ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

 

ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေ ခြင်းလုပ်ငန်းနည်းဥပဒေ  ထွက်ရှိ သည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှ စ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိ အမှတ်ပြု   လက်မှတ်များအား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါ သည်။

 


အသိအမှတ်ပြု   လက်မှတ် သက်တမ်းကုန်ဆုံးပါက   နည်း ဥပဒေ ၂၁ အရ သက်တမ်းကုန်ဆုံး သည့်ရက်မှစ၍  ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ပုံစံနှင့်အတူ အခကြေးငွေကျပ် တစ်သောင်း ပေးသွင်း၍ ပြန်ကြားရေးဝန်ကြီး ဌာနသို့ အသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် လာရောက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

 


သက်တမ်းကုန်လွန်သော အသိအမှတ်ပြု  လက်မှတ်များ ဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင် ခွင့်မရှိကြောင်းနှင့်  သက်တမ်း ကုန်ဆုံးပြီး လုပ်ငန်းဆက်လက် လုပ်ကိုင်ပါက    ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း   ဥပဒေ အရ    အရေးယူခံရမည်ဖြစ် ကြောင်း အသိပေးကြေညာအပ် ပါသည်။

 


အသေးစိတ်အချက်အလက် များ   သိရှိလိုပါက  ဖုန်း ၀၁-၅၄၁၄၁၃၊ ၀၁-၅၄၄၅၈၂ ၊ ၀၁-၅၄၄၅၈၃၊  iprd. crd.ygn@gmail.com သို့   ဆက်သွယ် မေးမြန်းနိုင်ပါသည်။


ပြန်ကြားရေးဝန်ကြီးဌာန