မန္တလေးမြို့တွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်၊ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

 

မန္တလေး   ဇွန်    ၂


၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို  ယနေ့  နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ   မန္တလေးမြို့ရှိ    အခြေခံပညာ ကျောင်းများတွင်  ကျောင်းသား   ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ        ပညာသင်ကြားလျက်ရှိသည်။  

 


ထိုသို့ကျောင်းတက်ကြသည့်    ကျောင်းသား ကျောင်းသူများကို တာဝန်ကျ ဆရာ ဆရာမများက ကျောင်းဝင်ပေါက်အသီးသီး၌ ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ Mask နှင့် FaceShield  များ တပ်ဆင် ထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊  တပ်ဆင်ထားခြင်း မရှိပါက အသင့်ထားရှိသည့် Mask များ တပ်ဆင်စေ ခြင်း၊ ကျောင်းအတွင်းရှိ လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးစေခြင်းတို့ကို    ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိသည်။

 


အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်    ဦးစန်းအောင်က “ဒီနေ့ဆို အခြေခံပညာကျောင်းတွေ စတင်ဖွင့်လှစ်ပြီး သင်ကြားရေးလုပ်ငန်းတွေကို ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။  ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်း မှာ ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ်ထားတဲ့ မေ ၂၆ ရက်ကနေ ဇွန် ၁   ရက်အထိ ကျောင်းသား ကျောင်းသူပေါင်း ၅၈၀၀၀၀ ကျော် လက်ခံထားပြီး ဖြစ်ပါတယ်။  ယခင်နှစ်က ကျောင်းသား ကျောင်းသူ အင်အား ၅၂၀၀၀၀ ကျော်ရှိတဲ့  အနေအထားနဲ့ဆို ဒီနှစ်မှာ ကျောင်းသား ကျောင်းသူ ၆၀၀၀၀ ကျော် ပိုမိုတိုးတက်အပ်နှံထားတယ်ဆိုတာ    တွေ့ရှိရပါ တယ်။  ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းသား ကျောင်းသူတွေအတွက်      ကိုဗစ်-၁၉    ကြိုတင် ကာကွယ်ရေးညွှန်ကြားချက်များနဲ့အညီ   အခြေခံ ပညာကျောင်းတွေကို           ပြင်ဆင်ထားပါတယ်။

 

နောက်ပြီး လုံခြုံရေးပိုင်းမှာဆိုလည်း ကျောင်းတွေမှာ သက်ဆိုင်ရာ  ကျောင်းသား ကျောင်းသူများ စနစ် တကျ ဝင်ထွက်နိုင်ဖို့၊ မသက်ဆိုင်သူတွေ ဝင်ရောက် ခြင်းကို စောင့်ကြည့်ကာကွယ်နိုင်ဖို့ တာဝန်ချထား ပါတယ်။ ကျောင်းပြင်ပမှာတော့      သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့    ညွှန်ကြားချက်နဲ့ပဲ လုံခြုံရေးတာဝန်ရှိသူတွေ၊  ဒေသအာဏာပိုင် အဖွဲ့ အစည်းတွေနဲ့ မိဘဆရာအသင်းတွေ ပေါင်းစပ်ပြီး ကျောင်းပတ်ဝန်းကျင်လုံခြုံရေးကိုလည်း   စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။

 


‘‘ကျောင်းအပ်လက်ခံတဲ့ရက်ကိုလည်း နောက်ဆုံး ရက်ဆိုပြီး သတ်မှတ်ထားတာမရှိပါဘူး။    ဒီနေ့ ကျောင်းတက်ရတဲ့ရက်မှာလည်း ကျောင်းလာအပ် တဲ့သူတွေကို စနစ်တကျ လက်ခံသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကာလမှာ ကိုဗစ် - ၁၉ ကြောင့် ကျောင်းပိတ် ထားရတဲ့အခြေအနေတွေရှိပါတယ်။    ဒါကြောင့် ကျောင်းနေရမယ့်ကလေးတွေ      စာသင်ခန်းနဲ့ ကင်းဝေးသွားတဲ့အခါမှာ ကျောင်းသား ကျောင်းသူ များရဲ့ ပညာသင်ယူခွင့် အခွင့်အလမ်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ ထိခိုက်ပါတယ်။ အခုပညာသင်နှစ်မှာ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံ နိုင်ဖို့   နိုင်ငံတော်ကလည်း   အခမဲ့ပညာရေးစနစ် သတ်မှတ်ထားသလို ကျောင်းဝတ်စုံတွေပါ ထောက်ပံ့ ဖို့ အစီအမံရှိပါတယ်။ မိဘများအနေနဲ့ ကျောင်းနေ အရွယ်ကလေးအားလုံး           စာသင်ခန်းတွေဆီ ရောက်အောင် ဆောင်ရွက်ပေးကြဖို့   မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်”ဟု ပြောသည်။

 


ထို့ပြင် ချမ်းအေးသာစံမြို့နယ်ရှိ  အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းအုပ် ဆရာကြီး    ဒေါက်တာ သန်းထိုက်စိုးကလည်း “ကျွန်တော့်ကျောင်းမှာ ကျောင်းတက်ရောက်မှုအနေ နဲ့ မနှစ်ကထက် ကျောင်းသားအင်အားများပါတယ်။

