ရွှေတံဆိပ်များနှင့် အားကစားမျှော်လင့်ချက်

Type
77

 

ဇင်ငြိမ်း

 

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာအားကစားအသင်းတွေအနေနဲ့ အောင်မြင်မှုတွေရနေတာ တွေ့ရပါတယ်။ မေ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံက ရွှေ ၉ ခု၊ ငွေ ၁၈ ခု၊ ကြေး ၃၅ ခု၊ ဆုတံဆိပ်ပေါင်း ၆၂ ခု ရပြီးပါပြီ။ နိုင်ငံအလိုက် အဆင့်မှာတော့ ပြိုင်ပွဲဝင် ၁၁ နိုင်ငံမှာ မြန်မာနိုင်ငံက အဆင့်(၇)မှာ ရှိနေပါတယ်။ ယခင်ဆီးဂိမ်းထက် ရွှေတံဆိပ်တွေ ပိုရလာတာတွေ့ရပါတယ်။
 

 

အိမ်ရှင်ဗီယက်နမ်နိုင်ငံကတော့ နိုင်ငံအလိုက် ပထမအဆင့်မှာ ရှိနေပါတယ်။ အားကစားပြိုင်ပွဲ ရဲ့သဘောက ပွဲပြီးခရာမှုတ်မှ အနိုင်အရှုံးရလဒ်က အတည်ဖြစ်တာဆိုတော့  ပွဲပြီးခရာမမှုတ်သရွေ့ တော့ လူအင်အား၊ စိတ်ခွန်အားအပြည့်နဲ့ ကြိုးစား ကြရတာဖြစ်ပါတယ်။ ပန်းတိုင်မရောက်ခင် တက် မထောင်နိုင်သေးပါဘူး။   အခုလို    နိုင်ငံအတွက် ကြိုးစားယှဉ်ပြိုင်နေကြတဲ့     အားကစားသမား တွေကိုလည်း ဒီနေရာကနေ ဂုဏ်ပြုလိုပါတယ်။ 

 


အားပေးမှုက ခွန်အားဖြစ်စေ


အားကစားပြိုင်ပွဲဆိုတာက ဘေးကကြည့်နေ သူ၊  အားပေးနေသူတွေက နိုင်စေချင်၊ ဆုတွေရ စေချင်သလို တကယ်ဝင်ရောက်ယှဉ်ပြိုင်နေသူတွေ ကလည်း  နိုင်ချင်၊ ဆုတွေ ရချင်သူတွေချည်းပါပဲ။ ဒီလိုပဲ တာဝန်ရှိသူတွေကလည်း နိုင်စေချင်တာ ချည်းပါပဲ။ နိုင်စေချင်လို့ ဝိုင်းဝန်းနေကြတာပါ။ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အားကစားသမားတွေ ကို ကျန်တဲ့သူတွေက စိတ်ရော၊ ကိုယ်ရော အားပေး ကြလို့ အားကစားသမားတွေကို စိတ်ခွန်အားတွေ ရရှိစေပါတယ်။   ဘောလုံးပြိုင်ပွဲမှာ   ပြောသလိုပဲ အားပေးတဲ့ ပရိသတ်ဟာ ၁၂ ယောက်မြောက် ကစား သမား ဖြစ်လာသလိုပေါ့။ ပရိသတ်က ဝင်မကန်ရပေ မယ့်    အားပေးမှုက   ခွန်အားဖြစ်စေတဲ့    သဘော ပါပဲ။

 

အားကစားက ကြည့်ရတာ၊ ပြောရတာ လွယ်သ လောက် လုပ်ရအတော်ခက်ခဲတဲ့ အလုပ်ပါ။ ကိုယ် ခန္ဓာစွမ်းရည်၊ စိတ်စွမ်းရည်နဲ့ နည်းစနစ်တွေ အများ ကြီးလိုအပ်တာပါ။ ကိုယ်ခန္ဓာစွမ်းရည် ဘယ်လောက် ပြည့်ပြည့် စိတ်ဓာတ်ပျော့နေရင်၊  နိုင်လိုစိတ် မပြင်း ပြပြန်ရင်လည်း  ပြိုင်ဘက်ကို  အနိုင်ယူဖို့ခက်ပါ တယ်။ ဘောလုံးနည်းပြတစ် ယောက်ပြောသလိုပါပဲ၊ ဘောလုံးပွဲအောင်နိုင်ဖို့  နိုင်ပွဲရလိုစိတ်၊ စိတ်ပိုင်း ဆိုင်ရာတည်ငြိမ်မှု၊   ဦးဆောင်မောင်းနှင်နိုင်စွမ်း၊ ပေါက်ကွဲနှုန်း၊ ကျားကုတ်ကျားခဲကစားတာ၊ ပွဲ အခြေအနေကို သုံးသပ်နိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းတွေ လိုတယ်လို့ ဆိုပါတယ်။ ဒါကိုကြည့်ရင် ထူးချွန် ထက်မြက်တဲ့ အားကစားသမားကောင်း  တစ် ယောက်ဖြစ်ဖို့ အဘက်ဘက်က လိုအပ်တယ်ဆိုတာ တွေ့ရပါတယ်။ 

 


ဒီလိုပဲ  ကိုယ်ခန္ဓာနဲ့   စိတ်စွမ်းရည်ပြည့်နေပေ မယ့်  ပြိုင်ဘက်က   ကိုယ့်ထက်နည်းစနစ်ပိုင်း ကောင်းနေရင်လည်း    အနိုင်ရဖို့ခက်ခဲပါတယ်။ ခေတ်မီတဲ့အချိန်မှာ   နည်းစနစ်တွေက   ပိုပိုပြီး ကောင်းလာကြလို့ သူများထက်သာဖို့ဆိုရင် နည်း စနစ်ပိုင်း လိုအပ်ချက်ကလည်း အရေးပါနေပါတယ်။  အဲဒီလိုပြည့်စုံဖို့အတွက် လေ့ကျင့်ဖို့အချိန်  အလုံ အလောက်ပေးရပြန်ပါတယ်။   အားကစားနည်း တစ်ရပ် အောင်ပွဲရဖို့ပြောရရင်တော့ အများကြီးပါပဲ။ လူရွေးချယ်တာနဲ့ နေထိုင်စားသောက်မှုကအစ စီမံ အုပ်ချုပ်မှုအဆုံး ဟန်ချက်ညီဖို့ လိုပါတယ်။ နောက် ဆုံး ကံတရားရဲ့ဖေးမမှုတောင် လိုအပ်တာပါ။

 


    ဒီလို   အခက်အခဲတွေကြားက   နိုင်ငံတကာ အားကစားပြိုင်ပွဲမှာ    ဆုတွေရတိုင်း   ရတိုင်း အားကစားသမားအတွက်ရော၊   နိုင်ငံအတွက်ပါ ဂုဏ်တက်ရပါတယ်။ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမား၊   နိုင်ငံ့ဂုဏ်ဆောင်အားကစားနည်းဆိုပြီး အားလုံးက  အသိအမှတ်ပြုဂုဏ်ယူကြပါတယ်။ မြန်မာ့အားကစားဟာ  တစ်ချိန်က   အရှေ့တောင် အာရှမှာသာမက  အာရှအဆင့်အထိ  ထိပ်တန်း ရောက်ခဲ့ဖူးပါတယ်။   ဒါပေမယ့်   နောက်ပိုင်းမှာ မြန်မာ့အားကစားရဲ့   အခြေအနေဟာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။ 

 


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက် ဆီးဂိမ်းမှာ ဆုတံဆိပ် ရရှိမှုအနေနဲ့  ရွှေ ၈၄ ခု၊   ငွေ ၆၃ ခု၊   ကြေး ၈၄ ခု စုစုပေါင်း ၂၃၁ ခုရရှိခဲ့ပါတယ်။ အရင်နှစ်တွေထက် စာရင် ပိုရလာပေမယ့် နိုင်ငံအဆင့်မှာ ဒုတိယအဆင့် အနေနဲ့ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း မှာ ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ အောင်မြင်မှု ကို   ရေရှည်မထိန်းနိုင်ခဲ့ပါဘူး။   အောင်မြင်မှုကို ရေရှည်ထိန်းနိုင်ဖို့ဆိုရင် ပြင်ဆင်ရမယ့်အချက်တွေ ကို ပြင်ဆင်ကြရမှာပါ။

 


