သစ်ပင်စိုက်ခြင်းအနုပညာ

Type
6

 

မြင့်မောင်စိုး

 

“စိတ်ကူးစိတ်သန်း  ဆန်းသစ်မှုဟာ  အနုပညာပဲ။ ဆန်းသစ်တဲ့ဉာဏ်နဲ့ အနုပညာစျာန်ပေါင်းစပ်လိုက်ရင် ထူးခြားတဲ့ဟန်ဖြစ်လာတာ ဓမ္မတာပဲ”

ပါဘလိုပီကာဆို (၁၈၈၁-၁၉၇၃) စပိန်နိုင်ငံသား၊ ကမ္ဘာကျော်ပန်းချီဆရာ
 

 

အနုပညာနဲ့ပတ်သက်လို့    ကမ္ဘာကျော်ပန်းချီ ဆရာကြီးပီကာဆိုက         အထက်ပါအတိုင်းမှတ်ချက်ပြု ပြောဆိုခဲ့တာကို  မှတ်သားဖူးပါတယ်။  ကမ္ဘာပေါ် လူသားတို့       ဖန်းတီးထားတဲ့အရာအားလုံးဟာ စိတ်ကူးစိတ်သန်းမှ  စခဲ့တာပါ။ စိတ်ကူးစိတ်သန်း ကနေ     လိုအပ်သလို           ပုံဖော်ဖန်တီးခြင်းကတော့ အနုပညာလို့ဆိုရမှာပါ။         ဘာကြောင့်လဲဆိုတော့ လုပ်ကိုင်ဆောင်ရွက်တဲ့              အလုပ်တစ်ခုကို အသေးစိတ်ခြယ်မှုန်းရလို့ပါပဲ။     ပန်းချီဆရာကြီး ပီကာဆိုက   သူ့ရဲ့ပန်းချီကားတွေကို    အပြောင် မြောက်ဆုံးဖြစ်အောင်   ခြယ်မှုန်းရေးဆွဲခဲ့ပါတယ်။  ဒါက သူ့အနုပညာ၊ သူ့ဘဝ။
ပြီးခဲ့သည့်နှစ် ဇူလိုင်လက ကျွန်တော် ရန်ကုန်က နေ  နေပြည်တော်ကို တာဝန်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ ဇူလိုင်လဆိုတော့ မိုးကဖြိုင်ဖြိုင်သဲသဲမဲမဲ ရွာလို့ပေါ့။ မြင်မြင်ရာလမ်းတစ်လျှောက်မှာလည်း          သစ်ပင် ပန်းမန်တွေဟာလည်း   စိမ်းလို့စိုလို့ပေါ့။    ဒီအထဲ စိန်ပန်းတွေက   အလှဆုံး။ စိမ်းလန်းနေတဲ့   ရွက်နု တွေကြားမှာ နီနီစွေးစွေးပွင့်လန်းနေတဲ့ စိန်ပန်းပွင့် တွေက လန်းဆန်းနေတုန်း။   လှပနေတုန်း။

 


စိတ်ကူးစိတ်သန်း


ဒါနဲ့တစ်ညနေမှာတော့ လမ်းလျှောက်ထွက်လာ တုန်း    စိန်ပန်းပင်တွေအောက်မှာ အလေ့ကျပေါက် နေတဲ့ စိန်ပန်းပင်ပေါက်လေးတွေကို  တွေ့မိတယ်။ ဒီစိန်ပန်းပင်ပေါက်လေးတွေကို ရှုမျှော်ရှုခင်းကောင်း တဲ့နေရာတွေမှာ ပြောင်းစိုက်ပေးလိုက်မယ်ဆိုရင် တစ်ချိန်ချိန်မှာ      အေးမြတဲ့စိန်ပန်းပင်အောက်မှာ အနီရောင်ပန်းပွင့်တွေရဲ့        သဘာဝအလှတရားကို ခံစားနိုင်လိမ့်မယ်လို့ထင်ပါတယ်။ ဒါကကျွန်တော် သစ်ပင်စိုက်ဖို့ဖြစ်လာတဲ့             စိတ်ကူးစိတ်သန်း။ သစ်ပင်စိုက်ခြင်းအနုပညာကို  ဖန်တီးဖို့ဖြစ်လာတဲ့ လမ်းစ။     ဒီလမ်းစကိုပဲ   ထိုတစ်ညနေရဲ့    နောက် တစ်နေ့ မနက်မှာစခဲ့တယ်။

