နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်

 

နေပြည်တော်    ဇွန်    ၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား   ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်    ဖိတ်ခေါ်မှုကို ပြည်သူများက   ကြိုဆိုထောက်ခံသည့်အနေဖြင့်      ငြိမ်းချမ်းရေး  ကြိုးပမ်းဆောင်ရွက်မှုလုပ်ငန်းများ ကို   ကြိုဆိုထောက်ခံခြင်းနှင့်       ပြည်ပစွက်ဖက် နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို  ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့နယ် ရှမ်းဝိုင်းရပ် မြို့မရပ်ကွက်၌ ပြုလုပ်သည်။

 


အဆိုပါ ကြိုဆိုထောက်ခံပွဲသို့ သံဃာတော်များ၊   ငြိမ်းချမ်းရေးကိုလိုလားသူ ပြည်သူများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ   တာဝန်ရှိသူများ   စုစုပေါင်း  ၅၅၀၀ ခန့်  တက်ရောက်ကြသည်။

 


ငြိမ်းချမ်းရေးငှက်များ လွှတ်ပေး


ဦးစွာ တက်ရောက်လာသည့် သံဃာတော်များနှင့် တာဝန်ရှိသူများက ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့     ဝိုင်းဝန်းကြိုးပမ်းကြပါစို့ဟု စာသားပါ   ပိုစတာ ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးကာ ငြိမ်းချမ်းရေးငှက်များ ကို   အထိမ်းအမှတ်အဖြစ် လွှတ်ပေးကြသည်။ 

 


ယင်းနောက် ငြိမ်းချမ်းရေးလိုလားသူ       ပြည်သူ များက “ပြည်ထောင်စုမပြိုကွဲရေး-ဒို့အရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေး-ဒို့အရေး၊   အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး-ဒို့အရေး၊       ပြည်ထောင်စု ကြီး ငြိမ်းချမ်းရေး-ဒို့အရေး၊   ပြည်ပစွက်ဖက်မှု အန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေး-ဒို့အရေး၊ ငြိမ်ချမ်း ရေးပျက်ပြားအောင် ဆန့်ကျင်နေသူများ   ကျဆုံးရေး-ဒို့အရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး အောင်ရမည်” စသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ချီတက် ကြသည်။

 


 ဆွေးနွေးဟောပြော


ထို့နောက်      ငြိမ်းချမ်းရေးလိုလားသူများက     ငြိမ်းချမ်းရေးသည်    ဒီမိုကရေစီအတွက်  အခြေခံ လိုအပ်ချက်တစ်ခုဖြစ်သည်၊ ငြိမ်းချမ်းမှ       တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည်၊ ငြိမ်းချမ်းရေးသည် နိုင်ငံသား အားလုံး၏   ဆန္ဒအစစ်အမှန်ဖြစ်သည် စသည့် ခေါင်းစဉ်တို့ဖြင့်    ဆွေးနွေးဟောပြောခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်