
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးခန့်ထားခြင်း
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်ဖော်ပြပါ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်-
အမည် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး
ရာထူး၊ ဌာန
(က) ဒေါက်တာတင်တင်ထွေး ပါမောက္ခချုပ်
ရန်ကုန်စီးပွားရေးတက္ကသိုလ်
အဆင့်မြင့်ပညာဦးစီးဌာန
ပညာရေးဝန်ကြီးဌာန
(ခ) ဒေါက်တာသီတာကြူ ပါမောက္ခချုပ်
မုံရွာစီးပွားရေးတက္ကသိုလ်
အဆင့်မြင့်ပညာဦးစီးဌာန
ပညာရေးဝန်ကြီးဌာန
(ဂ) ဒေါက်တာခင်စန်းစန်းဝင်း ပါမောက္ခချုပ်
မန္တလာတက္ကသိုလ်
အဆင့်မြင့်ပညာဦးစီးဌာန
ပညာရေးဝန်ကြီးဌာန
၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း ကို ယင်းဦးစီးဌာန၏ ညွှန်ကြား ရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့် နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။