ပြည်တွင်းစားသုံးမှုဖူလုံရေး ရည်မှန်းချက်ထား ဆောင်ရွက်ပေး နို့ချက်စက်ရုံ မန္တလေး

Type
၅

 

မင်းခလုင်(သမ/ဦးစီး)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ်တွင် စီးပွားရေး ဦးတည်ချက်သုံးရပ်ကို ချမှတ်ထားပြီးဖြစ်ရာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပေသည်။

 

ထို့အတူ ပြည်တွင်းရှိ    ရပ်ဆိုင်းထားသည့် စက်ရုံ / အလုပ်ရုံများကို ပြန်လည်လည်ပတ်စေပြီး ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်အောင် ဆောင်ရွက် ရေး၊ ဈေးကွက်အတွင်း ပြည်သူများသို့ ပြည်တွင်း ထုတ်ကုန်များကို   သက်သာသော   ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးတို့ကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ 

 


ရာသီဥတုမျှတပြီး   ရေမြေသဘာဝ၊   မြေဆီ မြေဩဇာပြည့်ဝပြီး  ရေခံမြေခံ  ကောင်းမွန်သော ကျွန်ုပ်တို့  မြန်မာနိုင်ငံသည်   ကုန်ထုတ်လုပ်မှု လုပ်ငန်းများ  လုပ်ကိုင်ဆောင်ရွက်နိုင်ရန်   အခွင့် အလမ်းကောင်းများကို  ရရှိပိုင်ဆိုင်ထားသည်။  နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်ကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ထိုအခြေခံကောင်း များအပေါ်  မူတည်၍   သမဝါယမအသင်းများက လည်း သမဝါယမစနစ်ကိုအခြေခံသည့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ဈေးကွက် အတွင်း ပြည်ပသွင်းကုန်အစားထိုး ထုတ်လုပ်နိုင် ရေးနှင့်  ပြည်တွင်းစားသုံးမှု    ဖူလုံမှုရှိစေရေးတို့ အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု လျက်ရှိသည်။

 


မန္တလေးနို့ချက်စက်ရုံ၏ နောက်ခံသမိုင်း


မန္တလေးနို့ချက်စက်ရုံသည် မန္တလေးတိုင်းဒေသ ကြီး   ပြည်ကြီးတံခွန်မြို့နယ်  ထိန်ကုန်းရပ်တွင် တည်ရှိပြီး ၂၅-၉-၁၉၈၄ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ဝန်ကြီးများ အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ကိုလံဘိုစီမံ ကိန်း အစီအစဉ် ဩစတြေးလျနိုင်ငံ၏ အကူအညီဖြင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၁၉၈၄ ခုနှစ် နိုဝင်ဘာ  ၁၉  ရက်မှစတင်၍   မန္တလေး နို့ချက်စက်ရုံစီမံကိန်းကို   တာဝန်ယူဆောင်ရွက် ခဲ့သည်။ ၁၉၈၅ ခုနှစ် ဇန်နဝါရီလတွင် မန္တလေးနို့ချက် စက်ရုံအား စတင်တည်ဆောက် အကောင်အထည် ဖော်ခဲ့ပြီး   ၁၉၉၀  ပြည့်နှစ်   ဇူလိုင် ၂၇ ရက်တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တစ်ဆင့်   ယခင်  မန္တလေးတိုင်း    သမဝါယမအသင်းစုက လွှဲပြောင်းလက်ခံရယူခဲ့သည်။  ၁၉၉၂  ခုနှစ်   ဇွန်  ၁ ရက်မှစ၍  “မန်းနို့ဆီ”  တံဆိပ်ဖြင့်   စားသုံးသူ များအကြား   နို့ဆီဘူးများ   ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးနိုင်ခဲ့သည်။

 


