် ဖြစ်ကြောင်း။
နံပါတ်တစ်အနေဖြင့်      အတွေ့အကြုံနှင့် ပတ်သက်၍ မိမိတို့တွင်ရှိကြောင်း၊ နံပါတ်နှစ်အနေ ဖြင့်   ပေးလာသည့်အချိန်အခါနှင့်   ပတ်သက်၍ လုပ်နည်းများ၊ လုပ်နိုင်ခြင်း၊ ဆောင်ရွက်နိုင်ခြင်းများ မိမိတို့တွင်ရှိကြောင်း၊ အချိန်ကာလအားဖြင့် မိမိတို့ ဘက်တွင်ရှိကြောင်းကို    ပြောခဲ့ကြောင်း၊  အဓိက မိမိတို့ ထပ်မံဖြည့်ဆည်းရမည်မှာ ပြည်သူလူထု၏ ပါဝင်မှုနှင့် ပတ်သက်၍ဖြစ်ကြောင်း၊ ယခုနောက်ပိုင်း တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ထောက်ခံခြင်း များတွင်  ပြည်သူလူထုပါဝင်လာမှု   မြင့်တက်လာ သည်များရှိကြောင်း။
သို့သော်   ပြည်တွင်း၌   အဓိကကြုံတွေ့ရသည့် အခက်အခဲမှာ နံပါတ်တစ် အချက်အနေဖြင့် တချို့ တိုက်ရိုက်ပါဝင်ပတ်သက်သူများ      ကိုယ်တိုင် သိလျက်နှင့် မသိချင်ယောင်ဆောင်ခြင်း၊ နံပါတ်နှစ် အချက်အနေဖြင့်   မကြားချင်ယောင်ဆောင်ခြင်း ဖြစ်ကြောင်း၊     မသိချင်ယောင်ဆောင်ခြင်းနှင့် တိုက်ရိုက်ပါဝင်ပတ်သက်သူများ ကိုယ်တိုင်မကြား ချင်ယောင်ဆောင်ခြင်းမှာ   အဓိကအခက်အခဲဖြစ် ကြောင်း၊ မိမိဆိုလိုသည်ကို  ထပ်ရှင်းအောင်ပြောရ မည်ဆိုလျှင်     တိုက်ရိုက်ပါဝင်ပတ်သက်သည့်သူ ဆိုသည်မှာ ငြိမ်းချမ်းရေးမှာ ပါဝင်ပတ်သက်သည့် သူအားလုံးထက်ပိုပြီး     ပါဝင်ပတ်သက်သည့်သူ မည်သူရှိမည်လဲဟု ယခင်သတင်းစာရှင်းလင်းပွဲတွင် မိမိပြောခဲ့ပါကြောင်း၊ အချို့နေရာများတွင်  ယခင် ကတည်းကတိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အနိမ့်အမြင့်အတက်အကျများရှိခဲ့သကဲ့သို့ အချို့ နေရာများတွင် EAO အဖွဲ့အစည်းများ ကိုယ်တိုင်က ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တောင်းဆိုထားသည့် အချက်အလက်များရှိကြောင်း၊    တောင်းဆိုထား သည့်   အချက်အလက်ဆိုသည်မှာ ဥပမာ  NCA စာချုပ် ဖြစ်ပေါ်လာရန်အတွက်   လိုင်ဇာ၊   KIA ၌ အခြေခံခဲ့ကြောင်း၊ NCA စာချုပ်ကို  ထပ်မံအဆင့် မြှင့်တင်ခြင်းများ၊ NCA စာချုပ် အတည်ပြုခြင်းများကို လော်ခီးလာ၊ KNU တွင် အတည်ပြုခဲ့ကြောင်း။
ငြိမ်းချမ်းရေးဆွေးနွေး
ယခု ငြိမ်းချမ်းရေးဆွေးနွေးရာတွင် KNU၊  KIA မပါကြောင်း၊   မိမိတို့    ဆွေးနွေးနေသည်များမှာ ၎င်းတို့ရေးဆွဲခဲ့သည့်အတိုင်း      ဆွေးနွေးနေခြင်း ဖြစ်သော်လည်း ၎င်းတို့မပါသည်မှာ မသိချင်ယောင် ဆောင်ခြင်းပင်ဖြစ်ကြောင်း၊           မကြားချင် ယောင်ဆောင်ခြင်းဆိုသည်မှာ      ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက်  ဖိတ်ခေါ်ခဲ့ကြောင်း၊ အချို့ အဖွဲ့များတွင်    ပေါ်ပေါ်တင်တင်မတက်ဘူးဆို၍ ထုတ်ပြန်ခဲ့ကြောင်း၊ အချို့အဖွဲ့များမှာ တက်မည်ဟု လည်း မပြောကြောင်း၊   မတက်ဘူးဟူ၍လည်း မပြောသည့်အတွက် မကြားချင်ယောင်ဆောင်ခြင်း ဖြစ်ကြောင်း၊ ယင်းသည် မိမိတို့အတွက် အဓိက အခက်အခဲဖြစ်ကြောင်း၊ မိမိတို့ပြည်သူလူထု မီဒီယာ များနှင့် လုပ်ရမည်မှာ မသိချင်ယောင်ဆောင်သည့် သူများကို သိအောင် မိမိတို့က မျက်စိဖွင့်ရလိမ့်မည် ဖြစ်ကြောင်း၊ မကြားချင်ယောင်ဆောင်နေသည့်သူ ကို  ကြားအောင် မိမိတို့ ပြောပေးရလိမ့်မည်ဖြစ် ကြောင်း။
