မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန် ပရီကာဆာ ဓာတုပစ္စည်း ထိန်းချုပ်ရေးကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်

 

နေပြည်တော်   မေ  ၂၆


(၆) ကြိမ်မြောက် အိန္ဒိယ-မြန်မာ  နှစ်နိုင်ငံ  မူးယစ်ဆေးဝါး  ပူးပေါင်း ထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့်  အစည်းအဝေးကို  ယနေ့ နံနက် ၁၁ နာရီခွဲတွင် အိန္ဒိယနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပရာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့  တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့  တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့သည်  နေပြည်တော် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး    အစည်းအဝေးခန်းမမှ    ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

 


အစည်းအဝေးတွင်     မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ်ဝင်းနိုင်က  ကမ္ဘာနှင့်အဝန်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေ သော ကာလတွင် ဒေသတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား မှုနှင့်    ထုတ်လုပ်မှုများအပေါ်   များစွာအကျိုးသက်ရောက်မှုမရှိဘဲ ရောင်းလိုအားနှင့်  ဝယ်လိုအားနှစ်မျိုးလုံး ခြိမ်းခြောက်ရင်ဆိုင်နေရဆဲဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာ ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ   နည်းလမ်းမျိုးစုံဖြင့်   ဘက်ပေါင်းစုံက တိုက်ဖျက်နိုင်ရေး   ဆောင်ရွက်လျက်ရှိပါကြောင်း၊    မူးယစ်ဆေးဝါး အန္တရာယ်သည်    လူ့အဖွဲ့အစည်း၊  လူ့အသိုင်းအဝိုင်း၏ ကျန်းမာရေး၊ လူမှုရေး၊ ဒေသတွင်း စီးပွားရေးအပေါ် ကြီးမားစွာ  ဆိုးကျိုးသက်ရောက် စေပြီး အစိုးရ၏အုပ်ချုပ်မှုယန္တရားလည်ပတ်မှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု တို့အတွက်လည်း ကြီးမားစွာထိခိုက်စေသည့် အဟန့်အတားကြီးတစ်ခု ဖြစ်နေပါကြောင်း၊ နိုင်ငံအားလုံးမှ  ရေရှည်လက်တွဲပူးပေါင်းဖြေရှင်း သွားရမည့် လုပ်ငန်းတာဝန်ကြီးတစ်ရပ်လည်းဖြစ်ပါကြောင်း။

 


မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ပရီကာဆာ  ဓာတု ပစ္စည်းများမှာ   တရားမဝင်   နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်လာမှုများ ကြောင့် ဒေသတွင်း  လူလုပ်ဆေးဝါး (Synthetic Drugs) ထုတ်လုပ်မှုများ ဆက်လက်မြင့်မားလျက်ရှိပါကြောင်း၊     ဈေးနှုန်းသက်သာပြီး အရည် အသွေး  ပိုမိုကောင်းမွန်လာသော လူလုပ်ဆေးဝါးအသစ်များ ပေါ်ထွက် နေသည့်အပြင် နည်းပညာတိုးတက်လာမှုနှင့်အတူ  ဒေသတွင်း၊ ဒေသ အပြင်ဘက်ရှိ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများ၏ ပါဝင်ပတ်သက်မှု၊ ဈေးကွက်ချဲ့ထွင်မှု၊   သယ်ဆောင်ရောင်းဝယ်မှုပုံစံ ပြောင်းလဲလာမှုတို့ ကြောင့်   မူးယစ်ဆေးဝါးပြဿနာ   ဆက်လက်ကြီးထွားနေဆဲဖြစ်ပါ ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန်မှာ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အဓိကမရှိမဖြစ်လိုအပ်သည့်   ပရီကာဆာ ဓာတုပစ္စည်း ထိန်းချုပ်ရေးကို ဦးစားပေးဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ ပရီကာဆာ ဓာတုပစ္စည်းများ ထိန်းချုပ်နိုင်ရေးအတွက် အိမ်နီးနားချင်း နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏  အတူလက်တွဲပူးပေါင်းဆောင် ရွက်မှုတို့ဖြင့် အောင်မြင်မှုရလဒ်ကောင်းများ ရရှိမည်ဟုလည်း ယုံကြည် ပါကြောင်း ဆွေးနွေးပြောကြားသည်။ 

 


အစည်းအဝေးသို့  အိန္ဒိယနိုင်ငံ  မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) မှ ညွှန်ကြားရေးမှူးချုပ် Mr. Satya Narayan Pradhan ဦးဆောင်သည့်    ကိုယ်စားလှယ်များ   တက်ရောက်ခဲ့ပြီး    နှစ်နိုင်ငံ ကိုယ်စားလှယ်များမှ    လတ်တလော    မူးယစ်ဆေးဝါးအခြေအနေ၊ ဒေသတွင်းဘိန်းဖြူသယ်ဆောင်ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါးများနှင့် စိတ်ပြောင်းဆေးဝါးများ၊  တရားမဝင်ထုတ်လုပ်သည့် စက်ရုံများနှင့် လျှို့ဝှက်ဓာတ်ခွဲခန်းများ၊ မက်သ်အဖက်တမင်း သယ်ဆောင် ရောင်းဝယ် ခြင်း၊  နယ်စပ်ဒေသများတွင်  ဘိန်းပင်နှင့် ဆေးခြောက်ပင်  တရားမဝင် စိုက်ပျိုးခြင်းတို့နှင့်ပတ်သက်၍ သတင်းအချက်အလက်  ဖလှယ်ခြင်း ဆိုင်ရာကိစ္စရပ်များ၊  (၇) ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်  ကျင်းပနိုင်ရေးဆိုင်ရာကိစ္စရပ်များကို   ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ 


သတင်းစဉ်