ပြည်ပမှ ဝယ်ယူမှုကြောင့် ပဲယဉ်းဈေးကွက် အရောင်းသွက်

 

မန္တလေး   ဇွန်   ၅


မြန်မာ့ထွက်ကုန်သီးနှံ   ပဲယဉ်းများ   မန္တလေး ဈေးကွက်အတွင်း  ယခုရက်ပိုင်းတွင် စံချိန်တင် ဈေးနှုန်းများ မြင့်တက်ကာ အရောင်းအဝယ် များ သွက်လက်မြန်ဆန်နေကြောင်းနှင့် ပြည်ပ မှ ဝယ်ယူနေခြင်းကြောင့်   ဈေးကောင်းရနိုင် ကြောင်း မန္တလေးပဲကုန်သည်များထံမှ  သိရသည်။

 


လက်ရှိတွင်   ပဲယဉ်းများမှာ   ဈေးကွက် အတွင်းသို့  မတ္တရာ၊  စဉ့်ကူး၊  မုံရွာ၊  ပခုက္ကူ စသည့်နယ်များမှ    ဝင်ရောက်နေကြောင်း၊ အဆိုပါ ပဲယဉ်းသည် ပေါ်ဦးပေါ်ဖျား ဇန်နဝါရီ လအတွင်းက     သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၈၉၀၀၀ နှုန်းသာရှိခဲ့ရာမှ ယခုအချိန် တွင် သုံးတင်းဝင်တစ်အိတ်လျှင်   ငွေကျပ် ၁၅၀၀၀၀   နှုန်းအထိ       ပေါက်ဈေးရှိနေပြီး ဈေးနှုန်းများမြင့်တက်ကာ    အရောင်းသွက် လျက်ရှိကြောင်း မန္တလေးမြို့မှ  စိုးဝင်းမြင့်ပွဲရုံ ပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။ 

 


“မန္တလေးဈေးကွက်မှာ ပဲယဉ်းတွေ စံချိန် တင်ဈေးနှုန်းမြင့်တက်နေတယ်။ ဇန်နဝါရီလ ကနေ ဧပြီလအတွင်း အိန္ဒိယဝယ်လက်တွေက ဝယ်ခဲ့ပြီး    အဲဒီနောက်ပိုင်းမှာ   အဝယ်ရပ်ခဲ့ ပေမယ့် မေလဆန်းကစပြီး တရုတ်ဝယ်လက် တွေ ဝယ်ယူနေတာကြောင့်  ဈေးက မြင့်တက် လာပါတယ်။ အခုရက်ပိုင်း ပိုမိုမြင့်တက်နေ တာက တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေမှာ ကန့်သတ်ချက်လျှော့ပေါ့မှုတွေရှိ တာကြောင့် အရောင်းအဝယ်တွေ ပိုမိုမြန်ဆန် သွက်လက်လာတယ်။ ပဲယဉ်းက  ပြည်တွင်းမှာ   စားသုံးသူ မရှိသလောက် နည်းပါးတယ်။ အဓိက အနေနဲ့    ပြည်ပကို   တင်ပို့နေရတာ ဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံ နှစ်ခုကနေပြီးတော့       အဓိက ဝယ်ယူတယ်။  ပဲယဉ်းဈေးဟာ   ဒီလောက်နဲ့ ရပ်နားနေမှာ  မဟုတ်ပါဘူး။ ဆက်ပြီးတက် နိုင်စရာအကြောင်း ရှိပါတယ်”ဟု ၎င်းကရှင်းပြသည်။

 


 အဆိုပါ ပဲယဉ်းကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်         စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင်    အများဆုံးစိုက်ပျိုးကြပြီး ဧရာဝတီနှင့်  ချင်းတွင်းမြစ်ဝှမ်း    နုန်းတင်မြေနု များတွင်   ပိုမိုစိုက်ပျိုးကြကာ    အောင်မြင် ဖြစ်ထွန်းကြကြောင်း၊          ပဲယဉ်းသီးနှံကို ဆောင်းသီးနှံအဖြစ်  တစ်နှစ်လျှင် တစ်ရာသီ သာ  အောက်တိုဘာလနှင့်    နိုဝင်ဘာလများ တွင် စတင်စိုက်ပျိုးကြကာ ဇန်နဝါရီလအတွင်း ထွက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်သက်သာပြီး အထွက်နှုန်းကောင်းမွန်သည့်  ပဲအမျိုးအစား များဖြစ်ကြောင်း သိရသည်။ 

 


မင်းထက်အောင် (မန်းကိုယ်ပွား)