မန္တလေးနို့ချက်စက်ရုံ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး မှာ ငွေကျပ်သိန်း ၄၈၈ ဒသမ ၁၀နှင့်  ညီမျှသော ဩစတြေးလျဒေါ်လာ    ၆  ဒသမ ၈၆၅  သန်း (ထိုအချိန်က   ဩစတြေးလျတစ်ဒေါ်လာလျှင်  ငွေကျပ် ၇ ဒသမ ၁၁ နှုန်းဖြစ်သည်) နှင့် ငွေကျပ် ၈၂၄  သိန်း စုစုပေါင်း  ငွေကျပ် ၁၃၁၂ ဒသမ ၁ သိန်း ရှိခဲ့သည်။ မန္တလေးတိုင်းသမဝါယမအသင်းစု အနေ ဖြင့် မန္တလေးနို့ချက်စက်ရုံမှ ထုတ်လုပ်သော နို့ဆီဘူး များကို    တပ်မတော်ရိက္ခာအဖြစ်   ၁၉၉၂-၁၉၉၃   ဘဏ္ဍာနှစ်မှ     ၁၉၉၅-၁၉၉၆    ဘဏ္ဍာနှစ်ထိ အမေရိကန်ဒေါ်လာ  ၁ ဒသမ  ၀၅  သိန်းတန်ဖိုးရှိ နို့ဆီဘူးပေါင်းသုံးသိန်း၊   ငွေကျပ် ၄၉၂၂  သိန်း တန်ဖိုးရှိ နို့ဆီဘူးပေါင်း ၁၂၈ ဒသမ ၂ သိန်း ပေးသွင်း နိုင်ခဲ့သည်။

 


၁၉၉၆ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန်၊  တာရှည်ခံပြီး   အရည် အသွေးအဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရန်နှင့် အရည် အသွေးမြင့်ထုတ်ကုန်များ   ပြည်ပပို့ကုန်အဖြစ် တင်ပို့ ရောင်းချနိုင်ရန် ရည်ရွယ်၍  Myanmar Dairy Industries Co.,Ltd:  နှင့် အကျိုးတူပူးပေါင်းဆောင် ရွက်ခဲ့သည်။ Myanmar Dairy Industries Co.,Ltd: အမေရိကန်ဒေါ်လာ  ၄  ဒသမ ၈၆ သန်း (ခန့်မှန်း ငွေကျပ်သန်း ၂၄၀ ခန့်ကို ထပ်မံ ရင်းနှီးမြှုပ်နှံခဲ့ပြီး တစ်ရက်လျှင် အများဆုံး နို့ဆီဘူးပေါင်း ၁ ဒသမ ၂ သိန်း (တန်၅၀)မှ အနည်းဆုံး နို့ဆီဘူး ၅၅၄၀၀ (၂၂ တန်) ထုတ်လုပ်နိုင်ခဲ့သည်။ Myanmar Dairy Industries Co.,Ltd:  နှင့်   အကျိုးတူပူးပေါင်း ဆောင်ရွက်ရာတွင် ထုတ်လုပ်ခွင့်ပြုငှားရမ်းခအဖြစ် တစ်လလျှင် အနည်းဆုံးငွေကျပ် ၁၀ သိန်းမှ အများဆုံး ငွေကျပ်သိန်း ၆၀ အထိ ပေးသွင်းခဲ့ရာ စုစုပေါင်း ငွေကျပ်သိန်း ၈၀၅၁ ဒသမ ၉၀ ရရှိခဲ့သည်။ အဆိုပါ  ငှားရမ်းခရရှိငွေမှ နိုင်ငံတော်ဝင်ငွေစာရင်းသို့ FEC ၅၅၄၉၆ နှင့် ငွေကျပ် ၁၉၆၈ ဒသမ ၅၈ သိန်း ပေးသွင်း နိုင်ခဲ့သည်။  ထို့နောက် မန္တလေးနို့ချက်စက်ရုံကို ၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ်တွင်    ယာယီရပ်နား ခဲ့ကြောင်း သိရသည်။

 


