
နေပြည်တော် မေ ၂၅
နိုင်ငံ့ဝန်ထမ်းများကို အရည်အချင်းပြည့်ဝပြီး ဘာသာရပ်အလိုက် ကျွမ်းကျင်သည့်ဝန်ထမ်းကောင်းများ ဖြစ်စေရန်အတွက် ပြည်ထောင်စု ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများကို ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များ၌ ဘွဲ့လွန်ပညာရပ်များ သင်ကြားနိုင်ရန် စိစစ်ရွေးချယ် စေလွှတ် တက်ရောက်စေလျက်ရှိသည်။
ထိုသို့ ပြည်ပနိုင်ငံများသို့ ပညာသင် သွားရောက်ခဲ့ကြပြီး ပြန်လည် ရောက်ရှိလာသော ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေရန် ပညာသင်အတွေ့အကြုံ ရှင်းလင်း ဆွေးနွေးပွဲ တတိယပတ်အစီအစဉ် ကို နံနက်ပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို လှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ဦးစီးဌာနအသီးသီး မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြ သည်။
အခမ်းအနားတွင် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်မှ ချမှတ် ထားသည့် နိုင်ငံခြားရေးမူဝါဒနှင့် အညီ နိုင်ငံ့အကျိုးသယ်ပိုးရာတွင် သံတမန်များသည် ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သည့် သံတမန် များအဖြစ် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်၊ နိုင်ငံ့အကျိုး ကို သယ်ပိုးနိုင်မည့် သားကောင်း တမန်များဖြစ်လာစေရန် ရည်ရွယ် ပြီး ပညာသင်များကို စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံတကာ အခြေအနေများအရ အင်အားကြီး နိုင်ငံများ၏ အားပြိုင်မှုများအကြား မိမိတို့နိုင်ငံ၏ အမျိုးသားရေး အကျိုးစီးပွားနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ကာကွယ် စောင့်ရှောက်ရာတွင် လည်း ကောင်း၊ နိုင်ငံခြားရေးမူဝါဒ ကို အကောင်အထည်ဖော်ရာတွင် လည်းကောင်း၊ ဝန်ထမ်းများ ရရှိလာသည့် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများကို အခြေခံ၍ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်သွားကြရန်ဖြစ် ကြောင်း၊ ပြည်ပရှိ မြန်မာသံရုံး များသို့ သွားရောက် တာဝန်ထမ်း ဆောင်ရသည့် အခါတွင်လည်း နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်များနှင့်အညီ တာဝန် ကျေပွန်အောင် ထမ်းဆောင်သွား ကြရန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန သည် ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ်များ မြှင့်တင်ရေး ကို ဆောင်ရွက်ပေးနေသကဲ့သို့ ဝန်ထမ်းများဘက်မှလည်း နိုင်ငံ့ အကျိုးပြုနိုင်စေရေး ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတကာမှရရှိသော မဟာဘွဲ့ များကို အောင်မြင်ပြီးမြောက် အောင် တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများကို ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဗြိတိန်နိုင်ငံ ရှက်ဖီးတက္ကသိုလ် (The Univer-sity of Sheffield) နှင့် ဂျပန်နိုင်ငံ ရစ်ဆုမိကန်တက္ကသိုလ် (Ritsu-meikan University)တို့မှ မဟာဘွဲ့ များရယူခဲ့သည့် အရာထမ်းများက ၎င်းတို့၏ ပညာသင်လျှောက်ထား မှုအတွေ့အကြုံများ၊ စိန်ခေါ်မှုများ နှင့် ပြုစုခဲ့သည့် စာတမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။ ယင်းနောက် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တက်ရောက်လာ သူများက သိရှိလိုသည်များ မေးမြန်းသည်။
ယင်းသို့ ပညာသင်များ၏ အတွေ့အကြုံများ ရှင်းလင်း ဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် ဝန်ထမ်းငယ်များ၏ အနာဂတ် အတွက် တစ်ဆင့်မြင့်ပညာရပ်များ အား သင်ကြားလိုသည့် တွန်းအား များရရှိခြင်း၊ မိမိတို့ စိတ်ဝင်စား ရာ ဘာသာရပ်များအား ပိုမိုထဲထဲဝင်ဝင်လေ့လာလိုစိတ်များ ဖြစ်ပေါ် လာစေခြင်းတို့ကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် ပြီး ဝန်ထမ်းများကိုယ်တိုင်အတွက် သာမက ဝန်ကြီးဌာနနှင့် နိုင်ငံတော်အတွက် များစွာအကျိုး ရှိစေသည်။
သတင်းစဉ်