 


လုပ်ငန်းစတယ်ဆိုရင်ပဲ          စဉ်းစားရပြီ။ ဘယ်နေရာမှာ  စိုက်မှာလဲ။ ဒီသစ်ပင် အမှန်တကယ် ကြီးထွားလာရင်ကော ရှုမျှော်ရှုခင်းကောင်းတဲ့နေရာ ဟုတ်ရဲ့လား၊ အခြားအပင်တွေနဲ့ရောလွတ်ပါ့မလား၊ အပေါ်ကဓာတ်ကြိုးတွေ၊      ဖုန်းကြိုးတွေနဲ့ရော လွတ်ရဲ့လား၊ စိုက်မယ့်နေရာက မြေဆီမြေနှစ်ကော ရှိရဲ့လားစတဲ့လားပေါင်းများစွာနဲ့ စဉ်းစားပြီ။   ဒီလို စဉ်းစားတာကိုက    အနုပညာဆန်နေတာ။   သစ်ပင် တစ်ပင်ကို   ပြီးပြီးရော   စိုက်တာမဟုတ်ဘဲ အခြေခံ ကျကျစဉ်းစားပြီးမှစိုက်တာ။  ပန်းချီဆရာ သူဆွဲတဲ့ ပန်းချီကားထဲမှာ   အိမ်ကိုဘယ်လိုဆွဲမလဲ၊    သူနဲ့ လိုက်ဖက်တဲ့သစ်ပင်ကြီးက ဘယ်နားမှာထည့်မလဲ။ ငှက်ကလေးတွေ၊ လူလေးတွေ၊ လမ်းတွေဘယ်လို ဆွဲမလဲ စဉ်းစားသလိုပါပဲ။ ဒီကနေ့မြင်တွေ့နေရတဲ့ မြို့ဝင်မြို့ထွက်လမ်းတွေမှာ     ကုက္ကိုပင်တန်းတွေ၊ ထန်းပင်တန်းတွေ၊ တမာပင်တန်းတွေ၊ ထနောင်းပင် တန်းတွေ၊       မန်ကျည်းပင်တန်းတွေဟာလည်း ရှေးလူကြီးတွေက    ရည်ရွယ်ချက်ရှိရှိ   စိုက်ပျိုး သွားခဲ့ကြတာပါ။ ဒါကြောင့်လည်း ရွာအဝင်လမ်းနှင့် တမာတန်း၊    ထန်းတောညိုနှင့်  ရွာအလှတွေဟာ မြန်မာ့ရှုခင်းတွေထဲမှာ အမြင်ဆန်းနေတာပါ။

 


သို့သော်    သစ်ပင်စိုက်တာအမျိုးမျိုး   ရှိနိုင်ပါ တယ်။ သီးပင်စားပင်စိုက်တာ၊ အရိပ်ရပင်၊ ပန်းအလှ ပင်စိုက်တာ၊ ရေဝရေလဲဒေသမှာ စိုက်တာ၊ မိုးခေါင် ရေရှားရပ်ဝန်းဒေသမှာ    စိုက်တာ၊  တစ်အုပ်တမ သစ်တောတွေအဖြစ်         ထူထောင်စိုက်ပျိုးတာ ရည်ရွယ်ချက်အမျိုးမျိုးရှိပါတယ်။ အရိပ်ရပင် ရာသီ အလိုက်ပွင့်တတ်တဲ့ ပန်းအလှပင်တွေ စိုက်တာက တော့         ရှုမျှော်ရှုခင်းကောင်းတဲ့နေရာတွေမှာ အနုပညာဆန်ဆန်     စိုက်ပျိုးတာအကောင်းဆုံး။ ဒါမှလည်း ကြီးထွားလာတဲ့အခါ ပန်းချီကားတစ်ချပ် လို လှပနေမှာကိုး။

