အရှေ့တောင်အာရှရဲ့ အကြီးဆုံးစီးပွားရေးစီးဆင်းလည်ပတ်ရာ အင်ဒိုနီးရှားနိုင်ငံရဲ့  ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ စီးပွားရေးများလည်း ဖွံ့ဖြိုးတိုးတက်လာ

Type
6666


 

ထွန်းကျော်

 

အင်ဒိုနီးရှားနိုင်ငံရဲ့  ခရီးသွားအထင်ကရနေရာတွေကို  လာရောက်ကြတဲ့   နိုင်ငံခြားသားခရီးသည်အရေအတွက်ဟာ မှတ်တမ်းတင်ရလောက်အောင် များလာခဲ့ပါတယ်။  ဒါဟာ ကိုဗစ်-၁၉ ကြောင့် နှစ်နှစ်ကြာပိတ်ထားပြီးနောက်မှာ ပထမဆုံး ခရီးသွားများပြားလာခဲ့တာဖြစ်ပါတယ်။ 
ခရီးသွားတွေစည်ကားများပြား 
ခရီးသွားနဲ့  စီးပွားရေးဖန်တီးမှု ဝန်ကြီး ဆန်ဒီ ယာဂါအူနိုက  အင်ဒိုနီးရှားနိုင်ငံရဲ့ ကမ္ဘာ့အထင်ကရ  နေရာတွေကို   အုံနဲ့ကျင်းနဲ့   ဝင်ရောက်လာကြတဲ့ ခရီးသွားတွေနဲ့   ပြည့်နေတာပဲလို့   ပြောပါတယ်။ အဲဒီလိုခရီးသွားတွေ    အုံနဲ့ကျင်းနဲ့  ဝင်ရောက်ခဲ့တဲ့ အတွက်   ခရီးသွားကဏ္ဍမှာ   ရူပီး ၇၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ) လောက် တိုးတက်ရရှိလာခဲ့ပါတယ်။ 
အင်ဒိုနီးရှားနိုင်ငံရဲ့  အထင်ကရနေရာတွေကို လာရောက်လည်ပတ်တဲ့  ခရီးသွားတွေဟာ  ပွဲတော် ရာသီမှာ     အလွန်စည်ကားများပြားလှပါတယ်။ အစိုးရက     နိုင်ငံတကာ   ခရီးသွားတွေအတွက်      ဘာသာရေးပွဲတော်လာရောက်ဖို့  ခွင့်ပြုချက်ပေး လိုက်လို့ပဲ ဖြစ်ပါတယ်။ 
၈၅ သန်းထက်မနည်းရှိ 
ဒီပွဲတော်ရာသီမှာ    အနယ်နယ်အရပ်ရပ်က အလုပ်သမားတွေဟာ    မိသားစုတွေ       ပြန်လည် ဆုံတွေ့ဖို့ သူတို့ရဲ့ မွေးရပ်မြေအသီးသီးကို ပြန်လာ ကြတဲ့အချိန်အခါလည်း ဖြစ်ပါတယ်။
၂၀၂၂   ခုနှစ်မှာတော့   အင်ဒိုနီးရှားသယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာနက   အစိုးရရဲ့   လူမှုရေး ဆိုင်ရာ ကန့်သတ်ချက်တွေ   ဖြေလျှော့ပေးလိုက်တဲ့ အတွက် မိသားစုပြန်လည်ဆုံစည်းဖို့ မွေးရပ်မြေ ပြန်သူတွေနဲ့  အင်ဒိုနီးရှားနိုင်ငံရဲ့ ကမ္ဘာ့အထင်ကရ နေရာတွေကို သွားရောက်လည်ပတ်တဲ့  ခရီးသွား အရေအတွက်ဟာ    ၈၅ သန်းထက်မနည်းဘူးလို့ သတင်းထုတ်ပြန်ဖော်ပြထားပါတယ်။ 
ထင်ရှားကျော်ကြားတဲ့ နေရာတွေကို 
လာရောက်လည်ပတ်သူတွေ စည်ကား 
