ကမ္ဘာ့သမုဒ္ဒရာရေပြင်အတွင်းရှိ  ပင်လယ်မြက်ခင်းများ၏ အောက်တွင် သကြားတောင်ကြီးတွေ့ရှိ

Type
99

 

သီဟစည်သူ
 

 မက်စ်ပလန့်ခ်    အင်စတီကျုမှ အဏ္ဏဝါအဏုဇီဝဗေဒ သိပ္ပံပညာရှင်များက ကမ္ဘာ့သမုဒ္ဒရာရေပြင်အတွင်း ရှိ ပင်လယ်မြက်ခင်းပြင်များအောက်တွင် တောင်လိုပုံနေသည့် သကြားများ တွေ့ရှိကြောင်း ထုတ်ပြန်ချက် တစ်ရပ်အရ သိရသည်။

သမုဒ္ဒရာရေပြင်အောက်ရှိ ပင်လယ်မြက်ခင်းများ သည်  ကာဗွန်စုပ်ယူမှုအတွက် အဓိက အရေးပါပြီး ကမ္ဘာ့ထိပ်တန်း ကာဗွန်စုပ်ယူသိုလှောင်မှု ဂေဟစနစ် များအနက်မှ တစ်ခုအပါအဝင်ဖြစ်သည်။ 
တစ်ကီလိုမီတာ အကျယ်အဝန်းရှိသည့် ပင်လယ် မြက်ခင်းပြင်သည် ကုန်းမြေပေါ်ရှိ သစ်တောများမှ ကာဗွန်စုပ်ယူမှုထက် နှစ်ဆပိုများပြီး ၃၅ ဆခန့် ပိုမို မြန်မြန်ဆန်ဆန် စုပ်ယူသိုလှောင်နိုင်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
အဆိုပါ သုတေသနကို ပြုလုပ်နေသည့် မက်စ် ပလန့်ခ်အင်စတီကျုမှ သုတေသနအဖွဲ့ခေါင်းဆောင် မန်နျူရယ်လီဘိခ်က ယခုတွေ့ရှိသည့် ပမာဏများပြား လှသည့် သကြားများသည် ယခင်က အဏ္ဏဝါပတ်ဝန်း ကျင်ဆိုင်ရာလေ့လာမှုများတွင်   တွေ့ရှိဖူးသည့် သကြားပမာဏထက် အဆ ၈၀ ခန့်ပင် ပိုမိုများပြား သည်ဟုဆိုသည်။
“ခန့်မှန်းတွက်ချက်မှုအရ   ကမ္ဘာပေါ်မှာရှိတဲ့ ပင်လယ်မြက်ခင်းပြင်တွေရဲ့ အမြစ်တွေအောက်မှာ သကြားတန်ချိန်  ၀ ဒသမ  ၆  သန်းကနေ ၁ ဒသမ ၃ သန်းအထိ ရှိနေနိုင်တယ်၊  အကြမ်းဖျင်းအားဖြင့် ကိုကာကိုလာဘူး ၃၂ ဘီလီယံလောက်ကို ဝင်ဆံ့ နိုင်တဲ့ များပြားလှတဲ့ သကြားတွေပါ”ဟု လီဘိခ်က အဆိုပါ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
သမုဒ္ဒရာအတွင်းရှိ    ပင်လယ်မြက်များသည် နေရောင်ခြည်ရရှိသည့်အချိန်တွင်  ရေမှ  ကာဗွန် စုပ်ယူပြီး အစာချက်လုပ်ကာ ကာဗွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်တို့ပါဝင်သည့် သကြားမော်လီကျူးများ အဖြစ်   ပြောင်းလဲလိုက်ခြင်းဖြစ်သည်။   နေ့ပိုင်း (သို့မဟုတ်) နွေရာသီကဲ့သို့ နေရောင်ခြည် ပိုမိုရရှိ သည့်အချိန်များတွင် အပင်များသည် ၎င်းတို့လိုအပ် သည်ထက် သကြားမော်လီကျူးများ  ပိုမိုထုတ်လုပ် ပြီးနောက် ပိုလျှံနေသည့် သကြားမော်လီကျူးများ သည်  ၎င်းတို့၏ အမြစ်များ    အနီးတစ်ဝိုက်တွင် သိုလှောင်ခြင်းအားဖြင့် ယခုကဲ့သို့ သကြားပမာဏအမြောက်အမြားဖြစ်ပေါ်လာခြင်းဖြစ်သည်။
