နယ်စပ်ရေးရာဝန်ကြီးဌာနက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်လှူဒါန်း

 

နေပြည်တော်  ဇွန်  ၄


နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး     ဦးစီးဌာန မှ   အင်ဂျင်နီယာမှူးကြီး  ဦးခင် မောင်လတ်နှင့် တာဝန်ရှိသူများ သည်       ယနေ့နံနက်ပိုင်းက နေပြည်တော်     ကောင်စီနယ်​မြေ အတွင်းရှိ  ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်   သီရိ ရတနာ ဘုန်းတော်ကြီးသင် မူလွန် ပညာရေးကျောင်းတွင်  ပညာသင် ကြားလျက်ရှိသော  ကျောင်းသား ကျောင်းသူများအတွက်  ကျောင်း ဝတ်စုံ ဖြူ/စိမ်း အစုံ  ၃၀၀ နှင့် ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၃၀၀   တို့ကို     ပေးအပ်လှူဒါန်းသည်။

 


နယ်စပ်ရေး ရာဝန်ကြီးဌာန အနေဖြင့်  စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်  ပညာရေး ကျောင်းများ၊ ပရဟိတကျောင်း များသို့        စားနပ်ရိက္ခာများ  ထောက်ပံ့လှူဒါန်း  ပေးလျက်ရှိ သည့်အပြင်  လိုအပ်ချက်ရှိသည့် ကျောင်းသား   ကျောင်းသူများ အတွက်    ကျောင်းဝတ်စုံနှင့် ကျောင်းသုံး ဗလာစာအုပ်များကို ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။                  

သတင်းစဉ်