
နေပြည်တော် ဇွန် ၂
e-Government စနစ်၏ အခြေခံ အကျဆုံးလုပ်ငန်း တစ်ခုဖြစ်သည့် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ် လုပ်ငန်းကော်မတီ တတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည် တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အခမ်းအနားသို့ e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ e-ID စနစ်လုပ်ငန်း ကော်မတီအတွင်းရေးမှူး ဒုတိယ ဝန်ကြီး ဦးဌေးလှိုင်နှင့် ကော်မတီ ဝင်များ၊ တာဝန်ရှိသူများ တက် ရောက်ကြပြီး ကိုယ်တိုင်မတက် ရောက်နိုင်သည့် ကော်မတီဝင် အချို့မှာ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် တက်ရောက်ကြသည်။
မဖြစ်မနေဆောင်ရွက်
ရှေးဦးစွာ e-ID စနစ်လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက e-ID စနစ် လုပ်ငန်းသည် e-Government စနစ်အတွက် အခြေခံအကျဆုံး လုပ်ငန်းရပ် တစ်ခုဖြစ်သည်နှင့် အညီ နိုင်ငံတော်အတွက် မဖြစ် မနေ ဆောင်ရွက်ရမည်ဖြစ်သဖြင့် လက်ရှိ နိုင်ငံတော်အစိုးရ တာဝန် ယူချိန်တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆုံးဖြတ်ဆောင် ရွက်ခြင်းဖြစ်ပါကြောင်း၊ လက်ရှိ နိုင်ငံတော်အစိုးရ ကာလအတွင်း ပြည်တွင်း/ ပြည်ပ နှောင့်ယှက်၊ ဟန့်တား၊ ပိတ်ဆို့မှုများကြားမှ ကြိုးပမ်း ဆောင်ရွက်နေရသည့် အတွက် ကန့်သတ်ချက်များစွာ ရှိပါကြောင်း၊ နိုင်ငံတော်၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ပြီး e-ID စနစ်လုပ်ငန်း အတွက် မိမိတို့ဝန်ကြီးဌာနတွင် အီလက်ထရောနစ် မှတ်ပုံတင် စနစ်ဦးစီးဌာနကို ဖွဲ့စည်းဆောင် ရွက်လျက်ရှိပါကြောင်း၊ e-ID စနစ် လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်း ကော်မတီ ဖွဲ့စည်းပြီးဖြစ်သကဲ့သို့ ဆပ်ကော်မတီများကို လည်း ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းနှင့်ပတ်သက်သည့် ဥပဒေ ဆိုင်ရာများနှင့် ပတ်သက်၍လည်း ညှိနှိုင်းဆွေးနွေး ဆောင် ရွက်နေပြီ ဖြစ်ပါကြောင်း၊ e-ID စနစ် အကောင်အထည် ဖော်ရာတွင် Unique ID ကောက်ယူခြင်းနှင့် National ID ဆောင်ရွက်ခြင်းဆို သည့် အပိုင်း နှစ်ပိုင်းဖြင့် ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း။
ဆွေးနွေးအတည်ပြု
ယခုအခါ e-ID စနစ်တစ်ခုလုံး အတွက် ဒီဇိုင်းပုံစံ Master Plan ပြည်တွင်းနည်းပညာ အကြံပေး အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေး တိုင်ပင်ကာ ရေးဆွဲထားပြီးလည်း ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများ အတွက် နိုင်ငံတကာအဆင့်မီ ဖြစ်စေရန် ပြည်ပနည်းပညာ အကြံပေးကို ငှားရမ်းဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့ အသုံးပြုမည့် Enrollment Kit နှင့်ပတ်သက်သည့် အချက် အလက်များ၊ ရေးဆွဲထားသည့် Master Plan များအပေါ် လိုအပ် သည့် အကြံပြုချက်များ၊ လုပ်ငန်း စဉ်အတွက် လိုအပ်သောသင်တန်း ပေးနိုင်ရေး အခြေအနေများကို ပြည်ပ နည်းပညာအကြံပေးက သုံးသပ်ဆွေးနွေး အကြံပြုပေးနိုင် မည်ဖြစ်ပါကြောင်း၊ ယခုအစည်း အဝေးတွင် ရေးဆွဲထားသည့် လုပ်ငန်းဆိုင်ရာ ဒီဇိုင်းပုံစံ Master Plan နှင့်ပတ်သက်၍ အထက် ဌာနသို့ ဆက်လက်တင်ပြနိုင်ရေး အတွက် ဆွေးနွေးအတည်ပြုပေး ကြမည်ဖြစ်ပါကြောင်း၊ e-ID စနစ်လုပ်ငန်းသည် နိုင်ငံတော် အတွက် မဖြစ်မနေဆောင်ရွက် ရမည့် လုပ်ငန်းဖြစ်ပြီး အချိန် ကာလ၊ နိုင်ငံတကာ အဟန့် အတား၊ နည်းပညာကျွမ်းကျင်မှု စသည့် ကန့်သတ်ချက်အပေါ် ခြုံငုံသုံးသပ်၍ အကြံပြုဆွေးနွေး ပေးကြစေလိုပါကြောင်း ရှင်းလင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် e-ID စနစ် လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့် က e-ID စနစ် အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရေးဆွဲထားသည့် System Archi-leeture Design နှင့် ပြည်ပ နည်းပညာအကြံပေး ငှားရမ်းနိုင် ရေးတို့နှင့်ပတ်သက်၍ လိုအပ် သော လုပ်ငန်းလမ်းညွှန် (TOR) များကို ရှင်းလင်းတင်ပြသည်။
ညှိနှိုင်းဖြည့်ဆည်း
ယင်းနောက် တက်ရောက်လာ ကြသည့် ကော်မတီ အဖွဲ့ဝင်များက e-ID စနစ်အတွက် ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည် ထောင်စုဝန်ကြီး ဦးခင်ရီက ရှင်းလင်းဆွေးနွေး တင်ပြချက် များအပေါ် လုပ်ငန်းလိုအပ်ချက် များ ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်