ထိုကိစ္စများသည် မိမိတို့အစိုးရ၏  တာဝန်ဖြစ် သကဲ့သို့ ပြည်သူလူထုအားလုံးကလည်း ပါဝင်ရန် အရေးကြီးကြောင်း၊    မည်သည့်အတွက်ကြောင့် ဆိုသော် မြန်မာနိုင်ငံ၏ အဓိက အခက်အခဲပြဿနာ များသည် ယင်းအပေါ်တွင် မူတည်နေခြင်းကြောင့် ဖြစ်ကြောင်း၊ နံပါတ်နှစ်အချက်သည် ပညာရေးဖြစ် ကြောင်း၊ ပညာရေးထောက်ပံ့မှုများနှင့် ပတ်သက်၍ အကြမ်းဖျင်းမူဝါဒ  ပြောပြလိုကြောင်း၊   ပြဋ္ဌာန်း စာအုပ်များသည် မိမိတို့ငယ်ငယ်တုန်းကဆိုလျှင် အဟောင်းပြန်ကိုင်ရခြင်းများရှိကြောင်း၊ သက်သာ သည့်ဈေးနှုန်းနှင့် ဝယ်ရသည်များရှိကြောင်း၊ ယခု အချိန်တွင် ကျောင်းသား  ကျောင်းသူအားလုံးကို ပညာရေးဝန်ကြီးဌာန၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြဋ္ဌာန်းစာအုပ်အသစ်ကိုသာ   ကိုင်ခိုင်းကြောင်း၊ ထိုသို့  စာအုပ်အသစ်ကိုင်နိုင်ရန်အတွက်   နှစ်စဉ် နှစ်တိုင်းပုံနှိပ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း ပို့ဆောင်ရ ကြောင်း၊ ထိုအရာများကို အကြမ်းဖက်သမားများက ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ မီးရှို့ ဖျက်ဆီးခြင်းများ၊ ပိုက်ဆံကောက်ခြင်းများရှိကြောင်း၊      မူလတန်း ကလေးများဆိုလျှင်         ကျောင်းဝတ်စုံကအစ ထောက်ပံ့ပေးသည့်အခါတွင်             နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအနေနှင့်  မည်မျှအထိ ဂရုစိုက်သလဲဆိုလျှင် ကျောင်းဝတ်စုံများကို အရည် အသွေးမမီသည်များ ဖြစ်မည်စိုးသဖြင့် တပ်မတော် အထည်ချုပ်စက်ရုံများမှ   ကျောင်းဝတ်စုံများကို အဆင့်မီမီရက်လုပ်ပေးနိုင်ရန်၊ ချုပ်လုပ်ပေးနိုင်ရန် အလေးထား        လုပ်ဆောင်လျက်ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများကို ထောက်ပံ့သည်မှာ တပ်မတော်တွင် မူဝါဒတစ်ခုအဖြစ်ရှိကြောင်း။
တပ်မတော်တွင် မည်ကဲ့သို့ထောက်ပံ့သလဲဆို လျှင် နှစ်အစတွင်  တစ်ခါ၊   နှစ်ဝက်တွင် တစ်ခါ ထောက်ပံ့ကြောင်း၊ နှစ်ဝက်တွင်  ထောက်ပံ့သည့် အခါတွင်လည်း    လိုအပ်မည့်  ကျောင်းသုံးဗလာ စာအုပ်ကဲ့သို့ ကျောင်းသုံးပစ္စည်းများ၊ တတ်နိုင်သည့် နေရာများတွင် ကျောင်းဝတ်စုံများပါ ထောက်ပံ့ ကြောင်း၊ အနည်းဆုံး  ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊  အထောက်အကူပြုပစ္စည်းများ  ထောက်ပံ့ ပေးခြင်းများရှိကြောင်း၊    သတင်းထောက်ကြီး အနေနှင့်    ယခုလို    ကျောင်းသားများအတွက် မေးမြန်းပေးသည့်အတွက် မိမိတို့အနေနှင့်လည်း ကျေးဇူးတင်ပါကြောင်း၊ ယခုပြောသည့် ကိစ္စများကို မိမိဆက်လက်သတင်းပို့ပြီး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဗိုလ်ချုပ်ပြောကြားသွားခဲ့သကဲ့သို့ ကျောင်းသားများ အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ပုံနှိပ်စာအုပ် များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်များ တစ်နှစ် စာ         အကြမ်းဖျင်းလုံလောက်မှုရှိပါကြောင်း၊ ကျန်သည့်ထောက်ပံ့မှုအနေနှင့်       ပညာသင် ထောက်ပံ့ကြေးကို       မြို့နယ်အလိုက်စိစစ်ပြီး တင်ပြလာသည့်အခါ မိမိတို့  ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ ပြည်တွင်း၊  ပြည်ပအလှူရှင်များက လည်း ၎င်းတို့တွင်ရှိသည့်  Budget များနှင့် မိမိ တို့က သက်ဆိုင်ရာဒေသများ၌ လိုက်လံထောက်ပံ့ ပေးလျက်ရှိကြောင်း ဖြည့်စွက်ဖြေကြားသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး
ဗိုလ်ချုပ်ဇော်မင်းထွန်းက       အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ PDF၊ NUG တို့က ၎င်းတို့နိုင်နေပြီဆိုတာမျိုးသည်  ယခင်ကတည်းက ပြောနေခြင်းဖြစ်ကြောင်း၊ မိမိအမြင်သည် မိမိတို့ အစိုးရ၏ မူဝါဒအတိုင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရ၏ မူဝါဒဆိုသည်မှာလည်း တပ်မတော်၏မူဝါဒသာ ဖြစ်ကြောင်း၊ တပ်မတော်သတင်းစာရှင်းလင်းပွဲများ တွင်လည်း မိမိခဏခဏပြောကြောင်း၊  EAO  နှင့် မိမိတို့ တိုက်ပွဲဖြစ်သည်ဖြစ်စေ၊ မိမိတို့ မြန်မာနိုင်ငံ သား အချင်းချင်းတိုက်ပွဲဖြစ်သည်ဖြစ်စေ၊ မည်သို့ ပင်ဖြစ်စေ သေရသည်မှာ မိမိတို့၏ မြန်မာနိုင်ငံသား သာဖြစ်ကြောင်း။
ထို့ကြောင့် မိမိတို့အနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးမှုများကို            မဖြစ်ပေါ်စေလိုကြောင်း၊  မိမိတို့အနေနှင့်    ပြည်သူလူထု၏   အသက်အိုးအိမ် စည်းစိမ်များကို တိုက်ခိုက်လာလျှင်  အကြမ်းဖက် သမားအဖြစ်သတ်မှတ်ပြီး လိုအပ်သည့် လုပ်ဆောင် မှုများကို  လုပ်ရမည်ဖြစ်ကြောင်း၊ တစ်နေ့က ဝါဒ ဖြန့်သည့်ရုပ်ရှင်ကားတစ်ကား      ကြည့်လိုက်ပါ ကြောင်း၊ ထိုအထဲတွင် ၎င်းတို့က “အရှုံးမပေးမချင်း ငါတို့နိုင်တယ်” ဆိုသည့် ဝါဒမျိုးကို ရိုက်သွင်းထား ကြောင်း၊ မိမိတို့က မည်သည်ကို သွားအမှတ်ရသလဲ ဆိုလျှင် ဗကပခေတ်က တပ်နီများကို သွင်းပေးထား သော စကားဖြစ်သည့် တိုက်ရဲရမည်၊ သေရဲရမည်၊ သတ်ရဲရမည်ဆိုသည့်    စကားကို    သွားသတိရ ကြောင်း၊ တိုက်ရဲရမည်၊ သေရဲရမည်၊ သတ်ရဲရမည် ဆို၍   မည်သို့   ဖြစ်ကုန်ကြသည်ဆိုသည်ကိုလည်း လက်တွေ့မျက်မြင်ပင်ဖြစ်ကြောင်း၊     အားလုံး ထိခိုက်နစ်နာကြောင်း။
ထိုသို့ဖြစ်သည့်အတွက်ကြောင့် ယခုကဲ့သို့ PDF များ  ယခုအချိန်အထိ      ရှိနေသေးသည်ဆိုသည့် မကွေးတိုင်းဒေသကြီး၊    စစ်ကိုင်းတိုင်းဒေသကြီး၊ ဆင်စွယ်ရွာ လူသတ်မှုကဲ့သို့ ပြည်သူလူထုနစ်နာခဲ့ရမှုများရှိကြောင်း၊       နောက်ဆုံးသတ်စရာမရှိ၍ အချင်းချင်းသတ်ခဲ့သည်များလည်းရှိကြောင်း၊ ပဲခူး ရိုးမပေါ်မှ ဖြုတ်၊ ထုတ်၊ သတ် လုပ်ငန်းစဉ်ဆိုသည့် အချင်းချင်း    သတ်ခဲ့သည်များလည်းရှိကြောင်း၊ မိမိပြောလိုသည်မှာ    နားထောင်ကောင်းသည့် စကားလုံးတိုင်းသည် စား၍ကောင်းသည့်စကားလုံး မဟုတ်ကြောင်း၊ နားထောင်၍ကောင်းသော်လည်း အဆိပ်သင့်သည့်အရာများ  အများကြီးရှိသည်ဟု