
နေပြည်တော် ဇွန် ၃
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စု နယ်မြေ နေပြည်တော်သည် နိုင်ငံ၏ မြို့တော်ဖြစ်သည်နှင့် အညီ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား စသည့် အခြေခံအဆောက်အအုံကောင်းများနှင့် ပြည့်စုံသည့် နေပြည်တော်ကို Green City, Clean City, Smart City အဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ လမ်းညွှန်ချက်များအရ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း တည်ရှိသော မြေသယံဇာတများကို အကျိုးရှိရှိ အသုံးချပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာ စေရန် စိုက်ပျိုးမြေများကို တစ်သီးစိုက်မှ နှစ်သီးစိုက်၊ နှစ်သီးစိုက်မှ သုံးသီးစိုက်မြေများအဖြစ် အကျိုးရှိစွာ တိုးချဲ့စိုက်ပျိုးကြရန်၊ သီးထပ်၊ သီးညှပ်စိုက်ပျိုးနိုင် သည့် သီးနှံများကို ပိုမိုစိုက်ပျိုးကြရန် လိုအပ်သလို ရေ၊ မြေ၊ ရာသီဥတု အခြေအနေများနှင့်အညီ လိုအပ် သည့် ပံ့ပိုးဖြည့်ဆည်းပေးမှုများဖြင့် တောင်သူ လယ်သမားများကို စည်းရုံးခြင်း၊ အထွက်ကောင်း သည့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်းနှင့် စိုက်ပျိုးရေး အသိပညာများ မျှဝေပေးခြင်းတို့ ကို ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဆည် ရေသောက်ဧရိယာများကို စိုက်ပျိုးရေ အပြည့်အဝရရှိ ရေးအတွက် ဆည်မြောင်း၊ တာတမံများ၊ ရေလှောင် တမံများ၊ ရေပေးမြောင်းများကို ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းများ၊ မြစ်ရေတင်လုပ်ငန်းများနှင့် မြေအောက်ရေ ရရှိရေးလုပ်ငန်းများကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်ကြရန်နှင့် စနစ်ကျ လယ်ယာမြေများ ပိုမိုတိုးချဲ့ဖော်ထုတ်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါ ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ မွေးမြူရေးကဏ္ဍအပေါ်လည်း များစွာ အထောက်အကူပြုခြင်းကြောင့် တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများ၊ ငါးမွေးမြူရေးလုပ်ငန်းများလည်း ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းများမှ အချိန်နှင့် တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်၍ လုပ်ငန်းလိုအပ် ချက်များရှိပါက အချိန်မီ ညှိနှိုင်းဖြည့်ဆည်းပေးရန် နှင့် အဆင့်ဆင့်တင်ပြ ဆောင်ရွက်သွားကြရန်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို စံပြဖွံ့ဖြိုး တိုးတက်သည့် နယ်မြေတစ်ခု ဖြစ်ပေါ်လာစေရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာအောင် တက်ရောက်လာသူများ အနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ များက နေပြည်တော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက နေပြည်တော်တွင် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျေးလက်နေပြည်သူများ၏ သီးနှံထုတ်လုပ်မှု တိုးတက်ရန် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက လုပ်ငန်းများကို အောင်မြင်အောင် ရည်မှန်းချက်ထား၍ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ တောင်သူများကို အသိပညာပေးလုပ်ငန်း များ ထိထိရောက်ရောက် ဆောင်ရွက်စေလိုကြောင်း၊ သားငါးကဏ္ဍများကို အလေးထားပြီး ဖွံ့ဖြိုးတိုးတက် အောင် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ဖြည့်စွက် ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်