နတ်တလင်း၌ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီး

 

နတ်တလင်း    ဇွန်    ၅ 


နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ်  ကျောင်းသား ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇွန် ၂ ရက်မှ စတင်၍ သက်ဆိုင်ရာ   စာသင်ကျောင်းဆေးထိုး   စုရပ်များအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ ရာနှုန်း​ပြည့် ထိုးနှံပြီးစီးပြီကြောင်း သိရသည်။

 

နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာ‌ကျောင်းများ မှ ဆေးထိုးရန်အကျုံးဝင်သည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၁၀၈၄ ဦးကို မိဘများ၏ဆန္ဒအရ  ဆေးတစ်လုံးလျှင် ငါးဦး ထိုးနှံရသည့် Sinopharm ဆေးအမျိုးအစားကို ထိုးနှံပေး ခဲ့သည်။ 
အဆိုပါ    ကာကွယ်ဆေးထိုးနှံနေမှုများကို   မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦး‌ကျော်ကျော်ဦးနှင့်  အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ရပ်ကွက်‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးများ၊  ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို  ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း  သိရသည်။

 

ဝေယံဖြိုး(ပြန်/ဆက်)