ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ ကျောင်းသား ကျောင်းသူဦးရေ ရာနှုန်းပြည့် ကျောင်းအပ်လက်ခံ သင်ကြားပေးလျက်ရှိ

 

နေပြည်တော်   ဇွန်   ၄


ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှင့်   မွေးမြူရေးဆိုင်ရာ ဆေး တက္ကသိုလ်များ၏       မောင်မယ် သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  နေပြည်တော်  ဇေယျာသီရိမြို့နယ်    ရေဆင်း တက္ကသိုလ်များနယ်မြေရှိ စိုက်ပျိုး ရေးတက္ကသိုလ်    ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။

 


 အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်   ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊   နေပြည်တော် ကောင်စီဥက္ကဋ္ဌ       ဒေါက်တာ မောင်မောင်နိုင်၊    ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊   နေပြည် တော် ကောင်စီဝင်များ၊ အမြဲတမ်း အတွင်းဝန်နှင့်     ညွှန်ကြားရေး မှူးချုပ်များ၊    တက္ကသိုလ်များမှ ပါမောက္ခချုပ်များ    ပညာရေး အဖွဲ့ဝင်များ၊  ဆရာ ဆရာမများ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူ ရေးဆိုင်ရာ ဆေးတက္ကသိုလ်များ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမ နှစ်တွင်    တက်ရောက်ပညာ သင်ယူကြမည့်    ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ ပြီး  အခမ်းအနားကို   စိမ်းလန်း ဝေစည်ကျောင်းတော်ဆီ သီချင်း ဖြင့် ကျောင်းသား ကျောင်းသူများ က သီဆိုဖွင့်လှစ်ကြသည်။

 


အခမ်းအနားတွင်         ပြည် ထောင်စုဝန်ကြီး   ဦးတင်ထွဋ်ဦး က   နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏       အခြေခံစီးပွားရေး ဖြစ်သော   လယ်ယာကဏ္ဍနှင့် စပ်လျဉ်းပြီး စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေးတို့ကို အားပေးလုပ်ဆောင်လျက် ရှိကာ တောင်သူလယ်သမားများ၏ လူမှု စီးပွားဘဝများ   တိုးတက်မြင့်မား လာရေးကိုလည်း   အလေးထား ကြိုးပမ်း   ဆောင်ရွက်ပေးလျက် ရှိကြောင်း။ 

 


ဘွဲ့ရများ၏ စုပေါင်းစွမ်းအား


ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြတ်ကျော်ကာလ အတွင်း  လယ်ယာသားငါးကဏ္ဍ မှ   ပြည်တွင်းအသားတင်ထုတ် လုပ်မှုနှင့်    ဝန်ဆောင်မှု  GDP တန်ဖိုး ၂၂ ဒသမ ၇ ရာခိုင်နှုန်းနှင့် ပြည်ပပို့ကုန်တန်ဖိုး၏ ၃၅ ဒသမ ၁ ရာခိုင်နှုန်း ဖြည့်ဆည်းပေးနိုင် ခဲ့သည်ကို       တွေ့ရှိရမည်ဖြစ် ကြောင်း၊ အဆိုပါ အောင်မြင်မှုများ အပါအဝင် တောင်သူလယ်သမား များနှင့်   ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝ အခြေ အနေများ     မြင့်တက်လာစေရန် မြေပြုပြင်       စိုက်ပျိုးသည်မှ ဈေးကွက်သို့     တင်ပို့ရောင်းချပြီး စားသုံးသူလက်ရောက် ထုတ်လုပ် မှု ကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ပတ်သက်နေ ကြသော စိုက်ပျိုးရေးတက္ကသိုလ် နှင့်          မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်       ဘွဲ့ရများ၏ စုပေါင်းစွမ်းအားများက   အဓိက ပါဝင်ခဲ့ရာ    တက္ကသိုလ်နှစ်ခု၏ ကဏ္ဍမှာ များစွာအရေးပါသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း။

 


တက္ကသိုလ်များ   အနေဖြင့် ရေဆင်းဒေသတွင် ဆည်တမံများ၊ စိုက်ကွင်းများ၊ သုတေသန ဌာန များနှင့် နီးကပ်စွာ အတူယှဉ်တွဲ တည်ရှိနေသည့်အတွက် စိုက်ပျိုး မွေးမြူရေးပညာရပ်များ သင်ကြား သင်ယူရန် ပြည့်စုံသော ပညာရေး ဝန်းကျင်ကောင်း    တစ်ခုအဖြစ် တည်ရှိနေကြောင်း၊ စာသင်ဆောင်၊ အိပ်ဆောင်များနှင့်   တက္ကသိုလ် ပရိဝုဏ်တွင်   WiFi  အပြည့်အဝ အသုံးပြုနိုင်ရေးနှင့်    ပညာရေး ကွန်ရက်များ၊    စာကြည့်တိုက် ကွန်ရက်များ        အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားပြီး    ဖြစ်၍ ဆက်သွယ်ရေး      နည်းပညာကို အကျိုးရှိစွာအသုံးချပြီး နည်းပညာ ရပ်များကို       စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန်နှင့်  အချိန် ကို စနစ်တကျ စီမံခန့်ခွဲနေထိုင် တတ်သည့် အလေ့အထကောင်း များ     လေ့ကျင့်ပျိုးထောင်သွား ကြရန်    တိုက်တွန်းပြောကြားသည်။

