နောင်ချိုမြို့နယ်၌ ငွေကျပ်သိန်း ၁၃၁၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

 

 

နေပြည်တော်   မေ   ၃၁ 
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး   ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မေ ၃၀ ရက် နံနက် ၅ နာရီက နောင်ချို မြို့နယ်      အိုရီယမ်တယ်တိုးဂိတ်အနီး၊ လားရှိုး - မန္တလေးသွား      ကားလမ်းတွင် အောင်ကိုကို(ခ)ပေါက်စ    မောင်းနှင်ပြီး အောင်အောင်နိုင် လိုက်ပါလာသည့် TOYOTA IPSUM အမျိုးအစား    မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်၏နောက်ခန်း ထိုင်ခုံအောက်နှင့်  ဆီတိုင်ကီအံဝှက်အတွင်း တို့မှ စိတ်ကြွရူးသွပ်ဆေးပြား  ၂၄၆၀၀၀၊ ဘိန်းစိမ်း ၁၀ ကီလို   သိမ်းဆည်းရမိခဲ့သဖြင့် အောင်ကိုကို(ခ)ပေါက်စ       (၂၈)နှစ်နှင့် အောင်အောင်နိုင်(၄၀)နှစ်တို့အား မူးယစ် ဆေးဝါးနှင့်    စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သတင်းရရှိသည်။      သတင်းစဉ်