    အားကစားဆိုတာကလည်း အခြားနယ်ပယ် တွေလိုပါပဲ။ အခုရေတွင်းတူး အခုရေကြည်သောက် လို့ရတာ မဟုတ်ပါဘူး။  အချိန်၊  ငွေ၊  နည်းစနစ်၊ အထောက်အကူ ပစ္စည်း၊ လူသားရင်းမြစ်၊ စီမံခန့်ခွဲမှု စတာတွေနဲ့  တည်ဆောက်ယူရတာပါ။ ဒါပေမယ့် ခုနကပြောတဲ့  လိုအပ်ချက်တွေ   မပြည့်စုံပေမယ့် ထူးချွန်တဲ့ အားကစားသမားကောင်းတွေ မွေးထုတ် နိုင်တဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ နည်းတော့ နည်း တာပေါ့။ မြန်မာနိုင်ငံမှာ အားကစားသမားကောင်း တွေ မွေးထုတ်ပေးဖို့အတွက် အားကစားသိပ္ပံ ကျောင်း လေးကျောင်း ဖွင့်လှစ်ထားတာရှိပါတယ်။ 

 


အားကစားကိုအထူးပြုတဲ့ လူသားရင်းမြစ်တွေ မွေးထုတ်ပေးနိုင်တာနဲ့အမျှ    အားကစားသမား ကောင်းပေါ်ထွက်ဖို့  အခွင့်အလမ်းကောင်းတွေ ရလာမှာပါ။   တစ်ပြိုင်နက်တည်းမှာပဲ   အားကစား ကျောင်းတွေက လူသားရင်းမြစ်တွေ မွေးထုတ်ပေး သလို အခြားထူးချွန်ထက်မြက်တဲ့ အားကစားသမား တွေကို   စုဆောင်းဖို့  လိုအပ်ပါတယ်။  အချို့ဟာ အားကစားကို ဝါသနာပါပေမယ့် ဥပမာ ပညာရေးကို ဦးစားပေးလိုက်ရလို့၊ စီးပွားရေးကို ဦးစားပေးလိုက်ရ လို့ အားကစားလောကကို ရောက်မလာနိုင်သူများ ရှိနေပါတယ်။ 

 


အောင်မြင်မှုကို  ရေရှည်ထိန်းနိုင်ဖို့


အခုဆို   ဆီးဂိမ်းပြိုင်ပွဲမှာ   ရွှေတံဆိပ်တွေ၊ ငွေတံဆိပ်တွေ၊ ကြေးတံဆိပ်တွေရတယ်ဆိုတော့ နောင်လာမယ့် ဆီးဂိမ်းအတွက် ခွန်အားတွေ ဖြစ် စေပါတယ်။ အခုလို ဆုတံဆိပ်တွေ ရလာတာနဲ့အမျှ အားကစားမျှော်လင့်ချက်တွေလည်း ပြန်လည်နိုးထ လာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အကြိမ် (၃၀) မြောက်ဆီးဂိမ်းမှာ မြန်မာက ရွှေ ၄ ခု၊  ငွေ ၁၈ ခု၊ ကြေး ၅၁ ခု စုစုပေါင်း   ဆုတံဆိပ် ၇၃ ခုနဲ့ နိုင်ငံ အလိုက် အဆင့် (၇) ရရှိခဲ့ပါတယ်။ (၃၁) ကြိမ်မြောက် မှာတော့ ဒီနေ့အထိဆုရတာနဲ့နှိုင်းယှဉ်ရင်  ရွှေတံဆိပ် ၅ ခု ပိုရလာပါတယ်။ ငွေရရှိမှုက အတူတူပဲဖြစ်ပြီး  ကြေးမှာတော့ ၁၆ ခု နည်းပါတယ်။ ဆီးဂိမ်းအလိုက် ရွှေတံဆိပ်ရရှိမှုတွေအနေနဲ့ ဆိုရင်  ၂၀၁၁ ခုနှစ်က ရွှေ ၁၆ ခု၊ ၂၀၁၃ မှာ ၈၄ ခု၊ ၂၀၁၅ မှာ ၁၂ ခု၊ ၂၀၁၇ မှာ ၇ ခု၊ ၂၀၁၉ မှာ ၄ ခု ရရှိတာ တွေ့ရပါတယ်။ အိမ်ရှင်အဖြစ် ကျင်းပတဲ့ နှစ်ကလွဲလို့ နောက်ပိုင်းမှာ ရွှေရရှိမှုကျဆင်း လာတာတွေ့ရပါတယ်။ အခု ၂၀၂၂ ခုနှစ်မှာတော့ ရွှေရရှိမှုကဒီကနေ့အထိ ၉ ခု ရထား ပြီးပါပြီ။ ဒီတော့  အဖြေက နောက်လာမယ့်   ဆီးဂိမ်း မှာ ရွှေပိုရရှိဖို့နဲ့   အောင်မြင်မှုကို  ရေရှည်ထိန်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ရွှေတံဆိပ်ပိုရလာရင် နိုင်ငံအလိုက်မှာ လည်း အဆင့်တက်လာမှာပါ။

