စားသောက်ကုန်ဈေးမြင့်၍ နိုင်ငံအသီးသီး၏ ပို့ကုန်ကန့်သတ်ချက်များ မြင့်တက်

 

 

ကင်ဘာရာ   မေ   ၂၆


ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်းများ စံချိန်တင်မြင့်မား လာခြင်း၊ စွမ်းအင်နှင့် ဓာတ်မြေသြဇာကုန်ကျစရိတ် များ  မြင့်တက်လာခြင်းနှင့်    ရုရှား-ယူကရိန်း ပဋိပက္ခတို့ကြောင့် နိုင်ငံအချို့သည် အစားအစာ တင်ပို့မှု  ကန့်သတ်ချက်များ   ပြုလုပ်လာကြပြီး မေလလယ်တွင်  အစားအစာနှင့် ဓာတ်မြေသြဇာ ထုတ်ကုန်များအပေါ် တင်ပို့မှုကန့်သတ်ပြုလုပ်ထား သည့် နိုင်ငံပေါင်း ၂၃ နိုင်ငံရှိလာကြောင်း   နိုင်ငံ တကာ   စားနပ်ရိက္ခာမူဝါဒ သုတေသနအဖွဲ့အစည်း   (International Food Policy Research Institute- IFPRI) ၏ မှတ်တမ်းအရ သိရသည်။

 


ကန့်သတ်ချက်များသည် ကုန်သွယ်မှုမှ အကျိုး အမြတ်များကို  လျော့စေနိုင်ပြီး   စားနပ်ရိက္ခာ ဈေးနှုန်းများလည်း ထပ်မံတိုးမြင့်လာစေနိုင်မည် ဖြစ်သည်။ ပို့ကုန်ကန့်သတ်ရေး   မူဝါဒများတွင် ပို့ကုန်ခွန်ကောက်ခံခြင်း၊ ပို့ကုန်လိုင်စင် ခွင့်ပြုချက် လိုအပ်ခြင်းနှင့် ပို့ကုန်တားမြစ်ခြင်းတို့ ပါဝင်သည်။ နိုင်ငံအများအပြားက    ကန့်သတ်ချက်များကို ကျင့်သုံးလာသည်နှင့်အမျှ ဈေးနှုန်း မတည်ငြိမ်မှု၊ ထိတ်လန့်တကြားဝယ်ယူမှု၊ ရှားပါးမှုနှင့် သိုလှောင်မှု တို့ ဖြစ်နိုင်ခြေပိုများလာနိုင်သည်။

 


ယနေ့အထိ ကမ္ဘာ့စျေးကွက်အပေါ် သက်ရောက် မှုအကြီးဆုံး အစားအစာတင်ပို့မှု ကန့်သတ်ချက် များမှာ အင်ဒိုနီးရှားက စားအုန်းဆီတင်ပို့မှုတား မြစ်ခြင်း၊ အိန္ဒိယက ဂျုံတင်ပို့မှု ထိန်းချုပ်ထားခြင်း၊ ရုရှားက  အစေ့အဆန်၊  ဆီထွက်သီးနှံများနှင့် သကြားတင်ပို့မှု ကန့်သတ်ထားခြင်းနှင့် ကာဇက် စတန်က ဂျုံနှင့်ဂျုံမှုန့်ကို ခွဲတမ်းဖြင့် တင်ပို့စေခြင်း တို့ဖြစ်ကြောင်း သိရသည်။