
နေပြည်တော် ဇွန် ၂
(၁၅) ကြိမ်မြောက် အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနဌာန(ERIA) အုပ်ချုပ်မှုဘုတ်အဖွဲ့ အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီခွဲတွင်ကျင်းပရာ မြန်မာနိုင်ငံ၏ အီးအာရ်အိုင်အေအုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင် ကျော်သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) မှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်သည်။
အဆိုပါ အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံ Ateneo de Manila University ၏ စီးပွားရေး ပါမောက္ခ Dr. Cielito F. Habito က အစည်းအဝေးသဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီး အီးအာရ် အိုင်အေအုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင် များဖြစ်သည့် အာဆီယံနိုင်ငံများ နှင့် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန် နိုင်ငံတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် ကျွမ်းကျင် ပညာရှင်များ၊ အီးအာရ်အိုင်အေ အကြံပေးကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ အီးအာရ်အိုင် အေ အုပ်ချုပ်မှုဘုတ်အဖွဲ့အစည်း အဝေးသဘာပတိ ပါမောက္ခ Dr. Cielito F. Habito ၊ အီးအာရ်အိုင် အေ၏ ဥက္ကဋ္ဌ ပါမောက္ခ Hidetoshi Nishimura နှင့် အာဆီယံအတွင်း ရေးမှူးချုပ် Dato Paduka Lim Jock Hoi တို့က အမှာစကားများ ပြောကြားကြသည်။
ဆက်လက်၍ အီးအာရ်အိုင် အေ၏ Chief Economist ၊ ပါမောက္ခ Fukunari Kimura က ကမ္ဘာ့လက်ရှိ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများက အာဆီယံနှင့် အရှေ့အာရှဒေသအပေါ် အကျိုး သက်ရောက်မှုများကို လည်း ကောင်း၊ အကြီးတန်းမူဝါဒရေးရာ အဖွဲ့ဝင် ပါမောက္ခ Jun Arima က အရှေ့အာရှ နိုင်ငံများအတွက် ဆောင်ရွက်သည့် စွမ်းအင်မူဝါဒ ဆိုင်ရာလေ့လာမှု လမ်းပြမြေပုံ (၂၀၂၂-၂၀၂၃) ကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။ ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်နှင့် အီးအာရ်အိုင်အေ အုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင်များက အာဆီယံနှင့် အရှေ့အာရှဒေသအပေါ် ကမ္ဘာ့ တိုးတက်မှု အကျိုးသက်ရောက်မှု များနှင့် အီးအာရ်အိုင်အေက အာဆီယံနှင့် အရှေ့အာရှဒေသ တွင် ဆောင်ရွက်ရမည့် သုတေသန အစီအစဉ်သစ်များကို အဆိုပြု ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ဒုတိယ ဝန်ကြီးက အီးအာရ်အိုင်အေ၏ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွက် ဆောင်ရွက်သည့် သုတေသန လုပ်ငန်းအစီအစဉ်များကို အသိ အမှတ်ပြုပါကြောင်း၊ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင် ရွက်မှု (RCEP) သဘောတူစာချုပ် တွင် မြန်မာနိုင်ငံသည် ကျန်အဖွဲ့ဝင် နိုင်ငံ ၁၀ နိုင်ငံနှင့် နှစ်နိုင်ငံအကြား အသက်ဝင်ပြီး ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ နိုင်ငံတို့က RCEP ၏ အချို့ သဘောတူညီချက်များကို လိုက်ပါ အကောင်အထည်ဖော်ရန်အတွက် ကြားကာလ ကူးပြောင်းချိန်များရရှိထားကြောင်း၊ အဆိုပါကာလ အတွင်း မြန်မာနိုင်ငံအနေဖြင့် လည်း RCEP စာချုပ်ကို အပြည့် အဝ အကောင်အထည်ဖော်နိုင်ရန် အတွက် လိုအပ်သည့် အဖွဲ့အစည်း တည်ဆောက်မှုနှင့် ဥပဒေဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီ အစဉ်များကို ဆောင်ရွက်ပေးစေ လိုပါကြောင်း ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်