မိမိပြောလိုကြောင်း၊     နားထဲတွင်  နားထောင်၍ ကောင်းပါလိမ့်မည်၊ သို့သော် ရင်ထဲတွင် အဆိပ်သင့် ပါလိမ့်မည်၊ ထိုအရာများသည် ပြောမည်ဆိုလျှင် အများကြီးရှိကြောင်း၊  ဥပမာ  တပ်နီခေတ်တွင် တရုတ်ပြည်၌ ၎င်းတို့ ပြောခဲ့သည့် “တော်လှန်ရေးကို သင်ယူခြင်းဖြင့် တော်လှန်ကြ” ဆိုသည့်ဆောင်ပုဒ် သည်   တော်တော်လေးကို    ခေတ်စားခဲ့ကြောင်း၊ နောက်ဆုံး   “တော်လှန်ရေးကို   သင်ယူခြင်းဖြင့် တော်လှန်ကြ” ဆိုသည့် ဆောင်ပုဒ်ကို လက်တွေ့ ကျင့်သုံးလိုက်သည့်အခါတွင် စာသင်ခန်းများ  ပိတ်ပြီး တစ်မျိုးသားလုံး အောက်ကျ၊ နောက်ကျ နှစ်ပေါင်း များစွာခံခဲ့ရသည်ဆိုပြီး သုံးသပ်ချက်ထုတ်ထားပါ ကြောင်း၊ နောင်တစ်ချိန်တွင် သမိုင်းကစကားပြောလိမ့်မည်ဖြစ်ကြောင်း၊           အရှုံးမပေးမချင်း ငါတို့နိုင်သည်ဆိုသည့်   အရာသည်   နားထောင်ရာ တွင် နားထောင်၍ ကောင်းချင်ကောင်းပါလိမ့်မည်၊ ဦးနှောက်နှင့် နှလုံးသားထဲတွင် အကုန်လုံးအဆိပ် သင့်သည့်  စကားလုံးမျိုးဖြစ်သည်ဟု မိမိပြောလို ကြောင်း၊ သံတမန်ရေးရာဆောင်ရွက်မှုအနေနှင့် ပတ်သက်၍      နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း
ယခင်သတင်းစာရှင်းလင်းပွဲတွင်       ကျယ်ကျယ် ပြန့်ပြန့်ပြောပြီးဖြစ် ကြောင်း၊      မိမိတို့နိုင်ငံသည်    အချုပ်အခြာ အာဏာပိုင်သည့်     နိုင်ငံဖြစ်ကြောင်း၊  အချုပ်အခြာ အာဏာပိုင်သည့်    အစိုးရအုပ်ချုပ်နေသည့်    နိုင်ငံ တစ်နိုင်ငံ  ဖြစ်ကြောင်း။
မိမိတို့အနေဖြင့်   တခြားနိုင်ငံများကို တန်းတူ ရည်တူဆက်ဆံသကဲ့သို့၊ ကျန်သည့်  နိုင်ငံများက လည်း    မိမိတို့နိုင်ငံကို    အဆင့်တူဆက်ဆံလာ ကြကြောင်း၊    ထိုသို့မဟုတ်ဘဲ     တခြားနည်းလမ်း တစ်ခုနှင့်   တစ်မျိုးမျိုး  တစ်ဖုံဖုံဆက်ဆံလာမည် ဆိုလျှင် မိမိတို့အနေနှင့် တူညီသည့် တုံ့ပြန်မှုမျိုးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဂုဏ်သိက္ခာ၊ မိမိအစိုးရ၏ ဂုဏ်သိက္ခာအတွက် နိုင်ငံခြားဆက်ဆံမှုရေးရာတွင် လည်း   အထူးအလေးထား    ဆောင်ရွက်လျက်ရှိ ကြောင်း ပြန်လည်ဖြေကြားသည်။
People  Media   မှ   သတင်းထောက်ဦးကျော်စိုးဦး   က   NLD    အမတ်ဟောင်း   ဖြိုးဇေယျာသော်နှင့်      ၈၈/ပွင့်လင်းမှ ကိုဂျင်မီတို့အပါအဝင် အကြမ်းဖက် မှုများကို       ကျူးလွန်ခဲ့သည့်      အကြမ်းဖက်သမား များကို နိုင်ငံတော်က  သေဒဏ်အမိန့်ချမှတ်ထား သည်ရှိကြောင်း၊  အဆိုပါ  သေဒဏ်အား    နိုင်ငံတော် အနေဖြင့် ကျင့်သုံးမည်လား သို့မဟုတ်  သက်ညှာစွာ ဆောင်ရွက်သွားမည်လား  သိလိုကြောင်း  မေးမြန်း သည်။
 ပြစ်မှုနှင့်ညီသည့် ပြစ်ဒဏ်ကို
ပေးနိုင်ရန် ဆောင်ရွက်
