
လောက်ကိုင် မေ ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လောက်ကိုင် ခရိုင်ပြန်ကြား ရေးနှင့် ပြည်သူဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာနခန်းမ ၌ ယနေ့နံနက်ပိုင်းက မိုင်းအန္တရာယ် အသိပညာပေး ရှင်းလင်းဟော ပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လောက် ကိုင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးအေးခိုင်နှင့် ဦးဇွဲထက် အောင် (ရှမ်းပြည်နယ် မြောက်ပိုင်း၊ MRE Assistant Field Officer )တို့က မိုင်းအန္တရာယ်အကြောင်း သိကောင်းစရာများကို ရုပ်ပုံ ကားချပ်များနှင့် ရှင်းလင်း ဟောပြောသည်။
ဆက်လက်၍ ခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်နန်းမြမြဝင်းက လူငယ် များ စွမ်းစွမ်းတမံ အများအကျိုး အတွက် ဆောင်ရွက်ကြရေး အသိပညာပေး ဟောပြောသည်။ အခမ်းအနားတွင် မြို့နယ် ကြက်ခြေနီအသင်း၊ ကြက်ခြေနီ သင်တန်းသား ၂၀ နှင့် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဝန်ထမ်းများ တက်ရောက် ခဲ့ကြောင်းသိရသည်။
ရွှေစင်ဖြိုး (ပြန်/ဆက်)