 


၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှသည်   အောက်တိုဘာ ၂၀ ရက်။   ဒီနေ့ဒီရက် အတွင်း ကျွန်တော် စိန်ပန်းပင်  အပင်  ၂၀  စိုက်ခဲ့ပါတယ်။     ရုံးရှေ့၊    လမ်းဘေးဝဲယာ   ရှုခင်းရှုကွက်ကောင်းတဲ့ နေရာတွေမှာ     စိုက်ခဲ့ပါတယ်။     အောက်တိုဘာ ဆိုတော့  မုတ်သုံရာသီကုန်ပြီ။ ဒါပေမယ့် ကြိုးစား စိုက်ခဲ့တယ်။  စိုက်ပြီးရုံနဲ့ပြီးပြီလား။   ဘယ်ပြီးမလဲ။    ဒီသစ်ပင်တွေ  တကယ်ရှင်၊  မရှင်    စောင့်ကြည့်ရသေး တယ်။     ပထမတစ်ပတ်   စောင့်ကြည့်တယ်။   အရွက်တွေ ညှိုးကျသွားတယ်။ ပြီးတော့မှပြန်လန်း လာတယ်။ ဒီဇင်ဘာ၊ ဇန်နဝါရီ အထိ အပင် ၂၀ စလုံး ရှင်သန်နေဆဲပါ။ ဖေဖော်ဝါရီ၊ ဧပြီ၊ မေမှာတော့ သူတို့လေးတွေ   ဆက်လက်ရှင်သန် ဖို့    ရုန်းကန်နေ ကြရပြီ။    အပေါ်နေပူရှိန်ကပြင်း၊    အောက်ရေက ဆုတ်ပြီမို့  ရွက်ဝါတွေ မြေခကြွေကျသွား။ ဆက်လက် အသက်ရှင်နိုင်ဖို့      ရေကိုမကြာခဏ    လောင်းပေး ခဲ့ပါတယ်။  သို့ပေမယ့်   ခြပုံးတွေဝိုင်းအုံကိုက်လို့ သေတဲ့အပင်တွေကသေ၊    တောမီးရှို့လို့ပါသွားတဲ့ အပင်တွေကပါသွား၊ နွားအုပ်တွေက ဝင်စားလို့စား နဲ့     နောက်ဆုံးတော့   ခုနစ်ပင်သာကျန်တယ်။ ကျန်တဲ့အပင်လေးတွေကတော့       အခုမုန်တိုင်း အဖြားခတ်မိုးနဲ့လန်းနေပြီ။         မုန်တိုင်းနဲ့အတူ အသက်ဆက်ခွင့်ရသွားပြီ။

 


သီအိုရီတစ်ခု


ဒီမှာတင်ပဲ ကျွန်တော်သတိပြုမိလိုက်တာက သီအိုရီတစ်ခု။   အဲဒီသီအိုရီက    သစ်ပင်တွေကို စိုက်ပြီးရင် ပြုစုစောင့်ရှောက်မှုတွေ လုပ်ပေးရမယ် ဆိုတာပါ။   စိုက်ပြီးတဲ့အပင်တွေကို    ရေလောင်း ပေါင်းသင်ဆိုတဲ့ ပြုစုစောင့်ရှောက်မှုမရှိဘဲ တစ်ရာ ရာခိုင်နှုန်းရှင်သန်ဖို့မဖြစ်နိုင်ပါဘူး။    မိုးကောင်း ရေသောက်ဒေသတွေဖြစ်တဲ့            မြန်မာနိုင်ငံ အောက်ပိုင်းဒေသမှာ     စိုက်ပျိုးတဲ့    အပင်တိုင်း ရှင်သန်ကောင်းရှင်သန်နိုင်ပေမယ့် မိုးနည်းတဲ့အထက် အညာဒေသတွေမှာတော့   မဖြစ်နိုင်ပါဘူး။     အမြဲ မပြတ်     ရေလောင်းပေါင်းသင်ပေးပါမှ    အသက်ရှင် လန်းဆန်းနိုင်မှာပါ။ ပြီးတော့ ပြုစုစောင့်ရှောက်ရုံနဲ့ လည်း  မပြီးသေးပါ။ ဆက်လက်ပြီး ထိန်းသိမ်းရဦး မှာပါ။   ရှင်သန်ဖြစ်ထွန်းလာတဲ့   သစ်ပင်လေးတွေ ထင်းခုတ်သမားလက်ချက်မမိဖို့   ထိန်းသိမ်းပေးဖို့ ဆိုတာလည်း    လိုပါသေးတယ်။    နှစ်စဉ်နှစ်တိုင်း နွေပေါက်ပြီဆိုရင် ထင်းခုတ်တဲ့ဓလေ့ကြီးကြောင့် ခြေသလုံး၊ ပေါင်လုံးအရွယ်သစ်ပင်ပေါက်တွေဟာ ထင်းခုတ်ခံနေကြရပါတယ်။