ဗိုလ်ချုပ်ဇော်မင်းထွန်းက   တရားဥပဒေနှင့် ပတ်သက်ပြီး    တရားစီရင်မှုတွင်   တရားစီရင်မှု၏ သဘောတရားဆိုတာရှိကြောင်း၊  တရားစီရင်မှုတွင် အခွင့်အရေးနှင့်   တာဝန်ရှိမှုကို   ဖော်ထုတ်ခြင်းဖြစ် ကြောင်း၊ အခွင့်အရေးနှင့် တာဝန်ရှိမှုတွင် တရားမမှု မှာသာမက ရာဇဝတ်မှုတွင်လည်းရှိကြောင်း၊ အခွင့် အရေးဆိုသည်မှာ အသတ်ခံရလျှင် အသတ်ခံရသူ တွင်လည်း အခွင့်အရေးရှိကြောင်း၊ အလုပ်ခံရလျှင် အလုပ်ခံရသူတွင်လည်း       အခွင့်အရေးရှိကြောင်း၊ တာဝန်ရှိမှုဆိုသည်မှာ       ထိုသို့လုပ်ဆောင်ခဲ့သူက မည်သို့ တာဝန်ရှိသည်ဆိုသည်ကို ဆုံးဖြတ်ရခြင်းဖြစ် ကြောင်း၊   ထိုသို့ဆုံးဖြတ်ရာတွင် အချက်အလက် အပေါ်အမှီပြုရကြောင်း၊       ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး   ရာဇသတ်ကြီးဆိုသည်မှာ   မင်း၏ အမိန့်ကိုဆန့်ကျင်သူအား အရေးယူအပြစ်ပေးခြင်း ဖြစ်ကြောင်း၊ ရာဇသတ်ကြီးကို ၁၈၆၁ ခုနှစ်၊ မေ ၁ ရက်တွင်   အာဏာတည်ခဲ့ပြီး    ယနေ့အထိလည်း အာဏာတည် ကျင့်သုံးလျက်ရှိကြောင်း၊ ရာဇသတ် ကြီးသည်      မည်သည့်အရပ်ဒေသတွင်ရှိနေသည့် ပြည်ထောင်စုနိုင်ငံသား ကျူးလွန်သည့် ပြစ်မှုများ အားလုံးသက်ဆိုင်ကြောင်း၊ ရာဇသတ်ကြီးထဲတွင် ထိုသို့ရေးလျှင် ထိုသို့လုပ်ပိုင်ခွင့်ရှိကြောင်း၊ လက်ရှိ ဖြစ်ပွားနေသည့် ဖြစ်ရပ်များသည် PDF အမည်ခံ အကြမ်းဖက်သမားများ၊    မြို့ပေါ်တွင် နေထိုင်သည့် အကြမ်းဖက်သမားများက     ပြည်သူလူထုကို ရက်ရက်စက်စက်     သတ်ဖြတ်ခဲ့ကြကြောင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် သတ်ဖြတ်ခြင်းများလည်းရှိကြောင်း၊ ယင်းကိစ္စများ နှင့်ပတ်သက်ပြီး   သေဒဏ်ပေးမှု၊   မပေးမှုများနှင့် ပတ်သက်ပြီး ပြောလိုသည်မှာ မိမိတို့အစိုးရအနေ ဖြင့်    ပြစ်မှုနှင့်ညီသည့်    ပြစ်ဒဏ်ကို ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း     ပြန်လည်ဖြေကြား သည်။
Golden Hand News ဂျာနယ် အယ်ဒီတာချုပ် ဦးလှဆွေက မိမိမေးမြန်းသည့် မေးခွန်းသည် လူမှု ဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့်ပတ်သက်ကြောင်း၊ နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် တွင် အကြမ်းဖက်ဘေးရှောင်လူအင်အား    ၂၃၀ ရောက်နေကြောင်း၊  ၎င်းတို့သည် တိုင်းဒေသကြီးနှင့် ပြည်နယ် ငါးခုမှ ရောက်လာကြသူများဖြစ်ကြောင်း၊ ထိုအထဲတွင်   ဝန်ထမ်း ၃၉ ဦးလည်းပါကြောင်း၊ အဆိုပါ အဖွဲ့များသည် တစ်နှစ်နီးပါးရှိပြီဖြစ်ကြောင်း၊ သို့သော် ဒီနေ့အချိန်အထိ Focal Ministry ဖြစ်သည့် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ လာရောက်ကြည့်ရှုခြင်း၊ ထောက်ပံ့ခြင်းများမရှိကြောင်း၊      ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နှစ်ကြိမ်ထောက်ပံ့ ထားကြောင်း၊    အလှူရှင်များထံမှ   အလှူခံ၍ ကျွေးနေရကြောင်း။