 


ကြိုဆိုနှုတ်ခွန်းဆက်


ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌ        ဒေါက်တာ မောင်မောင်နိုင်က ကြိုဆိုနှုတ်ခွန်း ဆက်စကား        ပြောကြားပြီး ကျောင်းသား    ကျောင်းသူများ အနေဖြင့် စိတ်ချမ်းသာ ပျော်ရွှင်စွာ နေထိုင်ရေး၊ အများအကျိုးလိုလား စွာ   ဆောင်ရွက်လိုသူများဖြစ်စေ ရေး၊  ကျန်းမာရေးနှင့်   ညီညွတ် သော    စားသောက်နေထိုင်မှု ဖြစ်စေရေး၊ ပညာရေးကို  အာရုံ စိုက်လေ့လာကြပြီး မိမိတို့ကျောင်း ၏   ဂုဏ်ကို  ဆောင်နိုင်သူများ ဖြစ်စေရေး       ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားသည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်    ဆည်မြောင်းဝန်ကြီးဌာန နှင့်  ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်   လူငယ်ရေးရာ ဝန်ကြီးဌာနက    ထောက်ပံ့သည့် အားကစား       ပစ္စည်းများနှင့် ကျန်းမာရေးဆိုင်ရာ  ပစ္စည်းများ ကိုလည်းကောင်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌက   ထောက်ပံ့ငွေ များကိုလည်းကောင်း    ပေးအပ် ကြရာ  ကျောင်းသား  ကျောင်းသူ ကိုယ်စားလှယ်များက လက်ခံရယူ ခဲ့ကြပြီး    ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦးက   ကျေးဇူး တင်စကား   ပြောကြားခဲ့ကြသည်။

 


တွေ့ဆုံအားပေး


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်သည်တော်များ သည် ကျောင်းသား ကျောင်းသူ များ၏ တေးသရုပ်ဖော်တင်ဆက် မှုကို အားပေးကြည့်ရှုပြီး ပထမနှစ် ကျောင်းသား    ကျောင်းသူများ ကို     ရင်းရင်းနှီးနှီး      တွေ့ဆုံ အားပေးစကား    ပြောကြားခဲ့ကြသည်။

 


ရာနှုန်းပြည့် ကျောင်းအပ်


၂၀၂၂-၂၀၂၃   ပညာသင်နှစ် တွင်       ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၌ ပထမနှစ် ကျောင်း သား ၁၆၇ ဦး၊ ကျောင်းသူ ၂၅၁ ဦး၊ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရ ဦးစီးဌာနအသီးသီးမှ လုပ်ငန်းခွင် ထူးချွန် ၃၀ ၊   ကျောင်းအလိုက် ထူးချွန် ဒီပလိုမာလက်မှတ်ရ ၈၃ ဦး   စုစုပေါင်း   ကျောင်းသား ကျောင်းသူအသစ်    ၅၃၁   ဦး ပညာသင်ယူလျက်   ရှိကြောင်း၊ အလားတူ    မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အနေဖြင့် ပထမ နှစ် ဆေးပညာသင်တန်း ကျောင်း သား ၃၈ ဦး ၊ ကျောင်းသူ ၇၅ ဦး၊  ပထမနှစ်မွေးမြူရေး ပညာသင် တန်း    ကျောင်းသား   ၂၆  ဦး၊ ကျောင်းသူ   ၄၃ ဦး   စုစုပေါင်း ပထမနှစ် သင်တန်းသား ၁၈၂ ဦး ပညာသင်ယူလျက်   ရှိကြောင်း၊ တက္ကသိုလ်နှစ်ရပ်၌  ကျောင်းသား ကျောင်းသူ  စုစုပေါင်း ၇၁၃ ဦး တက်ရောက်ပညာသင်ယူလျက် ရှိသဖြင့် ရာနှုန်းပြည့် ကျောင်းအပ် လက်ခံသင်ကြားပေးနိုင်ခြင်းဖြစ် ကြောင်း သိရသည်။

သတင်းစဉ်