 


စိုက်တဲ့အပင်တိုင်းဖြစ်ထွန်း အောင်မြင်သလား


မိုးရာသီကာလရောက်တိုင်း သစ်ပင်တွေကိုစိုက် နေကြတာပါ။ ဒါပေမယ့် စိုက်တဲ့အပင်တိုင်းဖြစ်ထွန်း အောင်မြင်သလားဆိုတာကတော့        မေးခွန်းထုတ် စရာ ဖြစ်နေပါတယ်။  ကျွန်တော်ကိုယ်တိုင် ရှစ်တန်း ကျောင်းသားဘဝ     နွေရာသီကျောင်းပိတ်ရက်မှာ သစ်စေ့ကျင်းတူး    လိုက်ခဲ့ဖူးတယ်။    အဲဒီတုန်းက နှစ်ပေပတ်လည်၊ အနက်တစ်ပေရှိတဲ့ သစ်စေ့ကျင်း တစ်ကျင်းတူးပါမှ   တူးခ    တစ်ကျပ်ခွဲနဲ့    ဆန်နို့ဆီ တစ်ဘူး      သစ်တောဌာနက   ထုတ်ပေးပါတယ်။ တစ်နေကုန်တူးပါမှ ၁၀ကျင်း၊ ၁၅ကျင်းလောက်ပဲတူး နိုင်တယ်။  အများကြီးမတူးနိုင်ပါဘူး။  အထက် အညာဒေသကမြေတွေဟာ      အလွန်မာတယ်။ ကျတ်တီးကုန်းမြေတွေပါ။     သစ်ပင်ပေါက်ရောက် ရှင်သန်ဖို့  အတော်ခက်ပါတယ်။ ဒီလိုနဲ့နွေရာသီမှာ ကျင်းတွေတူးထား။   မိုးရွာတော့စိုက်ကြတာပေါ့။ မိုးလေးတစ်ဖြိုက် နှစ်ဖြိုက်ရွာပြီဆိုရင် သစ်တောက သစ်ပင်စိုက်ခေါ်လို့       သွားစိုက်ကြပြန်တယ်။ ဒါပေမယ့်နှစ်တွေကြာလို့  စိုက်ခဲ့တဲ့နေရာတွေမှာ သွားပြန်ကြည့်တော့      သစ်ပင်သစ်တောဆိုတာ မတွေ့ရပါဘူး။  လွင်တီးခေါင်က  လွန်တီးခေါင်မျှ သာ  တွေ့ရပါတယ်။ သစ်ပင်တွေကို နှစ်စဉ်စိုက်ပြီး ပြုစုစောင့်ရှောက်မှုတွေ       မလုပ်ကြလို့လား၊ ရေလောင်းပေါင်းသင်ခြင်း အလုပ်တွေအားနည်းနေ လို့လား၊    ဒါမှမဟုတ်  သစ်ခုတ်ထင်းခွေသူတွေကို မနိုင်လို့လားမသိ၊       စိုက်ထားတဲ့အပင်တွေဟာ ဟုတ်တိပတ်တိဖြစ်ထွန်းတယ်  သိပ်မရှိပါ။ သစ်ပင် မရှိတဲ့    လွင်တီးခေါင်နယ်မြေတွေ    တဖြည်းဖြည်း ကျယ်ဝန်းမလာဖို့ အထူးသတိပြုကြရမှာပါ။

