
ပလက်ဝ ဇွန် ၅
ချင်းပြည်နယ် မတူပီခရိုင် ပလက်ဝမြို့နယ် အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက သတ်မှတ်ထားသော စုရပ်များတွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းမာနှင့် ကျန်းမာရေးဝန်ထမ်း များက အဖွဲ့သုံးဖွဲ့ခွဲပြီး ဇွန် ၂ ရက်မှ စတင် ကာ နေ့စဉ်ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိသည်။ ပလက်ဝမြို့နယ်တွင် မူလတန်း အဆင့် အသက် ၅ နှစ်နှင့် ၁၂ နှစ်အတွင်း ကျောင်းသား ကျောင်းသူ ၆၁၁၃ ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ချင်းပြည်နယ်အစိုးရအဖွဲ့မှ လျာထားပေး ခဲ့ပြီးဖြစ်ကြောင်း ဒုတိယမြို့နယ် ပညာရေး မှူး ဦးအောင်လင်း က ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင် များက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)