အင်ဒိုနီးရှားနိုင်ငံရဲ့  နာမည်ကျော်  ခရီးသွား နေရာတွေအနက်   ခရီးသည် အများဆုံး လာရောက် လည်ပတ်တဲ့  နေရာတွေကတော့  ဘာလီကမ်းခြေ  အပန်းဖြေစခန်း၊ မြောက်ဂျကာတာမှာရှိတဲ့    အန်ကို စိတ်ကူးယဉ် ပန်းခြံ၊ အရှေ့ဂျကာတာမှာရှိတဲ့  တာမန် မီနီအင်ဒါ ယဉ်ကျေးမှုပန်းခြံတို့ပဲ ဖြစ်ကြပါတယ်။ 
အင်ဒိုနီးရှားနိုင်ငံရဲ့     နာမည်ကျော်ကြား လူရောက်များတဲ့  ဘာလီကမ်းခြေအပန်းဖြေစခန်း တစ်ခုတည်းကပဲ ရရှိခဲ့တဲ့  ဝင်ငွေဟာ  ရူပီး ဘီလီယံ ၂၅၀ (အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၂ သန်း) ရှိပါတယ်လို့ အူနိုက ပြောကြားခဲ့ပါတယ်။ 
ပြည်တွင်းပြည်ပခရီးသွားတွေများပြား
အင်ဒိုနီးရှားနိုင်ငံ  ဟိုတယ်နဲ့ စားသောက်ဆိုင် အသင်း ဒုတိယဥက္ကဋ္ဌ   အီဂက်စ်တီ   အော်ဂန်ရိုင် ဆာယာကပွဲတော်ရာသီမှာ ဘာလီကျွန်းရဲ့ ခရီးသွား ကဏ္ဍဟာ          ပြည်တွင်းခရီးသွားအရေအတွက် ၃၃၀၀၀ ဖြစ်ခဲ့ပြီး  ပြည်ပခရီးသွားအရေအတွက် တစ်ရက်လျှင် ၄၀၀၀ ခန့်ရှိတယ်လို့  ပြောပါတယ်။ 
ကပ်ရောဂါ            ဖြစ်ပွားနေသည့်တိုင်အောင် အင်ဒိုနီးရှားနိုင်ငံရဲ့  နာမည်ကျော်ကြား  လူရောက် များတဲ့     ဘာလီကမ်းခြေ         အပန်းဖြေစခန်းကို လာရောက်လည်ပတ်တဲ့    နိုင်ငံခြားသားခရီးသည် အရေအတွက်ဟာ တစ်ရက်ကို ၈၀၀၀ ခန့်ရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဟိုတယ်နဲ့ စားသောက်ဆိုင်အသင်း ဒုတိယဥက္ကဋ္ဌက ပြောပါတယ်။ 
နေရာလွတ်မကျန်အောင်ဖြစ် 
ဟိုတယ်တွေရဲ့    အခန်းရရှိမှုအနေအထား ကတော့   နေရာလွတ်     မကျန်လောက်အောင်ကို ဖြစ်ခဲ့ပါတယ်။ ဒီပမာဏဟာ အစိုးရက ပြည်သူတွေ ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို   ကန့်သတ်ခဲ့တဲ့ အချိန်ကထက် ပိုများခဲ့ပါတယ်။
ဟိုတယ်ပိုင်ရှင်တွေအနေနဲ့    ၂၀၂၂   ခုနှစ်မှာ ခရီးသွားကဏ္ဍ          ပြန်လည်သက်ဝင်နိုးထလာဖို့ အကောင်းမြင်တဲ့ဘက်က          ဝန်ဆောင်မှုပေးဖို့ လိုတယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဟိုတယ်နဲ့ စားသောက် ဆိုင်အသင်း ဒုတိယဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ 
အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးဆောင်ရွက်မှုတွေ 
တိုးတက်လာ 