 


ယခုအခါမှာတော့     အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနက ခရိုင်နှင့်မြို့နယ်များအလိုက် မိုးရာသီမှာ သစ်ပင်များစိုက်နိုင်ဖို့ သစ်ပင်ပျိုးပင်များ ပျိုးထောင်ထားတာတွေ         ကြားသိရပါတယ်။ အနည်းဆုံး မြို့နယ်    တစ်မြို့နယ်ကို    သစ်ပင်ပျိုးပင် ၃၀၀၀၀   အထက်   ပျိုးထောင်ထားတာတွေကြား သိရပါတယ်။ အချို့မြို့နယ်တွေမှာ မိုးကြိုရေလောင်း သစ်ပင်စိုက်ပွဲတွေတောင်  ကျင်းပနေတာတွေ့ရပါ တယ်။     မြန်မာနိုင်ငံ   အောက်ပိုင်းဒေသတွေမှာ မိုးကြိုစိုက်ဖို့မလိုပေမယ့် အထက်အညာဒေသတွေ ကတော့   မိုးကြိုရေလောင်းစိုက်တာ ကောင်းပါ တယ်။    အညာဒေသဆိုတာ    မုတ်သုံမိုးအဝင်က နောက်ကျ           ရွာသွန်းမှုကလည်းနည်းတော့ မကြာခဏရေလောင်းပေးပါမှ        စိုက်ပျိုးထားတဲ့ အပင်တွေ အမှန်တကယ်ရှင်သန်နိုင်မှာပါ။

 


သစ်ပင်တွေကို ဘယ်လိုစိုက်ကြမလဲ

မကြာမီမုတ်သုံမိုးက  လာတော့မယ်။  ဇွန်၊ ဇူလိုင်လများအတွင်း နိုင်ငံနှင့်အဝန်း သစ်ပင်စိုက်ပျိုး ပွဲတော်တွေ     ကျင်းပဖို့ပြင်ဆင်နေကြပြီ။    အချို့ ပျိုးပင်တွေ     စုဆောင်းထားကြပြီ။    အဲဒီတော့ ကျွန်တော်တို့သစ်ပင်တွေကို ဘယ်လိုစိုက်ကြမလဲ။ ဆည်တာတမံတွေရှိတဲ့  ရေဝေရေလဲဒေသတွေမှာ စိုက်မှာလား၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်အောင် စိုက်မှာလား၊   မုန်တိုင်းဒဏ်ခံနိုင်တဲ့   ဒီရေရောက် တောတွေ စိုက်မှာလား၊ လမ်းဘေးဝဲယာ  အရိပ်ရပင် တွေ  စိုက်မှာလား၊  မိမိတို့အိမ်၊ ကျောင်းဝန်းကျင် တွေမှာ သီးပင်စားပင်၊ ပန်းအလှပင်စိုက်လိုပါသလား စိုက်ပျိုးသော       အပင်များရှင်သန်ဖြစ်ရေးဟာ အရေးကြီးဆုံးဖြစ်ပါတယ်။     စိုက်ပျိုးထားသော အပင်တွေ     ရေရှည်ဖြစ်ထွန်းဖို့ဆိုတာဟာလည်း အထက်ကဆိုခဲ့သလို      ပြုစုစောင့်ရှောက်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်တွေကို        ထပ်ပေါင်း ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ ခင်ဗျာ။ ဒီလိုဆောင်ရွက်ခြင်းကိုက သဘာဝပန်းချီ ကားတစ်ချပ်ကို ရေးဆွဲနေသလိုပါပဲ။ ကျွန်တော်တို့ အခုစိုက်တဲ့သစ်ပင်တွေ၊ စိုက်ခင်းတွေ၊  ပန်းမန်တွေ၊ လှပတဲ့သစ်ပင်တောတန်းတွေက        နောင်ကိုးနှစ်- ဆယ်နှစ်ကြာတဲ့အခါ သဘာဝပန်းချီကားတစ်ချပ် ဖြစ်လာမှာပါ။   ။