တကယ်တမ်းတာဝန်ရှိသည်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်      ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဟု  မိမိအနေဖြင့် မြင်မိကြောင်း၊ အဆိုပါ အဖွဲ့များအထဲတွင် ဝန်ထမ်း ၃၉ ဦး  ပါဝင်ကြောင်း၊ ယင်းဝန်ထမ်းများသည်လည်း  သက်ဆိုင်ရာ  DG၊ MD   များကို   သွားရောက်ပြောပြပြီး   မိမိတို့ကို နေပြည်တော်ကောင်စီနယ်မြေအတွင်း    မြို့နယ် ရှစ်မြို့နယ်ရှိ  သက်ဆိုင်ရာရုံးများတွင်   တွဲဖက်ပေး ရန်၊   ပြောင်းရွှေ့တာဝန်  ထမ်းဆောင်စေခြင်းများ ဆောင်ရွက်ပေးရန်       တောင်းဆိုခဲ့ကြသော်လည်း ဝန်ထမ်းတချို့မှာရရှိပြီး       တချို့မှာ       မရရှိခဲ့ကြ ကြောင်း၊   မိမိဖြစ်စေလိုသည်မှာ   တာဝန်ရှိသည့် ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ထိုအကြမ်းဖက် ရှောင်သူများကို   သွားရောက်တွေ့ဆုံပြီး လိုအပ် သည်များ မေးမြန်းစေလိုကြောင်း၊ ထို  ၂၃၀ သော လူများသည်   အားလုံး        ပြည်ခိုင်ဖြိုးပါတီဝင်များ မဟုတ်ကြောင်း၊ ပါတီဝင်သည်  ၃၀ ရာခိုင်နှုန်းသာ ရှိပြီး ကျန်သူများသည်   ကြားလူများဖြစ်ကြောင်း၊ သို့သော်  အားလုံးသည်  အသတ်ခံထားရသူများဖြစ် ကြောင်း၊ ငါးလောင်းပြိုင်အသတ်ခံ ထားရသူများ၏ မိသားစုများပါဝင်သလို  တချို့မှာ  မိဘနှစ်ပါးစလုံး အသတ်ခံရသဖြင့်  မောင်နှမနှစ်ယောက်သာ ကျန် သူများလည်းပါဝင်ကြောင်း၊ အသက် ၈၀ မှ မွေးကင်း စကလေးငယ်အရွယ်အထိ  ပါဝင်ကြောင်း၊  အဆိုပါ လူ  ၂၃၀  အား Focal Ministry မှတာဝန်သူများက လာရောက်တွေ့ဆုံပြီး  ဝန်ကြီးဌာနများနှင့် ယင်း အဖွဲ့ထဲမှ ဝန်ထမ်းများနှင့် ဆက်သွယ်ဆောင်ရွက် ပေးခြင်းများ     လုပ်ဆောင်ပေးစေလိုကြောင်း၊ အချို့ပင်စင်စား အငြိမ်းစားကြီးများဆိုလျှင် ပင်စင် မထုတ်ရသည်မှာ        ၁၀    လရှိပြီဖြစ်ကြောင်း၊ ပင်စင်သည်  တစ်နှစ်ကျော်၍ သတ်မှတ်ကာလကျော် လွန်သွားပါက    ပြန်လျှောက်ရသည့်    လုပ်ထုံး လုပ်နည်းများရှိကြောင်း၊  ၎င်းတို့အနေဖြင့် မိမိတို့ ပင်စင်ကို     နေပြည်တော်သို့    လွှဲပေးစေလို၍ တောင်းဆိုရာ တစ်ဖက်မြို့နယ်မှ လွှဲပေးခြင်းမရှိဟု သိရကြောင်း၊ ယင်းကိစ္စများအား  ဝန်ကြီးဌာနအနေ ဖြင့်  ပင်စင်ဦးစီးဌာနနှင့် ညှိနှိုင်း၍ လုပ်ဆောင်ပေး မည်ဆိုပါက အင်မတန်မှကောင်းမွန်ကြောင်း၊ ခိုးဝင် လာသည့်   ဘင်္ဂါလီများအတွက်    လစဉ်  ဆန်၊ ဆီ၊ ဆား၊ပဲ စသည်ဖြင့် ထောက်ပံ့နေသေးသည်ဟု သိရ ကြောင်း။
ယခုကဲ့သို့   နိုင်ငံသားများ  အကြမ်းဖက်ခံရ၍ ရောက်ရှိလာသည့် ပုဂ္ဂိုလ်များကို ပစ်မထားသင့်ဘူး ဟု   မိမိအနေဖြင့်ထင်မိကြောင်း၊   ယင်းသည် လတ်တလောကိစ္စဖြစ်ကြောင်း၊   ရေရှည်တွင် ထို သူများသည် မိမိတို့နေရပ်သို့ပြန်ရန် အခက်အခဲများ လည်းရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ နေအိမ်များ မီးရှို့ခံရခြင်း၊ မိသားစုဝင်များမှာလည်း အသတ်ခံရခြင်းများကြောင့်  ၎င်းတို့မှာ  အနာဂတ် ပျောက်ဆုံးနေသူများကဲ့သို့ ဖြစ်နေကြောင်း၊ ယခင် ကလည်း   ယခုကဲ့သို့   ဖြစ်စဉ်များရှိခဲ့ဖူးကြောင်း၊ သခင်စိုးကြီးခေတ်တွင်  ကျောရွာမှ လူများအသတ်ခံ ရ၍ ထိုဒေသမှလူများကို   ဂန့်ဂေါမြို့ပေါ်တွင် နေရာ ပေးထားပြီး     ကျောတိုက်ရပ်ကွက်ဆိုပြီးဖြစ်လာ ကြောင်း၊ အလားတူ ဗကပ သခင်သန်းထွန်းခေတ်က အလယ်ရိုးမ၌         ဖြုတ်ထုတ်သတ်လုပ်သည့်အခါ တောင်ပေါ်  ၁၄  ရွာကို  ရွှေ့၍ ဖဒိုနားတွင် ရွာတည် ပေးခဲ့ရာ လက်ရှိတွင် မြို့ဖြစ်နေပြီဖြစ်ကြောင်း။
