ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့်  နိုင်ငံတော်ကချမှတ်ထားသော မြေယာမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် နိုင်ငံ၏စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးမြေများ မလျော့ပါးစေရန် စီမံဆောင်ရွက်လျက်ရှိ

 

 

နေပြည်တော်   မေ   ၃၁
မြေယာများကို အကျိုးရှိရှိ အသုံးချ နိုင်ရန်နှင့်     စိုက်ပျိုးမြေများပေါ် တွင်  သီးနှံစိုက်ပျိုးရေးနှင့်  မွေးမြူ ရေးဆိုင်ရာ  ထုတ်လုပ်မှုစွမ်းအား တိုးတက်လာစေရန်  စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊    လယ်ယာသုံး  စက်ကိရိယာများနှင့်   သွင်းအားစု ပစ္စည်းများ      အသုံးပြုနိုင်ရေး လုပ်ငန်းများကို   ဘက်စုံကဏ္ဍစုံ အလေးထား  ဆောင်ရွက်လျက်ရှိ ကြောင်း    ယနေ့   မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးရုံး   အစည်းအဝေးခန်းမ၌ ကျင်းပသည့်   ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း   အစည်းအဝေး တွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက            ပြောကြား သည်။ 
ဆွေးနွေး
အစည်းအဝေးသို့    ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့်  ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ      တက် ရောက်ကြပြီး     အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ်   ဦးသက် နိုင်ဦးက    အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့်  ကိစ္စရပ် များကို     ဖတ်ကြားတင်ပြရာ အစည်းအဝေး  တက်ရောက်လာ ကြသူများက  လုပ်ငန်းအကြောင်း အရာ  တစ်ခုချင်းအလိုက်ဆွေးနွေး ဆောင်ရွက်ကြသည်။     
စိစစ်ဆောင်ရွက်
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့်          နိုင်ငံတော်က ချမှတ်ထားသော   မြေယာမူဝါဒ များကို  အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့်       နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးမြေများ  မလျော့ပါးစေရန် စီမံ      ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအကျိုးအတွက်  စီမံ ကိန်းလုပ်ငန်းများ  ဆောင်ရွက်နိုင် ရန် အသုံးပြုခဲ့သော လယ်ယာမြေ များအတွက်  မူလပိုင်ရှင်တောင်သူ များနှင့်  မြေရှင်များ  နစ်နာမှုမရှိ စေရေး    တည်ဆဲလယ်ယာမြေ ဥပဒေ၊  နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာ  ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊      နစ်နာကြေးများ အချိန်မီ  ပေးလျော်နိုင်ရန်ကိစ္စ၊ လယ်ယာမြေကို  အခြားလုပ်ငန်း များ ဆောင်ရွက်ရန် တင်ပြလာ သောကိစ္စ၊  လယ်ယာမြေ  ဥပဒေ ပုဒ်မ ၂၈ ပုဒ်မခွဲ (က)   နှင့်အညီ လယ်ယာမြေကို      အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးခွင့်   လျှောက် ထားလာသော   ကိစ္စအပါအဝင် လယ်ယာမြေနှင့်  သက်ဆိုင်သော ကိစ္စရပ်များကို     နေပြည်တော်၊ တိုင်းဒေသကြီး၊     ပြည်နယ် လယ်ယာမြေ   စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်  တည်ဆဲဥပဒေများနှင့် အညီ   စိစစ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ 
သတင်းစဉ်