မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးတင်အောင် ပေါင်းတည်အချုပ်ထောင်နှင့် ပြည်အကျဉ်းထောင်တို့ကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇွန်   ၁

 


မြန်မာနိုင်ငံ  အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်  ဦးတင်အောင်နှင့်  အဖွဲ့သည်   မေ  ၃၀  ရက် တွင် ပေါင်းတည်အချုပ်ထောင်နှင့် ပေါင်းတည်မြို့မရဲစခန်း အချုပ်ခန်းကိုလည်းကောင်း၊ မေ ၃၁ ရက်က ပြည်အကျဉ်းထောင်နှင့်   ပြည်မြို့ အမှတ်(၁)  နယ်မြေရဲစခန်း  အချုပ်ခန်းကိုလည်းကောင်း  သွားရောက် ကြည့်ရှုစစ်ဆေးသည်။
 

 

မေးမြန်းမှတ်တမ်းတင်


ရှေးဦးစွာ ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်နှင့် အဖွဲ့သည် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် ရဲစခန်း အချုပ်ခန်းတို့ကို   ကြည့်ရှုစစ်ဆေးစဉ်   ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေ လုပ်ထုံး လုပ်နည်း ထုတ်ပြန်ချက်များနှင့်အညီ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကို အုပ်စု လိုက်ခွဲ၍ တွေ့ဆုံကာ  အကျဉ်းသား/ အချုပ်သား တစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ  မရှိနှင့်  ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ၊ ကိုဗစ် ကာကွယ်ဆေးထိုးနှံပြီးစီးမှု စသည်တို့ကို  မေးမြန်း မှတ်တမ်းတင်ခြင်းနှင့်  ယခင်က  ကြည့်ရှုစစ်ဆေး ခဲ့သည့် အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 


 ကြည့်ရှုစစ်ဆေး


အကျဉ်းထောင်နှင့်      အချုပ်ထောင်များကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ်      အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင် များ၊ ထောင်တွင်းဆေးခန်း၊ တိုက်ခန်းများ၊ စာကြည့် တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သောက် ရေနှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ မြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ 

 


ယင်းနောက် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ် သား/ အချုပ်သူများ   လေ့လာဖတ်ရှုရန်အတွက်  ပေါင်းတည်အချုပ်ထောင်နှင့် ပြည်အကျဉ်းထောင် တို့ကို   ကမ္ဘာ့လူ့အခွင့်အရေး   ကြေညာစာတမ်း မြန်မာပြန် စာသားများပါရှိသော မှတ်စုစာအုပ် ၅၀၀ နှင့် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၃၀၀ တို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ အကျဉ်းထောင်တာဝန်ခံ များက လက်ခံရယူသည်။

 


တွေ့ရှိချက်နှင့် အကြံပြုချက်များ


ကော်မရှင်အဖွဲ့ဝင်၏ ခရီးစဉ်အတွင်း စစ်ဆေး တွေ့ရှိချက်နှင့်   အကြံပြုချက်များကို   လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင် ရာသို့ ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။                                           
 

သတင်းစဉ်