ထို့အတူ   လက်ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် လာရောက်နေထိုင်နေကြ ရသူများအတွက်   နေပြည်တော်တွင်    နေထိုင်ရန် မြေနေရာများချထားပေးနိုင်ခြင်း   ရှိ/မရှိသိလို ကြောင်း၊  ၎င်းတို့သည်  မိမိတို့ဘာသာ စိုက်ပျိုးရေး လုပ်ငန်းများ   လုပ်ကိုင်လိုကြကြောင်း၊   ယနေ့ ငြိမ်းချမ်းလျှင် နောက်နေ့ မိမိတို့နေရပ်ကို ပြန်လိုသူ များလည်းရှိကြောင်း၊ လက်ရှိအခြေအနေတွင် မပြန် နိုင်ဖြစ်နေကြကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်တာဝန်ထမ်းဆောင်စဉ်ကာလတွင်     မိမိ ကိုယ်စားပြုသည့်နယ်မြေတွင် မီးလောင်မှုဖြစ်ပွားရာ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးကို ပြောပြရာ ဝန်ကြီးက ကယ်ဆယ်ရေးပစ္စည်းခြောက်မျိုး၊ စောင်၊ ဒန်အိုးတို့  ချက်ချင်းပို့ပေးခဲ့ကြောင်း၊  လက်ရှိတွင် တစ်နှစ်ခန့်ရှိသော်လည်း ရေတိုစီမံကိန်း၊ ရေရှည်စီမံ ကိန်းတို့ ဆောင်ရွက်ပေးခြင်းမျိုးမရှိသေးကြောင်း၊ ထိုကိစ္စနှင့်   ပတ်သက်၍    သက်ဆိုင်ရာဝန်ကြီး ဌာနအနေဖြင့် မည်သို့ဆောင်ရွက်ပေးမည်ကို သိလို ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက  ယခုလိုပြောကြား ပေးခြင်းအပေါ်  ကျေးဇူးတင်ရှိကြောင်း၊ သို့မှသာ မိမိတို့အနေဖြင့် လုပ်ဆောင်ပေးရမည့်  ကိစ္စများကို ဆက်လက်   ညှိနှိုင်းဆောင်ရွက်ပေး၍   ရမည်ဖြစ် ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနကိုလည်း အသိ ပေးပြီး အမြန်ဆုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပင်စင်စားဝန်ထမ်းများနှင့်  ပတ်သက်ပြီး ၎င်းတို့၏ အမည်စာရင်းများနှင့် ဘဏ်ခွဲအမည်စာရင်း မိမိအား ပေးစေလိုကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနကို   ဆက်လက်ပေးပို့သွားပြီး    သက်ဆိုင်ရာ ဘဏ်ခွဲများတွင် ၎င်းတို့၏ ပင်စင်လစာများ ထုတ်ယူ နိုင်ရေး   ဆက်လက်ဆောင်ရွက်  ပေးသွားမည်ဖြစ် ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန  နယ်စပ်ဒေသ   တိုင်းရင်းသားဖွံ့ဖြိုးရေး ဦးစီးဌာနတို့တွင်လည်း     ယင်းကိစ္စများနှင့်ပတ်သက်၍  မူဝါဒများ  ချမှတ်ထားပြီးဖြစ်ကြောင်း၊ သဘာဝဘေး  အန္တရာယ်၊ ယာယီတိုက်ပွဲရှောင်များနှင့်   ပတ်သက်ပြီး မူဝါဒရှိပြီးဖြစ်ကြောင်း၊     ဦးစားပေးအနေဖြင့်    မိမိ ဒေသကို မိမိပြန်လိုသည့် လူ၊ မိမိဒေသကို မပြန်လို ဘဲ   နေရပ်အသစ်တွင်    အခြေချနေထိုင်လိုသူများ အတွက်  ဝန်ကြီးဌာနများတွင်   မူဝါဒများရှိပြီးဖြစ် ကြောင်း၊ အသေးစိတ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရှင်းပြ မည်ဖြစ်ကြောင်း၊ ယင်းမူဝါဒများတွင်လည်း  အကျုံး ဝင်ခြင်းကြောင့် မိမိအနေဖြင့် အဆင့်ဆင့် တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း        ပြန်လည်ဖြေ ကြားသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်     ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန    ဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှု ဦးစီးဌာနမှ  တာဝန်ရှိသူတစ်ဦးက  မိမိတို့ဝန်ကြီး ဌာနအနေဖြင့်   အဓိကအားဖြင့်   သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်ပြီး ထောက်ပံ့ခြင်းများ ဆောင်ရွက်နေကြောင်း၊ လတ်တလောဖြစ်ပွားနေ သည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး  မိမိတို့ဝန်ကြီး ဌာနမှ သဘာဝဘေးဖြစ်စဉ်များတွင် ထောက်ပံ့သည့် ပုံစံဖြင့်      ထောက်ပံ့လျက်ရှိကြောင်း၊     ထိုသို့ ထောက်ပံ့ရာတွင်    သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရမှရရှိသည့် သတင်းအချက်အလက် များ အပေါ်အခြေခံပြီး ထောက်ပံ့ဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ အပြင် သက်ဆိုင်ရာခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ ဖြစ်စဉ်အပေါ်စိစစ်ပြီး မိမိ တို့ကို သတင်းအချက်အလက်ပေးကြောင်း။
ထောက်ပံ့ခဲ့သည့် အခြေအနေများ
ယင်းအချက်အလက်အပေါ်စိစစ်ပြီး ဆောင်ရွက် နေကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ထောက်ပံ့ခဲ့သည့် အခြေအနေများကို တင်ပြရလျှင် လတ်တလော အကြမ်းဖက်ဖြစ်စဉ်များကြောင့် ၂၀၂၁ ခုနှစ်၊ မေလ မှ ၂၀၂၂  ခုနှစ်၊ မေလ  ၂၇  ရက်နေ့အထိ  တိုင်း ဒေသကြီး/  ပြည်နယ်  ၁၁  ခုတွင်  တိမ်းရှောင် အိမ်ထောင်စု   ၂၂၀၀၀   ကျော်ရှိပြီး  လူဦးရေ ၁၃၀၀၀၀  ကျော်ကို ထောက်ပံ့ထားပြီးဖြစ်ကြောင်း၊ ဖြစ်စဉ်ကြောင့်သေဆုံးသူ ၂၄၃ ဦးရှိပြီး ဒဏ်ရာ ရရှိသူ ၁၅၄ ဦးရှိကြောင်း၊ မီးလောင်ပျက်စီးသွားသည့် ဘာသာရေးကျောင်း ငါးကျောင်း၊ နေအိမ်  ၁၂၅၅ လုံးအတွက်ကိုလည်း    ထောက်ပံ့ထားကြောင်း၊ ထောက်ပံ့ရာတွင်   တိမ်းရှောင်သူများတွက်   ဆန်/ရိက္ခာအနည်းဆုံး  ခုနစ်ရက်စာထောက်ပံ့ပေးကြောင်း၊ သေဆုံးသူများနှင့်    ဒဏ်ရာရရှိသူများအတွက် ငွေကြေးထောက်ပံ့ကြောင်း၊   ပျက်စီးသွားသည့် နေအိမ်များအတွက်   အိမ်ဆောက်ပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများ     ထောက်ပံ့ကြောင်း၊ ထိုသို့ထောက်ပံ့မှုအနေဖြင့် တစ်နှစ်အတွင်း  ကျပ် သန်းပေါင်း ၅၈၈ သိန်းကျော် ထောက်ပံ့ထားကြောင်း၊ နေပြည်တော်အတွက် ၂၀၂၂  ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်မှ ၂၀ ရက်အတွင်း နေပြည်တော်ကို ရောက်ရှိ လာသည့်  ကယားပြည်နယ်အပါအဝင် အခြားဒေသ များမှ တိမ်းရှောင်ရောက်ရှိလာသည့် အိမ်ထောင်စု ၁၃၆ စု၊  လူဦးရေ ၅၃၆ ဦးအတွက် စားနပ်ရိက္ခာ တစ်လစာနှင့်   ကယ်ဆယ်ရေးပစ္စည်းများကို    ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်တွင်  ထောက်ပံ့ပေးထား ကြောင်း၊ မိမိတို့ထောက်ပံ့ပေးထားသည့် အထဲတွင် ပါဝင်ခြင်းမရှိသေးပါက    ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း          ဖြည့်စွက်ဖြေကြား   သည်။                             (ဆက်လက်ဖော်ပြပါမည်)