
ဆန်
ပြည်တွင်းဆန်ဈေးကွက်အတွင်း အရောင်း အဝယ် တည်ငြိမ်လျက်ရှိပြီး ဆန်စပါးကုန်စည်ဒိုင် ဈေးနှုန်းများအရ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ် ၄၈၅၀၀၊ ပေါ်ကျွဲဆန် တစ်အိတ်လျှင် ကျပ် ၄၀၅၀၀၊ ဧည့်မထဆန် တစ်အိတ်လျှင် ကျပ် ၃၀၅၀၀ နှင့် ငစိန်ဆန် တစ်အိတ် ကျပ် ၂၈၅၀၀ ဈေးရှိကြောင်း သိရသည်။ ကုန်စည်ဒိုင်သို့ တစ်ပတ်အတွင်း ဆန်အိတ်ရေ ၂၆၅၆၉၀ ခန့် ဝင်ရောက်ထားကြောင်း ရန်ကုန်ကုန်သွယ်မှုဗဟို ဌာနမှ သိရသည်။
ဆီ
စားသုံးဆီဈေးနှုန်းများတွင် စားအုန်းဆီဈေး အနည်းငယ်မြင့်တက်ခဲ့ပြီး ကျန်ဆီဈေးနှုန်းများတည်ငြိမ်ခဲ့သည်။ မြေပဲဆီ နှင့် နှမ်းဆီ တစ်ပိဿာ လျှင် ကျပ် ၉၅၀၀၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၅၉၅၀ ရှိခဲ့ပြီး စားအုန်းဆီမှာ ပြီးခဲ့သည့် သီတင်းပတ်ခန့်က ကျပ် ၅၀ ဝန်းကျင်မြင့်တက်လာ ခဲ့သည်။
ပဲမျိုးစုံနှင့် ပြောင်း
ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း မတ်ပဲ တစ်တန်ကျပ် ၁၄၂၇၅၀၀၊ ပဲစင်းငုံနီ ကျပ် ၁၃၅၀၀၀၀၊ ကုလားပဲဖြူလုံးကြီး ကျပ် ၁၅၈၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ကို တွေ့ရသည်။ တစ်ပတ်အတွင်း မတ်ပဲ၊ ပဲစင်းငုံနီနှင့် ဗိုလ်ကိတ်၊ ကုလားပဲဖြူလုံးကြီးများ ဈေးနှုန်းကျပ် တစ်သောင်းမှ ငါးသောင်းကျော်အထိ ဈေးမြင့် တက်လာခဲ့ပြီး ပဲပုပ်မှာ ယခင်သီတင်းပတ်ကထက် ကျပ်တစ်သိန်းဝန်းကျင် ကျဆင်းလာခဲ့သည်။ ပြောင်းဆန်တစ်တန်လျှင် ကျပ် ၆၆၇၅၀၀ ရှိပြီး တစ်ပတ်အတွင်း ကျပ် ၆၀၀၀ ဝန်းကျင် ဈေးမြင့် လာခဲ့သည်။
စားဖိုဆောင်သီးနှံ
ကြက်သွန်နီဈေးနှုန်းများ တစ်ပိဿာ ကျပ် ၇၀၀ မှ ၉၀၀ အကြား ဈေးနှုန်းအနည်းငယ်မြင့်တက် လာခဲ့ပြီး ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာ ကျပ် ၃၂၀၀၊ ရှမ်းစ ကျပ် ၃၃၀၀ ရှိသည်။ ငရုတ်ပွနှင့် ငရုတ်ရှည် ဈေးနှုန်းတည်ငြိမ်နေပြီး တစ်ပိဿာ လျှင် ကျပ် ၉၅၀၀ နှင့် ကျပ် ၅၇၀၀ ဈေးဖြစ်ခဲ့ သည်။
ကိုရိုး