ပြန်လည် လည်ပတ်ထုတ်လုပ်နိုင်ရေး


ယခုအခါ မန္တလေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်ပိုင် မန္တလေးနို့ချက်စက်ရုံကို ပြန်လည် လည်ပတ်နိုင်ရေး လိုအပ်သည့် ပစ္စည်းကိရိယာများ ကို ပြည်တွင်း/ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပြီး ဝယ်ယူ ရရှိရေးတို့ကို ဆောင်ရွက်ခဲ့ရာ ငွေကျပ် ၁၇၉၈ ဒသမ ၄၁ သိန်းကို ရင်းနှီးမြှုပ်နှံထားသည်။ ယခုအခါ စက်ရုံ သန့်ရှင်းရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေးတို့အတွက် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး စက်ရုံ ပြန်လည်    လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကို ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။

 


နို့ဆီစမ်းသပ်ချက်လုပ်မှုကို သုံးကြိမ်ဆောင်ရွက် ရာ ၉၂ ဒသမ ၃၃ ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး ၂၀၂၂ ခုနှစ် မေလကုန်တွင် စက်ရုံပြန်လည် လည်ပတ်နိုင် ရေးအတွက် ပြင်ဆင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ရာ မန္တလေးနို့ချက်စက်ရုံကို မကြာမီ  ပြန်လည်ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။

 


မန္တလေးနို့ချက်စက်ရုံမှ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား    ရာနှုန်းပြည့်   ပြီးစီးအောင် ဆောင်ရွက်ပြီး စက်ရုံအား အမြန်ပြန်လည်လည်ပတ် နိုင်ပါက  ဈေးနှုန်းသက်သာပြီး   သန့်ရှင်းသော ပြည်တွင်းထုတ် နို့ဆီဘူးများ၊ နို့နှင့် နို့ထွက်ပစ္စည်း များကို ပြည်သူလူထုထံ ဖြန့်ဝေနိုင်ရေးနှင့်  ပြည်တွင်း စားသုံးမှုဖူလုံစေရေး   ရည်မှန်းချက်များ   ချမှတ် ဆောင်ရွက်လျက်ရှိသည်။

 


အကျိုးကျေးဇူးများစွာရရှိနိုင် 


ထို့ကြောင့် မန္တလေးနို့ချက်စက်ရုံကို ပြန်လည် လည်ပတ်ပြီး နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ် ဖြန့်ဖြူးရောင်းချနိုင်ခြင်းအားဖြင့် ဒေသခံပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခြင်း၊ နို့စား နွား မွေးမြူသူများအနေဖြင့်လည်း နွားနို့ရောင်းချရန် ဈေးကွက်တစ်ခုတိုးလာခြင်း၊ သမဝါယမအသင်း များနှင့် လက်တွဲပူးပေါင်း  ရောင်းချမည်ဖြစ်သည့် အတွက်  ဈေးနှုန်းတည်ငြိမ်မှုရှိခြင်း၊  ပြည်တွင်း ဈေးကွက်တွင် ပြည်ပသွင်းကုန်များ နေရာယူထားမှု ကို   အထိုက်အလျောက်  အစားထိုးဖြေလျှော့ပေး နိုင်ခြင်း စသည့်အကျိုးကျေးဇူးများလည်း ရရှိနိုင် မည်ဖြစ်သည်။

 


ထို့အတူ မန္တလေးတိုင်းဒေသကြီး  သမဝါယမ အသင်းစုချုပ်အနေဖြင့် မန္တလေးနို့ချက်စက်ရုံကို ပြန်လည်လည်ပတ်ထုတ်လုပ်သည့်      အချိန်တွင်   စိတ်ပါဝင်စားသူလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ မန္တလေး နို့ချက်စက်ရုံလုပ်ငန်းသည် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့်  ပြည်တွင်းစားသုံးမှု ဖူလုံစေရေးတို့တွင် တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေမည်ဖြစ်ကြောင်း   တင်ပြလိုက်ရပေ သည်။    ။