 


    ၂၀၂၂ ခုနှစ် ဆီးဂိမ်းမှာ ရွှေတံဆိပ်တွေ ပိုရလာ ခြင်းဟာ အားကစားတစ်ခေတ် ပြန်လည် ဆန်းသစ် ဖို့ မျှော်လင့်မိပါတယ်။  ယခင်က ဆီးဂိမ်းပြိုင်ပွဲတွေမှာ အောင်မြင်ခဲ့တဲ့ မြန်မာ့အားကစား ရွှေခေတ်ကလို အောင်ပွဲမျိုး   နိုင်ငံသားတိုင်း  တောင့်တနေကြပါ တယ်။ အားကစားသမားကောင်းတွေပေါ်ထွက်ဖို့၊ အားကစားလောက အောင်မြင်ဖို့ဆိုရင် ပြည်တွင်း ပြိုင်ပွဲတွေ၊ နိုင်ငံတကာပြိုင်ပွဲတွေ များများယှဉ်ပြိုင်ဖို့ ကလည်း အရေးပါပါတယ်။ အရင်ကတော့ ကျောင်း ကစားပွဲ၊ ကျောင်းသားအားကစားပွဲတော်၊ တိုင်းနဲ့ ပြည်နယ်ပြိုင်ပွဲ၊   ခရိုင်/မြို့နယ်ပြိုင်ပွဲတွေကနေ အားကစားသမားကောင်းတွေ   ထွက်ပေါ်ခဲ့ဖူးပါ တယ်။ 

 


နိုင်ငံအနှံ့မှာရှိတဲ့       ပင်ကိုဗီဇကောင်းတဲ့ အားကစားသမားတွေ   ရွေးချယ်နိုင်ဖို့ကလည်း အရေးပါတဲ့လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာကျော်နေတဲ့    ဘောလုံးသမားတွေထဲမှာ အားကစားအကယ်ဒမီတွေက မွေးထုတ်တာထက် ဗီဇကောင်းလို့   ပြုစုပျိုးထောင်ပေးရင် အောင်မြင် လာကြတာတွေ့ရပါတယ်။  ဆိုလိုချင်တာက  နိုင်ငံ အနှံ့မှာ ဗီဇကောင်းတဲ့ အားကစားသမားတွေ ရှိနေ တယ်ဆိုတာပါ။ 

 


မျှော်လင့်ချက်တွေပြန်လည်ရှင်သန်ဖို့


    မြန်မာ့အားကစားအောင်မြင်မှုမျှော်လင့်ချက်တွေပြန်လည်ရှင်သန်ဖို့ အထက်မှာဆိုခဲ့တဲ့ လိုအပ် ချက်တွေ      ဟန်ချက်ညီဖြစ်ဖို့လိုပါလိမ့်မယ်။ အားကစားယှဉ်ပြိုင်မှုကို တစ်ပွဲတိုး ရှုမြင်လို့မရဘဲ ရေရှည်တည်ဆောက်ရတဲ့      လုပ်ငန်းစဉ်တစ်ရပ် လည်း ဖြစ်ပါတယ်။ အာဆီယံအဆင့်မှာပဲ နှိုင်းယှဉ် ကြည့်နိုင်တဲ့   နိုင်ငံတွေရှိပါတယ်။  ကမ္ဘာ့အဆင့် တက်လှမ်းဖို့ဆိုရင် အဆပေါင်းများစွာ ကြိုးစားကြရ ဦးမှာပါ။ ဘောလုံးအားကစားဆိုရင် မြန်မာလူထု ရဲ့အသည်းစွဲ  အားကစားတစ်ခုပါ။  အမျိုးသမီး ဘောလုံးအသင်းအနေနဲ့       အကြိုဗိုလ်လုပွဲ တက်ရောက်လို့ နိုင်ငံတော်က     အမေရိကန်ဒေါ်လာ   တစ်သိန်း ထပ်ဆောင်းချီးမြှင့်တာ တွေ့ရပါတယ်။   အားကစား ပြိုင်ပွဲတွေဟာ  နိုင်ငံဂုဏ်ဆောင်ဖြစ်တာမို့ နိုင်ငံတိုင်းကလည်း  သူ့အတိုင်းအတာနဲ့သူ ကြိုးစား နေကြပါတယ်။ 