ပင်လယ်မြက်များမှ   ကာဗွန်စုပ်ယူနိုင်သည့် စွမ်းအင်ပမာဏများကို   ပိုမိုသိရှိနိုင်ရန်အတွက် အီတလီနိုင်ငံ အဲလ်ဘာကျွန်းတွင် အဆိုပါနေရာရှိ ပင်လယ်မြက်နမူနာများနှင့် ယင်းတို့ပတ်ဝန်းကျင်ရှိ အနယ်အနှစ်များကို      သုတေသနလေ့လာမှုများ ဆက်လက် ပြုလုပ်လျက်ရှိသည်။
ယခုအခါ ပင်လယ်မြက်အပင်မျိုးစိတ်များ၏ နေရင်းဒေသ အများအပြား ခြိမ်းခြောက်မှု ခံနေရပြီး ကမ္ဘာ့သမုဒ္ဒရာများ   အားလုံးအတွင်းရှိ    ပင်လယ် မြက်ခင်းပြင်များ၏    သုံးပုံတစ်ပုံခန့်    (ပင်လယ် မြက်ခင်းများ၏ ၃၃ ရာခိုင်နှုန်းခန့်) မှာ ပျက်စီးဆုံးရှုံး နေပြီဖြစ်သည်။
“ဒီလို   ပင်လယ်မြက်တွေရဲ့    အောက်မှာရှိတဲ့ သကြားတွေရဲ့ပမာဏကို ကြည့်ရင် ပင်လယ်မြက်ခင်း တွေ၊ ကမ္ဘာ့သမုဒ္ဒရာနဲ့ ကမ်းရိုးတန်း ဂေဟစနစ်တွေ ကနေ ကာဗွန်တွေကို ဘယ်လောက်အထိ စုပ်ယူ နိုင်လဲဆိုတာ ရှင်းရှင်းလင်းလင်းကို  သိနိုင်ပါတယ်” ဟု လီဘိခ်က ထပ်လောင်းပြောကြားသည်။
သုတေသနပြု  တွက်ချက်မှုများအရ    ကမ္ဘာ့ သမုဒ္ဒရာအတွင်း  ဆုံးရှုံးလိုက်ရသည့်    ပင်လယ် မြက်ခင်းများက စုပ်ယူသိုလှောင်နိုင်သည့် ကာဗွန်ဒိုင် အောက်ဆိုက် ပမာဏ တန်ချိန်ပေါင်း ၁ ဒသမ ၅၄ သန်းခန့်သည်  ကမ္ဘာ့လေထုအတွင်း ရောက်ရှိ လျက် ရှိသည်။ အဆိုပါ ပမာဏသည် ကမ္ဘာပေါ်ရှိ ကားအစီး ရေ ၃၃၀၀၀၀ ခန့်က  ထွက်ရှိသည့်    ကာဗွန်ဒိုင် အောက်ဆိုက်ပမာဏနှင့်  ညီမျှကြောင်း  အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ကြောင့် ပင်လယ် မြက်ခင်းများသည်   ကမ္ဘာ့ကာဗွန်စက်ဝန်းတွင် အရေးပါသော အခန်းကဏ္ဍမှ  ပါဝင်နေကြောင်း သုတေသနပညာရှင်များ၏     လေ့လာမှုများက သက်သေပြလျက်ရှိသည်။ 

ကိုးကား- Scientists find mountains of sugar beneath  seagrass  meadows  in  world’s oceans