
မင်းဘူး မေ ၂၇
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် အတူ မေ ၂၇ ရက်က မင်းဘူး (စကု)မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံခြင်း လက်ခံဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့ အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်း ဆောင် ရွက်ပေးနေမှုများကို ကြည့်ရှု အားပေးကာ ကျောင်းသား ကျောင်းသူများအတွက် စာရေး ကိရိယာများကို ထောက်ပံ့ ပေးအပ်ခဲ့ပြီးနောက် အဆိုပါ ကျောင်းခန်းမ၌ ကျောင်းအပ်နှံ သည့် ကျောင်းသား ကျောင်းသူ များ၊ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားပြီး ကျောင်းသား ကျောင်းသူများ ဖတ်ရှုလေ့လာ နိုင်ရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ထောက်ပံ့ပေးသော ယဉ်ကျေးလိမ္မာ စာအုပ်များကို ကျောင်းတာဝန်ရှိသူထံ ပေးအပ် လှူဒါန်းသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဘူး မြို့ အမှတ် (၁) အခြေခံ ပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံနေမှုများကို လည်း ကောင်း၊ စကုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်း အပ်လက်ခံခြင်းဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှု အားပေးကာ ယဉ်ကျေးလိမ္မာ စာအုပ်များ လှူဒါန်းပေးအပ်သည်။
ယင်းနောက် စကုမြို့ အခြေခံပညာ အထက်တန်း ကျောင်းခွဲ (တောင်ရပ်) ကျောင်း သို့ သွားရောက်၍ ဆရာ ဆရာမ များနှင့် တွေ့ဆုံကာ ပညာရေး ဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားပြီး ခေတ္တ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၏ တင်ပြချက် များအပေါ် သက်ဆိုင်ရာ ဌာန များနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မင်းဘူး(စကု) မြို့နယ်၌ အခြေခံပညာကျောင်း ၁၄၉ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ရှစ်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း သုံးကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ပေါင်း ၁၆၀ ရှိပြီး ပညာသင်နှစ် ကျောင်းအပ်နှံရေး ရက်သတ္တပတ် အစီအစဉ်အဖြစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ လက်ခံဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရ သည်။
မောင်မောင်(မင်းဘူး)