
ရန်ကုန် မေ ၂၇
မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ စေတနာရှင် အလှူရှင် များက ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ် စာစောင်များ လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ်-၂၂၈ ရှိ မြန်မာနိုင်ငံ စာကြည့် တိုက်များ ဖောင်ဒေးရှင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ စာကြည့်တိုက် များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက မြန်မာနိုင်ငံတွင် ရှင်သန်အောင်မြင် နေသော စာကြည့်တိုက် ၆၀၀၀ ကျော် စာရင်းရှိပါကြောင်း၊ မိမိတို့အနေဖြင့် စာအုပ်များ နှစ်စဉ်ဝယ်ယူပြီး ထောက်ပံ့ ပေးသကဲ့သို့ ယခုအလှူရှင်များ လှူဒါန်း သည့် စာအုပ်များကိုလည်း စာကြည့်တိုက် များသို့ ပေးပို့ခဲ့ကြောင်း၊ မိမိတို့ ဖောင်ဒေးရှင်းအနေဖြင့် စာကြည့်တိုက် များ တိုးပွားရေး၊ စာအုပ်စာစောင်များ ပေးပို့ရေးတို့ကို အရှိန်မြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာစီးပွားစီမံ အမှုဆောင်များအသင်းဥက္ကဋ္ဌ ဦးမင်းဦးက စာအုပ်များ လှူဒါန်းရခြင်း ရည်ရွယ်ချက် နှင့် အလှူရှင်စာရေးဆရာ မောင်ရင့်ကျူး (မြောင်းမြ) ကိုယ်စား မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က လှူဒါန်းရခြင်းအကြောင်း ပြောကြား သည်။ ဆက်လက်၍ မြန်မာစီးပွားစီမံအမှု ဆောင်များအသင်းက လှူဒါန်းသော အင်္ဂလိပ်စာအုပ်မျိုးစုံ ၁၉၀၀ နှင့် စာရေး ဆရာ မောင်ရင့်ကျူး (မြောင်းမြ) က တန်ဖိုး ၄၂၇၅၀၀ ရှိ အနုသယကံ့ကော် စာအုပ် ၁၇၁ အုပ် လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံရယူကြောင်း သိရ သည်။
သတင်းစဉ်