အစိုးရက  ကန့်သတ်ချက်အတော်များများကို ဖြေလျှော့လိုက်ပြီး နိုင်ငံတကာဆိုက်ရောက်မှုတွေကို ခွင့်ပြုလိုက်ချိန် မတ်လကတည်းက အင်ဒိုနီးရှားနိုင်ငံ ရဲ့  ခရီးသွားကဏ္ဍ ပြန်လည်နာလန်ထူလာခဲ့တာဖြစ် ပါတယ်။   အဲဒီအချိန်မှစကာ အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးဆောင်ရွက်မှုတွေ    တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ 
မတ်လတစ်လျှောက်လုံး  နိုင်ငံတကာခရီးသွား ဆိုက်ရောက်မှု ၄၀၇၉၀ ရှိခဲ့တယ်လို့    အင်ဒိုနီးရှား နိုင်ငံရဲ့    ဗဟိုစာရင်းအင်းအေဂျင်စီ   (BPS)   က မှတ်တမ်းတင်ခဲ့ပါတယ်။     ဒီပမာဏဟာ   လွန်ခဲ့တဲ့ ဖေဖော်ဝါရီလနဲ့     နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၁၂၁ ဒသမ ၀၂ ရာခိုင်နှုန်းလောက် ကြောက်စရာကောင်း လောက်အောင်  တိုးတက်လာခဲ့တာဖြစ်ပါတယ်။ 
ဒိုမီနိုဖြစ်စဉ်ကဲ့သို့ သက်ရောက်မှုရှိ 
အရှေ့တောင်အာရှရဲ့     အကြီးဆုံးစီးပွားရေး စီးဆင်းလည်ပတ်ရာ အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေး ဟာ တစ်နှစ်ပြီးတစ်နှစ် ၅ ဒသမ ၀၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်။ အခုလို  စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာဟာ     အဓိကအားဖြင့်   ဝယ်ယူ သုံးစွဲမှုပြန်လည်များပြားလာခြင်း၊    ရင်းနှီးမြှုပ်နှံမှု တိုးလာခြင်း၊  သွင်းကုန်တိုးလာခြင်းတို့ကြောင့် ဖြစ် ပါတယ်။
အင်ဒိုနီးရှား   ဉာဏ်ကြီးရှင်အဖွဲ့လို့      ခေါ်တဲ့ စီးပွားရေးနဲ့  ဥပဒေရေးရာလေ့လာရေးစင်တာရဲ့ စီးပွားရေးကျွမ်းကျင်သူ    ဘီမာ ယူဒစ်စတီရာက အင်ဒိုနီးရှားနိုင်ငံရဲ့ ခရီးသွားကဏ္ဍဟာ တခြားကဏ္ဍ တွေအပေါ်လည်း   ဒိုမီနိုဖြစ်စဉ်ကဲ့သို့ သက်ရောက်မှု ရှိစေပါတယ်လို့ ပြောကြားလိုက်ပါတယ်။
ထပ်မံတိုးလာဦးမယ်  
ခရီးသွားကဏ္ဍ   ဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် တခြားကဏ္ဍတွေဖြစ်တဲ့ ပို့ဆောင်ဆက်သွယ်ရေး၊ အဝတ်အထည်၊   အစားအစာနဲ့  အဖျော်ယမကာမှ သည်    ဆက်သွယ်ရေးအထိ    တိုးတက်မှုရှိလာခဲ့ တယ်လို့   အင်ဒိုနီးရှားဉာဏ်ကြီးရှင်အဖွဲ့လို့ ခေါ်တဲ့ စီးပွားရေးနဲ့  ဥပဒေရေးရာ  လေ့လာရေးစင်တာရဲ့ စီးပွားရေးကျွမ်းကျင်သူ    ဘီမာ ယူဒစ်စတီရာက ဆက်လက်ပြောကြားလိုက်ပါတယ်။ 
၂၀၂၂ ခုနှစ် ဒုတိယလေးလပတ်မှာ အင်ဒိုနီးရှား နိုင်ငံရဲ့ စီးပွားရေးဟာ ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ထပ်မံတိုးလာဦးမယ်လို့ ပြောပါတယ်။
 ကိုးကား - ဆင်ဟွာ