
နေပြည်တော် မေ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး အကြီးစား ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက် အဦဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ညွှန်ကြားရေးမှူး ဦးကိုကိုအေးနှင့် ရန်ကုန် တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်ကျော်တို့က လိုဏ်ဂူတော်ကြီး အကြီးစား ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက် နေမှုအခြေအနေနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ကမ္ဘာအေး ဟံသာသီရိကုန်းမြေရှိ သာသနိက အဆောက်အဦကျောင်းဆောင် ခြောက်ဆောင် အဆင့်မြှင့်တင်မွမ်းမံခြင်း၊ မြေပြုပြင်ခြင်း၊ နေရာ ရှုခင်းဆောင်ရွက်ခြင်းနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်း များ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
စနစ်တကျပြင်ဆင်ထိန်းသိမ်း
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟာပါသာဏလိုဏ်ဂူသည် သမိုင်းဝင်သာသနာ့ အဆောက်အဦဖြစ်သဖြင့် လိုဏ်ဂူတော်ပြင်ဆင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျပြင်ဆင် ထိန်းသိမ်းရန်လိုအပ်ပြီး ရေအသုံးချနိုင်မှုနှင့် မီးစနစ် များ စနစ်တကျရှိရန်လိုကြောင်း၊ ယခုပြီးစီးမှုအခြေ အနေများကိုလည်း မိုးကာလအတွင်း ကြည့်ရှု၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ ဟံသာသီရိကုန်းမြေရှိ သာသနိကအဆောက်အဦ ကျောင်းဆောင်များ ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့စေရေး စနစ် တကျ ဆောင်ရွက်ရန်နှင့် ဆရာတော်ကြီးများ စိတ်အေးချမ်းသာစွာဖြင့် သီတင်းသုံးနိုင်ရန်လိုကြောင်း၊ အဆောက်အဦများ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးချိန်မှသာလျှင် လမ်းများအဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန်လိုပြီး ရေစီးရေလာကောင်းမွန်ရန်နှင့် လမ်းပခုံးများကို စနစ်တကျ ဆောင်ရွက်ထားရှိမှသာ လမ်း၏ကြံ့ခိုင်မှု ကို ရေရှည်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း မှာကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လိုဏ်ဂူတော်ကြီး အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက် ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား၍ လိုဏ်ဂူတော် ကြီး၏ အပေါ်ဆုံးထပ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ သာသနိက အဆောက်အဦများ၊ ဟံသာသီရိကုန်းတော်ရှိ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ လာရောက်စဉ် ခေတ္တသီတင်းသုံးသည့် အဆောင် များနှင့် လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်မည့် အခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး
အဆိုပါ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးသည် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေပေါ်တွင် တည်ရှိပြီး ၁၉၅၃ ခုနှစ်တွင် ပန္နက်တော်တင် အုတ်မြစ်တော်စီခဲ့ကြောင်း၊ ဆောက်လုပ်ရေးအရာရှိ နှင့် လုပ်သားပေါင်း ၁၄၈၆ ဦးနှင့် လုပ်အားပေး ကုသိုလ်ရှင်ပေါင်း ၃၃ သိန်းကျော်တို့ ဖြင့် ဆောက်လုပ် ခဲ့ရာ ရက်ပေါင်း ၃၉၆ ရက် ကြာမြင့်ခဲ့ပြီး ၁၉၅၄ ခုနှစ် မေ ၁၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ လိုဏ်ဂူတော်ကြီးအတွင်း သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာ တင်ခြင်းကို ထေရဝါဒဗုဒ္ဓဘာသာ ငါးနိုင်ငံမှ သံဃာ တော် အပါး ၂၅၀၀ ဖြင့် ၁၉၅၄ ခုနှစ် မေ ၁၇ ရက်မှ ၁၉၅၆ ခုနှစ် မေ ၂၂ ရက်အထိ ၂ နှစ်နှင့် ၅ ရက် တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခြားသော ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အခမ်းအနားကြီး များကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ယခုအခါ လိုဏ်ဂူတော်ကြီး၏ သက်တမ်းမှာ ၆၈ နှစ် ရှိပြီဖြစ်ပြီး ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာသဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၈ ရက်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက် စစ်ဆေးစဉ် အကြီးစားပြင်ဆင်မွမ်းမံခြင်းများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရှိရသဖြင့် အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ရာ ယခုအခါ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်