 

လက်ရှိလည်း    ကျောင်းအပ်နှံနေဆဲဖြစ်ပါတယ်။ လက်ရှိမှာ ကျောင်းသား ကျောင်းသူ ဦးရေ ၃၀၀၀ နီးပါး ရှိနေပါပြီ။ ဇွန်လအတွင်းမှာလည်း ကျောင်းအပ် နှံမှုကို ဆက်လက်လက်ခံပေးနေမှာ ဖြစ်ပါတယ်။  သင်ကြားရေးကိုလည်း အရှိန်အဟုန်နဲ့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဒီနှစ် ထူးခြားမှုအနေနဲ့ သင်ရိုး သစ် သုံးခုရှိပါမယ်။ ကျွန်တော်တို့နိုင်ငံရဲ့ သင်ရိုးသစ် တွေက နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ စနစ်တကျ ရေးဆွဲထားတာဖြစ်ပါတယ်။ သင်ရိုးတွေနဲ့ အသားကျ သွားပြီဆိုရင် ကျွန်တော်တို့ရဲ့ ပညာရေးက ဘာမှ အပြစ်ပြောစရာမရှိတော့ပါဘူး။ ကိုဗစ်-၁၉ ကာကွယ် ရေးအတွက်လည်း ဒီနေ့မှာပဲ KG တန်းတွေကို စတင် ဆေးထိုးဖို့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ကလေးငယ် တွေဟာ စာသင်ကြားဖို့လိုတယ်။ သူတို့ရဲ့ အသက် အရွယ်ကို ဘယ်သူကမှ   ဟန့်တားထားလို့မရဘူး။ သင်ကြားသင်ယူခွင့်ရှိတဲ့နေရာမှာ သင်ကြားသင်ယူ မှုကို လုပ်ကိုလုပ်ရမယ်။ ဒါကြောင့်     အားလုံးကို ဖိတ်ခေါ်ပါတယ်”  ဟုပြောသည်။

 


  မန္တလေးမြို့ရှိ သက်ဆိုင်ရာ ကျောင်းအသီးသီး၌ စာသင်ကြားကြမည့် ကျောင်းသား  ကျောင်းသူများ အတွက် ပျော်ရွှင်စရာကောင်းသည့်   သင်ကြား၊ သင်ယူမှု ပတ်ဝန်းကျင်ကောင်းဖြစ်စေရန် ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အလိုက် ပူးပေါင်းအဖွဲ့များက ကျောင်းတွင်း၊    ကျောင်းပြင် သန့်ရှင်းရေးများဆောင်ရွက်ထားခြင်း၊ ကျောင်းဥပဓိ ရုပ် ကောင်းမွန်စေရေး  ဆောင်ရွက်ထားခြင်းနှင့် ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ စာသင်ခုံ များနေရာချထားခြင်းတို့ကိုလည်း ဆောင်ရွက်ထား သည်ကို တွေ့မြင်ရသည်။

 


ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးအေးမင်းက “မိဘတွေက သားသမီးတွေရဲ့ ပညာရေးကို အလေး အနက်ထားသလို နိုင်ငံအတွက်လည်း ပညာရေးက အဓိကကျတယ်။ ဒီကလေးတွေဟာ   အနာဂတ်မှာ နိုင်ငံကို ဦးဆောင်ကြမှာဖြစ်တဲ့အတွက်   နိုင်ငံနဲ့ လူမျိုးအတွက်  ကျောင်းလာအပ်ဖို့လိုအပ်ပါတယ်။ ကျွန်တော့်လိုပဲ တခြားမိဘတွေဟာ မိမိတို့ သားသမီး တွေကို ကျောင်းလာအပ်နှံကြတာ တွေ့ရတဲ့အတွက်  ဝမ်းသာမိပါတယ်။ ပညာရေးကို အလေးအနက်ထား ကျောင်းအပ်နှံပြီး   ကျောင်းတက်ကြဖို့    ဖိတ်ခေါ် ကြိုဆိုပါတယ်” ဟုပြောသည်။

 


ကျောင်းလာတက်ကြသည့်    ကျောင်းသား ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေပြီး လုံခြုံ စိတ်ချစွာဖြင့် ပညာသင်ကြားနိုင်ရန်အတွက်လည်း မန္တလေးမြို့ရှိ အဓိကလမ်းမကြီးများနှင့် နီးစပ်သည့် ကျောင်းများ၌ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ က      ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် သက်ဆိုင်ရာ မြို့နယ်များအလိုက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက ကျောင်းတွင်း၊ ကျောင်းပြင် လုံခြုံရေးဆောင်ရွက်ပေး လျက်ရှိသည်ကိုလည်း တွေ့မြင်ရသည်။

 


မန္တလေးတိုင်းဒေသကြီးအတွင်း၌ အခြေခံပညာ ကျောင်း ၄၂၆၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်း ၁၃၅ ကျောင်းနှင့်   ပုဂ္ဂလိကကိုယ်ပိုင် ကျောင်း  ၂၄၁ ကျောင်းရှိကြောင်း သိရှိရသည်။ 


မောင်အေးချမ်း