ကျောက်ဖြူကျောက်တစ်လုံး IDPs စခန်း ပိတ်သိမ်းရွှေ့ပြောင်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်

 

 

စစ်တွေ   ဇွန်   ၆
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်    ဒေါက်တာအောင် ကျော်မင်းသည် ပြည်နယ်ဝန်ကြီးများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ    ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့  ကျောက်ဖြူကျောက်တစ်လုံး IDPs စခန်း ပိတ်သိမ်းရွှေ့ပြောင်းနိုင်ရေး ဆောင်ရွက်နေမှု ကို  ကွင်းဆင်းဆောင်ရွက်သည်။
ရှေးဦးစွာ     ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တစ်လုံး IDPs စခန်း ပိတ်သိမ်းရွှေ့ပြောင်း နိုင်ရေးအတွက်  နေအိမ်များ    ဆောက်လုပ်နေမှု၊ လျှပ်စစ်မီး၊ အိမ်ရာပတ်လမ်း၊ ဆေးခန်း၊  စာသင် ကျောင်း၊ ဆရာ ဆရာမများနေအိမ်များ ဆောင်လုပ် နေမှုတို့ကို သွားရောက်ကြည့်ရှုကြသည်။  ထိုသို့ လှည့်လည်ကြည့်ရှုစဉ် ကျောက်ဖြူခရိုင်စီမံ အုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အိမ်ရာ အလုံး ၂၉၇ လုံး ဆောက်လုပ်ပြီးစီးနေမှု၊ လျှပ်စစ်မီး၊ အိမ်ရာပတ်လမ်းနှင့် ရေနုတ်မြောင်းများ ဆောင်ရွက် ပြီးစီးနေမှုတို့ကို ရှင်းလင်းတင်ပြကြရာ  ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။ 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်များနှင့် အဖွဲ့ သည်   ကျောက်ဖြူခရိုင်   ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ခရိုင်ပြည်သူ့ဆေးရုံကြီး  ဒေါက်တာ  ရဲလွင်မောင်က ဆေးရုံကြီးအတွင်း         ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊       တိုးချဲ့ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နေမှုနှင့် ဆေးရုံအတွက် လိုအပ်ချက်များ ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်က  ဆေးရုံအုပ်ကြီးနှင့်   ကျန်းမာရေး ဝန်ထမ်းများသည် ကိုဗစ်ကာလအတွင်း ကြိုးစား ဆောင်ရွက်မှုများ၊  ကိုဗစ်အလွန်  ကာလများတွင် စေတနာထားဆောင်ရွက်နေမှုများကို အသိအမှတ်ပြု ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများသည်  မိမိတို့ ကျွမ်းကျင်သောပညာဖြင့် ပြည်သူများ၏ ကျန်းမာရေး ကို  ပြုစုစောင့်ရှောက်နေသူများ ဖြစ်သည့်အတွက် ကြောင့် မေတ္တာစေတနာထားကာ ဆက်လက်ကြိုးစား လုပ်ဆောင်ပေးကြစေလိုကြောင်း   ပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ကို ပေးအပ်သည်။  ဆက်လက်ပြီး  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်   ဆေးရုံကြီးအတွင်းလှည့်လည် ကြည့်ရှုကာ  ကလေးကုသဆောင်၌  တက်ရောက် ကုသနေကြသော     ကလေးငယ်များအတွက်  အာဟာရဖြည့်စွက်စာများ   ပေးအပ်ထောက်ပံ့ကြ သည်။
တင်ထွန်း (ပြန်/ဆက်)