 


နိုင်ငံတိုင်းလိုလိုက ကြိုးစားနေကြချိန်မှာ မကြိုး စားတဲ့နိုင်ငံကတော့    နောက်ကျကျန်ခဲ့မှာပါပဲ။ ဒီတော့ ဗိုလ်ချုပ်အောင်ဆန်း ပြောသလိုပါပဲ။ သူများ ခြေတစ်လှမ်းလှမ်းတဲ့အချိန်မှာ ကိုယ်က   ၁၀ လှမ်း လောက်လှမ်းနိုင်ဖို့ကြိုးစားမှ   တန်ရာကျပါလိမ့် မယ်။   နောက်ပြီး    ထည့်သွင်းစဉ်းစားရမှာက အားကစားသမားတွေရဲ့ ဘဝရပ်တည်မှုပါ။ အားက စားသမားတွေ  အားကစားမှာပဲ  တစိုက်မတ်မတ် ရပ်တည်ဖို့ဆိုရင်  လုံလောက်တဲ့ဝင်ငွေ၊  လစာရှိမှ ဖြစ်မှာပါ။ ဘဝရပ်တည်ရေး စိတ်ချရမှ အားကစားကို တစိုက်မတ်မတ်  အာရုံစိုက်လုပ်နိုင်မှာပါ။  နည်းပြ ပိုင်းမှာဆိုရင်လည်း ဒေသတွင်း အဆင့်မီတဲ့ နည်းပြ တွေ၊ နိုင်ငံတကာအဆင့်မီတဲ့ နည်းပြတွေရှိမှ နည်း စနစ်ပိုင်း၊ လေ့ကျင့်မှုအပိုင်း တိုးတက်လာမှာဖြစ် ပါတယ်။

 


အားကစားသမားမွေးထုတ်ရေး


အခုဆိုရင်   ဝန်ကြီးဌာနကိုလည်း     ပြင်ဆင် ဖွဲ့စည်းထားပါတယ်။   အားကစားနဲ့ ကျန်းမာရေး ဝန်ကြီးဌာနကနေ   အားကစားနဲ့လူငယ်ရေးရာ ဝန်ကြီးဌာနအဖြစ်     ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ ဒါဟာ အားကစားဆိုင်ရာလုပ်ငန်းတွေကို အဓိက ထားလုပ်ဆောင်နိုင်မယ်၊    လူငယ်ကဏ္ဍကို     ပိုမို မြှင့်တင်ပေးနိုင်မယ်လို့   ခန့်မှန်းရပါတယ်။   ဘဏ္ဍာ ရေးကိုလည်း     အားကစားရည်မှန်းချက်တွေနဲ့အညီ ခွင့်ပြုချထားပေးမယ်ဆိုရင် နှစ်အလိုက် ရည်မှန်း ချက်တွေကို    အကောင်အထည်ဖော်နိုင်မှာပါ။ အားကစားသိပ္ပံ ကျောင်းတွေဖွင့်ထားပေမယ့် နိုင်ငံ အတွက်အားထားရတဲ့ အားကစားသမားကောင်း တွေ ဘယ်လောက်မွေးထုတ်နိုင်လဲဆိုတာကိုလည်း  ပြန်လည်ဆန်းစစ်ကြည့်ရမှာပါ။ ဒါမှသာ အားကစား သမားမွေးထုတ်ရေးရဲ့ ထိရောက်မှုကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ 

 


အထူးသဖြင့်   နိုင်ငံရဲ့အခက်အခဲကာလတွေ ကြားက အခုဆို ရွှေတံဆိပ်ရရှိတာ ပိုပြီးကျေနပ်စရာ ဖြစ်ပါတယ်။   ဒီလိုရွှေတံဆိပ်ရရှိမှုတွေက   မြန်မာ့ အားကစား အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်လည် ပို့ဆောင်ပေးမယ်လို့ မျှော်လင့်မိပါတယ်။ အောင်မြင် မှုတွေကို    ရေရှည်ဆက်လက်ထိန်းသိမ်းနိုင်စေဖို့ လည်း မျှော်လင့်မိပါတယ်။        ။